Thursday, August 6, 2026

ငဝန်တာကြောင့်ရေကြီးမှု မြို့ပေါ်ရပ်ကွက်(၅)ခုနှင့် စုစုပေါင်း (၁၀၆)...

လေးမျက်နှာ၊ ဩဂုတ် ၆ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင် ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်း သဲကြောမှ ထူးပေါက်၍ တာတမံ နိမ့်ကျမှု ဖြစ်ပွားခဲ့ရာမှ မြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်းကျင်...

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြန်မာဆန်စပါးအွန်လိုင်း (My...

နေပြည်တော်၊ ဩဂုတ် ၆နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြန်မာဆန်စပါးအွန်လိုင်း (My RO) စနစ်တွင် မှတ်ပုံတင်ထားသည့် ဆန်စပါးသိုလှောင်ရုံစုစုပေါင်း ၅,၇၉၂ လုံးရှိလာပြီဖြစ်ကြောင်း...

အပူလှိုင်းအန္တရာယ်ကိုအစွမ်းကုန်တုန့်ပြန်ရန်သမ္မတလီ အမိန့်ပေး

လွန်ကဲသောရာသီဥတုဖြစ်စဉ်နှင့်ဆက်စပ်၍ သေဆုံးသူ ၂၀ ကျော်ရှိနေပြီဖြစ်သော တောင်ကိုရီးယားနိုင်ငံ၏ အပူလှိုင်းကျရောက်မှုသည် ကြာသပတေးနေ့၌ ဆိုးလ်မြို့တွင် အထွတ်အထိပ်သို့ ရောက်ရှိမည်ဟု မျှော်လင့်ရပြီး မြို့တော်တွင် အပူချိန်...

ဒေသတွင်း သံတမန်ရေးကြိုးပမ်းမှုများကြောင့် မြန်မာ့အရေး နိုင်ငံရေးနည်းလမ်းဖြင့်...

မြန်မာနိုင်ငံအတွင်း စစ်ရေးအခြေအနေ ပြောင်းလဲလာခြင်း၊ တပ်မတော်က နယ်မြေအချို့ကို ပြန်လည်ထိန်းချုပ်လာနိုင်ခြင်းနှင့် ဒေသတွင်းနိုင်ငံများ၏ သံတမန်ရေးကြိုးပမ်းမှုများကြောင့် ငါးနှစ်ကျော်ကြာမြင့်နေသည့် မြန်မာ့အရေးကို နိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းစွာဆွေးနွေးဖြေရှင်းနိုင်မည့် အခွင့်အလမ်းသစ်တစ်ရပ်...
HomeNewsLocal Newsဦးတီခွန်မြတ် မူလရာထူးအတိုင်းဆက်လက်တာဝန်ထမ်းဆောင်လျှက်ရှိ

ဦးတီခွန်မြတ် မူလရာထူးအတိုင်းဆက်လက်တာဝန်ထမ်းဆောင်လျှက်ရှိ

(Unicode)

ဦးတီခွန်မြတ် မူလရာထူးအတိုင်းဆက်လက်တာဝန်ထမ်းဆောင်လျှက်ရှိ

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နာယကတာဝန်၊ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတာဝန်များအား ထမ်းဆောင်ခဲ့သည့် ဦးတီခွန်မြတ်သည် မူလရာထူးအတိုင်း ဆက်လက်တာဝန်ထမ်းဆောင်လျှက်ရှိနေသည်ဟု ယခုရက်ထဲ ထုတ်ပြန်လိုက်သော မြန်မာနိုင်ငံပြန်တမ်းပါ အမိန့်ကြော်ငြာစာတစ်ရပ်အရသိရသည်။

ပြည်ထောင်စုလွှတ်တော်ရုံး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် ကိုယ်တိုင်၂၀၂၁ခုနှစ် ဒီဇင်ဘာလ ၇ရက်က ထုတ်ပြန်ခဲ့သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုလွှတ်တော်ရုံး အမိန့်ကြော်ငြာစာအမှတ် (၁၃၇/၂၀၂၁)တွင် ပြည်ထောင်စုလွှတ်တော်ရုံးမှ အမြဲတမ်းအတွင်းဝန်/ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုး ၏ သက်ပြည့် အငြိမ်းစားယူရန် ကြိုတင်ပြင်ဆင်ခွင့် (၄) လ လျှောက်ထားလာခြင်းနှင့်စပ်လျဉ်း၍ နိုင်ငံ့ဝန်ထမ်းဥပဒေပုဒ်မ ၂၂၊ နည်းဥပဒေ ၈၁ နှင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီရုံး၏ခွင့်ပြုချက်တို့အရ တောင်းခံသည့် ခွင့်ကာလကို ငြင်းပယ်လိုက်ခဲ့မှုက ဦးတီခွန်မြတ် လွှတ်တော်တာဝန်များအား ဆက်လက်တာဝန်ထမ်းဆောင်နေခြင်းက ထင်ရှားလျှက်ရှိနေသည်။

ပြီးခဲ့သည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်နေ့ နိုင်ငံရေးအခင်းအကျင်းအပြောင်းအလဲဖြစ်ပြီးနောက် လွှတ်တော်ဥက္ကဋ္ဌဦးတီခွန်မြတ်နှင့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူတို့ အဖမ်းမခံရကြောင်း ၂၀၂၁ စက်တင်ဘာလအတွင်းက နစကပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကိုယ်တိုင် ပြောဆိုထားခဲ့ပြီးဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ပုဒ်မ ၁၁၃(က)အရ နောက်တစ်ကြိမ်ပြည်သူ့လွှတ်တော်သက်တမ်း ပထမအစည်းအဝေးစတင်မကျင်းပမီအချိန်အထိ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်ရမည်ဆိုသော အချက်အရ ဦးတီးခွတ်မြတ်မူလရာထူးအတိုင်း ဆက်လက် တာဝန်ထမ်းဆောင်နေခြင်းဖြစ်သည်ဟု သိရသည်။

(Zawgyi)

ဦးတီခြန္ျမတ္ မူလရာထူးအတိုင္းဆက္လက္တာဝန္ထမ္းေဆာင္လွ်က္ရွိ

ဒုတိယအႀကိမ္ ျပည္ေထာင္စုလႊတ္ေတာ္ နာယကတာဝန္၊ ဒုတိယအႀကိမ္ ျပည္သူ႔လႊတ္ေတာ္ဥကၠ႒တာဝန္မ်ားအား ထမ္းေဆာင္ခဲ့သည့္ ဦးတီခြန္ျမတ္သည္ မူလရာထူးအတိုင္း ဆက္လက္တာဝန္ထမ္းေဆာင္လွ်က္ရွိေနသည္ဟု ယခုရက္ထဲ ထုတ္ျပန္လိုက္ေသာ ျမန္မာႏိုင္ငံျပန္တမ္းပါ အမိန႔္ေၾကာ္ျငာစာတစ္ရပ္အရသိရသည္။

ျပည္ေထာင္စုလႊတ္ေတာ္႐ုံး ျပည္သူ႔လႊတ္ေတာ္ဥကၠ႒ ဦးတီခြန္ျမတ္ ကိုယ္တိုင္၂၀၂၁ခုႏွစ္ ဒီဇင္ဘာလ ၇ရက္က ထုတ္ျပန္ခဲ့ေသာ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္ ျပည္ေထာင္စုလႊတ္ေတာ္႐ုံး အမိန႔္ေၾကာ္ျငာစာအမွတ္ (၁၃၇/၂၀၂၁)တြင္ ျပည္ေထာင္စုလႊတ္ေတာ္႐ုံးမွ အၿမဲတမ္းအတြင္းဝန္/ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေက်ာ္စိုး ၏ သက္ျပည့္ အၿငိမ္းစားယူရန္ ႀကိဳတင္ျပင္ဆင္ခြင့္ (၄) လ ေလွ်ာက္ထားလာျခင္းႏွင့္စပ္လ်ဥ္း၍ ႏိုင္ငံ့ဝန္ထမ္းဥပေဒပုဒ္မ ၂၂၊ နည္းဥပေဒ ၈၁ ႏွင့္ ႏိုင္ငံေတာ္စီမံ အုပ္ခ်ဳပ္ေရးေကာင္စီ႐ုံး၏ခြင့္ျပဳခ်က္တို႔အရ ေတာင္းခံသည့္ ခြင့္ကာလကို ျငင္းပယ္လိုက္ခဲ့မႈက ဦးတီခြန္ျမတ္ လႊတ္ေတာ္တာဝန္မ်ားအား ဆက္လက္တာဝန္ထမ္းေဆာင္ေနျခင္းက ထင္ရွားလွ်က္ရွိေနသည္။

ၿပီးခဲ့သည့္ ၂၀၂၁ ေဖေဖာ္ဝါရီ ၁ရက္ေန႔ ႏိုင္ငံေရးအခင္းအက်င္းအေျပာင္းအလဲျဖစ္ၿပီးေနာက္ လႊတ္ေတာ္ဥကၠ႒ဦးတီခြန္ျမတ္ႏွင့္ ဒုတိယသမၼတ ဦးဟင္နရီဗန္ထီးယူတို႔ အဖမ္းမခံရေၾကာင္း ၂၀၂၁ စက္တင္ဘာလအတြင္းက နစကျပန္ၾကားေရးအဖြဲ႕ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကိုယ္တိုင္ ေျပာဆိုထားခဲ့ၿပီးျဖစ္သည္။

ဖြဲ႕စည္းပုံအေျခခံဥပေဒ ၂၀၀၈ပုဒ္မ ၁၁၃(က)အရ ေနာက္တစ္ႀကိမ္ျပည္သူ႔လႊတ္ေတာ္သက္တမ္း ပထမအစည္းအေဝးစတင္မက်င္းပမီအခ်ိန္အထိ ျပည္သူ႔လႊတ္ေတာ္ဥကၠ႒တာဝန္ကို ထမ္းေဆာင္ရမည္ဆိုေသာ အခ်က္အရ ဦးတီးခြတ္ျမတ္မူလရာထူးအတိုင္း ဆက္လက္ တာဝန္ထမ္းေဆာင္ေနျခင္းျဖစ္သည္ဟု သိရသည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071