အသင်းခေါင်းဆောင် ယဉ်လွန်းအိမ်က Free Kick ဦးဆောင်ဂိုးသွင်းယူနိုင်ထားသော်လည်း မြန်မာအမျိုးသမီးအသင်းမှာအုပ်စုတွင်း ဒုတိယပွဲစဉ်တွင်သရေရလဒ်ထွက်ပေါ်ခဲ့သည်။
ယနေ့ ဩဂုတ် ၈ ရက် ညနေ ၄နာရီအချိန် ၌ အာရှအမျိုးသမီး ယူ၂၀ ခြေစစ်ပွဲစဉ်ကို မြန်မာအသင်းနှင့် အင်ဒိုနီးရှားအသင်းတို့ ယှဉ်ပြိုင်ကစားရာ ပြီးဆုံးချိန်တွင် ( ၂)ဂိုးစီဖြင့် သရေရလဒ်ထွက်ပေါ်ခဲ့သည်။
ပွဲစဉ်ပထမပိုင်း ၃၉ မိနစ်တွင် အသင်းခေါင်းတောင် ယဉ်လွန်းအိမ်က ဦးဆောင်ဂိုး ၁ဂိုး သွင်းယူခဲ့ပြီး၊ ဒုတိယပိုင်းပွဲချိန် ၅၅ မိနစ်တွင် နိုင်နိုင်ဝင်းက ဒုတိယဂိုးထပ်မံသွင်းယူခဲ့သည်။
ထို့နောက် ပွဲချိန် မိနစ် ၆၈ မိနစ်တွင် Maylin Dewi နှင့် ပွဲချိန် ၇၂ မိနစ်တွင်
Jazlyn တို့က ချေပဂိုးများသွင်းယူခဲ့သည်။
ယနေ့တွင် ကွင်းအတွင်းလာရောက်အားပေးသည့် မြန်မာပရိတ်သတ်များ ပြားခဲ့သော်လည်း ပရိတ်သတ်၏ နိုင်မျဉ်းဆန္ဒကို မြန်မာအမျိုးသမီးအသင်းက ဖြည့်စွမ်းနိုင်ခဲ့ခြင်းမရှိခဲ့ပေ။
ပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပနေခြင်းဖြစ်ပြီး၊ ရန်ကုန်မြို့သုဝဏ္ဏအားကစားကွင်းအတွင်း ယှဉ် ပြိုင်နေခြင်းဖြစ်ကာ မြန်မာအသင်းအ နေဖြင့် အုပ်စုနောက်ဆုံးပွဲစဉ်ကို ဩဂုတ် ၁၀ ရက်၌ အိန္ဒိယအမျိုးသမီးအသင်းဖြင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
