Friday, June 6, 2025

(၁၃)ကြိမ်မြောက် သီတဂူစက္ခုဒါနဆေးရုံတွင် မျက်စိကုသလိုသူများ စာရင်းပေးနိုင်ပြီ

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်အတွင်းရှိ သီတဂူစက္ခုဒါနဆေးရုံ(ရန်ကုန်)၏ (၁၃)ကြိမ်မြောက် မျက်စိဝေဒနာရှင်များအား ကုသပေးမည်ဖြစ်ရာ ကုသလိုသူများ စာရင်းလာရောက်ပေးနိုင်ကြောင်း ယနေ့တွင် အသိပေးထားသည်။ မျက်စိကုသလိုသူများ စာရင်းပေးရာတွင် ဇွန်...

ပြည်တွင်း စက်သုံးဆီဈေးနှုန်းများ ကျရိပ်ပြနေ

ရန်ကုန်အထိုင် စက်သုံးဆီဈေးနှုန်းများ ကျရိပ်ပြနေကြောင်း စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီက ထုတ်ပြန်ထားသည့် ရည်ညွှန်းဈေးနှုန်းအရ သိရသည်။ ယခုတစ်ပါတ်အတွက် ရန်ကုန်အထိုင် စက်သုံးဆီဈေးနှုန်းများမှာ ၉၂...

ဘေရွတ်တောင်ပိုင်း ဆင်ခြေဖုံးဒေသတွေကို အစ္စရေးက ၁၇...

လက်ဘနွန်နိုင်ငံရဲ့ မြို့တော်ဘေရွတ်ရဲ့ တောင်ပိုင်းဆင်ခြေဖုံးဒေသတွေကို အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က ၁၇ ကြိမ်ထက်မနည်း ဗုံးကြဲတို-က်ခို-က်ခဲ့တယ်လို့ Al Jazeera သတင်းဌာနက ဖော်ပြပါတယ်။ အဆိုပါသတင်းအရ...

အမေရိကန်နိုင်ငံသားတွေကို ဗီဇာထုတ်ပေးခြင်း ဆိုင်းငံ့ကြောင်း ချဒ်နိုင်ငံက...

ချဒ်နိုင်ငံသားတွေ အမေရိကန်ကို လာရောက်လည်ပတ်ခွင့် ပိ-တ်ပင်တဲ့ ထရမ့်အစိုးရရဲ့ ဆုံးဖြတ်ချက်ကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်နိုင်ငံသားတွေကို ဗီဇာထုတ်ပေးခြင်း ဆိုင်းငံ့မယ်လို့ ချဒ်သမ္မတ မာဟာမက် အီဒရစ်...
HomeNewsLocal Newsဦးကိုကိုကြီး ဦးဆောင်သည့် ပြည်သူ့ပါတီနှင့်...

ဦးကိုကိုကြီး ဦးဆောင်သည့် ပြည်သူ့ပါတီနှင့် မအူပင် ဦးစိန်ဝင်း၏ NUDP ပါတီတို့ ပူးပေါင်းမည်

ဦးကိုကိုကြီး ဦးဆောင်သည့် ပြည်သူ့ပါတီနှင့် မအူပင် ဦးစိန်ဝင်း ဦးဆောင်သည့် NUDP ပါတီတို့ နှစ်ပါတီ ပူးပေါင်းမှု လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ (၂)ပါတီ ပူးပေါင်းမည့် ကိစ္စနှင့်ပတ်သက်၍ NUDP ပါတီ ဥက္ကဋ္ဌ ဦးစိန်ဝင်းက ယမန်နေ့ ဖေဖေါ်ဝါရီ (၂၅) ရက် ညပိုင်းတွင် ၎င်း၏ လူမှုကွန်ရက်မှတဆင့် ထုတ်ဖော်ပြောကြားလာခြင်းဖြစ်သည်။

“မြန်မာနိုင်ငံ နှစ်ဆယ့်တစ်ရာစုမှာ NUDP ပါတီနှင့် PP ပြည်သူ့ပါတီတို့ ပါတီနှစ်ခုပူးပေါင်းတာ ပထမဆုံးဖြစ်သလို နိုင်ငံနဲ့ ပြည်သူ့အကျိုးအတွက် စွမ်းအားသစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သစ္စာဓိဌာန်ပြုပါသည်” ဟု ဦးစိန်ဝင်းက ၎င်း၏ လူမှုကွန်ရက်မှတဆင့် အသိပေးပြောကြားခဲ့ခြင်း ဖြစ်သည်။

၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းတွင် အသစ်ပြဌာန်းလိုက်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်အရ ယခင်က ပြည်ထောင်စုအဆင့် ရပ်တည်ခဲ့သည့် ပါတီငယ်များအနေဖြင့် ဆက်လက်ရပ်တည်နိုင်ရန် အကြပ်အတည်းနှင့် ရင်ဆိုင်နေရချိန်တွင် (၂) ပါတီ ပူးပေါင်းရေးကိစ္စအား တရားဝင် ထုတ်ဖော်ပြောဆိုလာခြင်းလည်း ဖြစ်သည်။

အဆိုပါ ပါတီပူးပေါင်းရေးကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်သူများထံ ပေါ်ပြူလာနယူး(စ်) မှ ဆက်သွယ်မေးမြန်းခဲ့သော်လည်း လာမည့် ဖေဖေါ်ဝါရီ (၂၈) ရက်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ တရားဝင် ပြောကြားသွားမည်ဖြစ်သည့်အတွက်လက်ရှိတွင် မဖြေကြားနိုင်သေးကြောင်းသာ ပြန်လည်ပြောကြားခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်းက မအူပင်ဦးစိန်ဝင်းနှင့် ပေါ်ပြူလာနယူး(စ်)၏ အင်တာဗျူးတစ်ခုတွင် ၎င်း၏ ပါတီအနေဖြင့် ရင်ဘတ်ချင်းတူသူများနှင့် ပူးပေါင်းသွားရန် ပြောကြားထားပြီး အလွယ်ကူဆုံးနည်းလမ်းဖြင့် ပူးပေါင်းသွားမည်ဟု ပြောကြားထားသည်။

အသစ်ပြဌာန်းလိုက်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ ယခင်ရှိပြီးသား ပါတီများအနေဖြင့် (၂) လအတွင်း မှတ်ပုံပြန်မတင်ပါက နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျှောက် ပျက်ပြယ်မည်ဖြစ်ကြောင်း ပြဌာန်းထားပြီး လက်ရှိတွင် ပါတီအချို့မှာ ပါတီမှတ်ပုံတင် ပြန် လည်လျှောက်ထားမှုများလည်း ရှိနေသည်။

အဆိုပါ ၂၀၂၃ ခုနှစ် နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း ဥပဒေအရ ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးလှုပ်ရှားမည့် ပါတီများအနေဖြင့် ပါတီဝင် အင်အား (၁) သိန်း စည်းရုံးရမည်ဖြစ်ပြီး ပြည်ထောင်စုတဝန်းလုံးရှိ မဲဆန္ဒန ယယ် အားလုံး၏ ထက်ဝက်တွင် ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း ပြဌာန်းထားခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဇန်နဝါရီ (၃၁) ရက်က ထုတ်ပြန်ခဲ့သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေအရ ပါတီ (၂) ခုသို့မဟုတ် (၂) ခုထက်ပိုသော ပါတီများအနေဖြင့် ပူးပေါ င်းကာ ပါတီတစ်ခုအနေဖြင့် ရပ်တည်နိုင်ကြောင်း ပြဌာန်းထားပြီး ဖြစ်သည်။

ယခု ပြည်သူ့ပါတီနှင့် NUDP ပါတီ ပူးပေါင်းမှု ပတ်သက်၍ ဖေဖေါ်ဝါရီ (၂၇) ရက်နှင့် (၂၈) ရက်တို့တွင် ဆွေးနွေးမှုများ လုပ်ဆောင်သွားမည်ဖြစ်ပြီး (၂၈) ရက် မွန်းလွဲပိုင်းတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

(၁၃)ကြိမ်မြောက် သီတဂူစက္ခုဒါနဆေးရုံတွင် မျက်စိကုသလိုသူများ စာရင်းပေးနိုင်ပြီ

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်အတွင်းရှိ သီတဂူစက္ခုဒါနဆေးရုံ(ရန်ကုန်)၏ (၁၃)ကြိမ်မြောက် မျက်စိဝေဒနာရှင်များအား ကုသပေးမည်ဖြစ်ရာ ကုသလိုသူများ စာရင်းလာရောက်ပေးနိုင်ကြောင်း ယနေ့တွင် အသိပေးထားသည်။ မျက်စိကုသလိုသူများ စာရင်းပေးရာတွင် ဇွန် (၂၀) ရက် နံန က် (၇) နာရီမှစ၍ ကိုယ်တိုင် (သို့မဟုတ်) ကိုယ်စား စာရင်းလာရောက်ပေးသွင်းနိုင်‌ကြောင်း သိရသည်။ "သတင်းကောင်းပေးပါသည်။ သီတဂူစက္ခုဒါနဆေးရုံ (ရန်ကုန်)၏ (၁၃) ကြိမ်မြောက် မျက်စိအလင်းအလှူ စာရင်းပေးကာလကို အသိပေးပါသည်"ဟု အသိပေးထားသည်။ စာရင်းလာရောက်ပေးသွင်း လိုသူများအနေဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) စာကြည့်တိုက်ရုံးခန်း၊ ဘေလီတံတားအဆင်း၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့...

ပြည်တွင်း စက်သုံးဆီဈေးနှုန်းများ ကျရိပ်ပြနေ

ရန်ကုန်အထိုင် စက်သုံးဆီဈေးနှုန်းများ ကျရိပ်ပြနေကြောင်း စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီက ထုတ်ပြန်ထားသည့် ရည်ညွှန်းဈေးနှုန်းအရ သိရသည်။ ယခုတစ်ပါတ်အတွက် ရန်ကုန်အထိုင် စက်သုံးဆီဈေးနှုန်းများမှာ ၉၂ တစ်လီတာ (၂,၆၇၉)ကျပ်၊ ၉၅ တစ်လီတာ (၂,၇၂၇) ကျပ်၊ ရိုးရိုးဒီဇယ်က တစ်လီတာ (၂,၂၂၇) ကျပ်၊ ပရီမီယံဒီဇယ်က တစ်လီတာ (၂,၇၈၂) ကျပ်ဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့်တစ်ပါတ်တွင် ရန်ကုန်အထိုင် စက်သုံးဆီဈေးနှုန်းများမှာ ၉၂ တစ်လီတာ (၂,၈၅၅)ကျပ်၊ ၉၅ တစ်လီတာ (၂,၉၁၀) ကျပ်၊ ရိုးရိုးဒီဇယ်က တစ်လီတာ...

ဘေရွတ်တောင်ပိုင်း ဆင်ခြေဖုံးဒေသတွေကို အစ္စရေးက ၁၇ ကြိမ်ထက်မနည်း ဗုံးကြဲတို-က်ခို-က်

လက်ဘနွန်နိုင်ငံရဲ့ မြို့တော်ဘေရွတ်ရဲ့ တောင်ပိုင်းဆင်ခြေဖုံးဒေသတွေကို အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က ၁၇ ကြိမ်ထက်မနည်း ဗုံးကြဲတို-က်ခို-က်ခဲ့တယ်လို့ Al Jazeera သတင်းဌာနက ဖော်ပြပါတယ်။ အဆိုပါသတင်းအရ မြို့တော်ရဲ့ တောင်ဘက်အစွန်ရပ်ကွက်တွေကို တို-က်လေယာဉ်တွေနဲ့ ဒရုန်းတွေက တို-က်ခို-က်ခဲ့တာ ဖြစ်ပါတယ်။ လက်ဘနွန် LBCI ရုပ်သံဌာနကတော့ အစ္စရေးဟာတို-က်ရို-က်ပ-စ်ခ-တ်မှု ၆ ကြိမ်နဲ့ သတိပေးပစ်ခတ်မှု ၁၀ ကြိမ်ပြုလုပ်ခဲ့ပြီး ကျန်ရှိတဲ့ ပစ်ခတ်မှုတစ်ခုကတော့ ပေါ-က်ကွဲမှုမဖြစ်ခဲ့ဘူးလို့ ပြောကြားခဲ့ပါတယ်။ ဒီနေ့အစောပိုင်းမှာ IDF က သူတို့ရဲ့တို-က်ခို-က်မှုတွေဟာ ဘေရွတ်တောင်ပိုင်းဆင်ခြေဖုံး Dahieh မှာရှိတဲ့ ဟစ်ဇဘိုလာ လေကြောင်းယူနစ်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071