Tuesday, February 3, 2026

အကြမ်းဖက်အဖွဲ့ပစ်ခတ်သည့် လက်နက်ကြီးကျည် စာသင်ကျောင်းဝင်းအတွင်းကျရောက်ပေါက်ကွဲ ကျောင်းသားငယ်(၂)ဦးဒဏ်ရာရခဲ့မှု...

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင်းသို့ အကြမ်းဖက်အဖွဲ့ဝင်များမှ ယနေ့ ဖေဖော်ဝါရီ ၂ ရက်နံနက်ပိုင်းက လက် နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။ ထိုသို့ လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ရာ လက် နက်ကြီးကျည်များသည်...

ပြည်ထောင်စုဝန်ကြီးဦးဉာဏ်ထွန်းနှင့် ရုရှားနိုင်ငံ၊ စွမ်းအင်ဝန်ကြီးဌာန၊ ဒု-ဝန်ကြီးတို့တွေ့ဆုံလျှပ်စစ်ကဏ္ဍပူးပေါင်းဆောင်ရွက်နေသည့်...

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဥာဏ်ထွန်းနှင့် ရုရှားနိုင်ငံ၊ စွမ်းအင်ဝန်ကြီးဌာန၊ ဒု-ဝန်ကြီး H.E. Mr. Petr KONYUSHENKO တို့ ယနေ့ ဖေဖော်ဝါရီ ၂...

မြန်မာ-ရုရှားနှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနများကြား စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအစီအစဥ်ကို လက်မှတ်ရေးထိုး

မြန်မာ-ရုရှားနှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနများကြား စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအစီအစဥ်ကို ယနေ့ ဖေဖော်ဝါရီ ၂ ရက်က လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါ လက်မှတ်အား နှစ်နိုင်ငံ ဒု-ကာကွယ်ရေးဝန် ကြီးများဖြစ်သည့် ဗိုလ်ချုပ်အောင်မျိုးသန့်နှင့်...

အိန္ဒိယနိုင်ငံသံအမတ်ကြီး တာချီလိတ်ရှိ မြန်မာ-ထိုင်း-လာအိုနယ်စပ်ကုန်သွယ်ရေးဖွံ့ဖြိုးတိုးတက်မှုကိုလေ့လာ

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H. E. Mr. Shri Abhary Thakur သည် ဖေဖော်ဝါရီ ၁ ရက်က ရှမ်း...
HomeCultureဦးပဉ္စင်း ကိတ္တိသာရ (ခ)အကယ်ဒမီ...

ဦးပဉ္စင်း ကိတ္တိသာရ (ခ)အကယ်ဒမီ ကျော်ဟိန်းရဲ့ အသက် ၇၁နှစ် ပြည့်မွေးနေ့ အလှူအဖြစ် သက်ကြီး အနုပညာရှင်များနဲ့ လူကြမ်းသရုပ်ဆောင်များအတွက် ကျပ် သိန်း ၁၅ဝ မတည်လှူဒါန်း

ဦးပဉ္စင်းကိတ္တိသာရ(ခ)အကယ် ဒမီကျော်ဟိန်းရဲ့ အသက် ၇၁ နှစ် ပြည့် မွေးနေ့အလှူပွဲကို ဇူလိုင်လ ၉ ရက်နေ့က ရန်ကုန်မြို့၊ ဝင်္ကဘာ လမ်းပေါ်မှာရှိတဲ့ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှာ ကျင်းပ ပြုလုပ်ခဲ့ပါ တယ်။ မွေးနေ့အလှူအဖြစ် ဦးပဉ္စင်း ကိတ္တိသာရ (ခ) အကယ်ဒမီကျော် ဟိန်းရဲ့ မိသားစုဝင်များက သက်ကြီး အနုပညာရှင်များအတွက် အလှူငွေ ကျပ် ၇၅ သိန်းနဲ့ လူကြမ်းသရုပ် ဆောင်များအတွက် အလှူငွေကျပ် ၇၅ သိန်းစုစုပေါင်းကျပ်သိန်း ၁၅ဝကို ရာသက်ပန်ပဒေသာပင်အဖြစ် မတည်၍လှူဒါန်းခဲ့ပါတယ်။ အဆိုပါ မွေးနေ့အလှူပွဲမှာ ဦးပဉ္စင်းကိတ္တိ သာရ (ခ) အကယ်ဒမီ ကျော်ဟိန်း ကိုယ်တိုင်သူ့ရဲ့အတွေ့ အကြုံများ အပေါ် အခြေ ပြုရေးသား ထားတဲ့ စာအုပ်နှစ်မျိုးကို ရုပ်ရှင် လောက သားများအတွက် လှူဒါန်း ပေးအပ်ခဲ့ ရပါတယ်။ စာအုပ်တစ်မျိုးက သက်ကြီးပိုင်းတွေအတွက် ကျင့်ကြံ အားထုတ်မှုများနဲ့ သူ ကိုယ်တိုင်ဖြတ် သန်းခဲ့တဲ့ အိုခြင်း၊ နာခြင်းလောက သဘာဝနိယာမအကြောင်းတရား များကို ဖော်ပြထား တဲ့ စာအုပ်ဖြစ်ပြီး၊ နောက်စာအုပ်တစ်မျိုးကတော့ လူငယ် တွေအတွက် မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး သတိထားဆင်ခြင်နိုင်ဖို့ ရေးသားထားတဲ့စာအုပ်ပဲဖြစ်ပါတယ်။
အခုလိုလှူဒါန်းမှုများနဲ့ ပတ် သက်ပြီး ဦးပဉ္စင်း ကိတ္တိသာရ (ခ)အကယ်ဒမီ ကျော်ဟိန်းရဲ့ သားဖြစ်သူ ကိုနေဝင်းက…

”ဒီလ ၇ လပိုင်း ၁၄ ရက်နေ့ ဆိုရင် ဦးပဉ္စင်းကြီးက အသက် ၇၁ နှစ် ပြည့်ပါပြီ။ အဲဒါကြောင့် ဒီနေ့ ရက်မှာ ဦးပဉ္စင်းကြီးအတွက် မွေးနေ့ အလှူလေးပြုလုပ်တာပါ။ မွေးနေ့ အလှူအဖြစ် လှူဒါန်းတာကတော့ သက်ကြီး ရွယ်အိုသရုပ်ဆောင်တွေ အတွက် အလှူငွေကျပ် ၇၅ သိန်းနဲ့ လူကြမ်းသရုပ်ဆောင်တွေနဲ့ ကိုလူ ချောတို့ အဖွဲ့အတွက် ရန်ပုံငွေကျပ် ၇၅ သိန်း အားလုံးပေါင်း ကျပ်သိန်း ၁၅ဝ လှူဒါန်းတာပါ။ အရင်နှစ် မွေးနေ့တုန်းကလည်း ကိုလူချော တို့အဖွဲ့ကို လှူဒါန်းခဲ့တယ်။ ဒီနှစ် တော့ သက်ကြီးရွယ်အိုတွေအတွက်ပါ လှူဒါန်းသွားတာပါ။ နှစ်တိုင်းလိုလို အလှူလုပ်ဖြစ်တာကတော့ ဦးပဉ္စင်း ကြီးရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးတာပါ။ သူ့ မွေးနေ့ဆိုရင် သူက အလှူလုပ်ချင် တယ်။ ဦးပဉ္စင်းကြီးကတော့ တောင်း ဆိုတာတွေ ဘာတွေအများကြီးမရှိပါ ဘူး။ သူနဲ့တွေ့လို့ရှိရင် တိုင်ပင်ဖြစ် တယ်။ မွေးနေ့မှာ လုပ်ချင်တာလေး တွေတော့ သူတောင်းဆိုပါတယ်” လို့ ပြောပြခဲ့ပါတယ်။

၇၁ နှစ်ပြည့်မွေးနေ့မှာ ဦးပဉ္စင်း ကိုယ်တိုင်ရေးသားထားတဲ့ စာအုပ် များကို လှူဒါန်းဖြစ်ခဲ့တာနဲ့ပတ် သက်ပြီးတော့လည်း ဒေါ်သန်းနွယ် အေး(အန်တီမီးမီး)က…

”စာအုပ်နှစ်မျိုး လှူဒါန်းဖြစ် သွားကတော့ ဦးပဉ္စင်းကိတ္တိသာရ ကိုယ်တိုင်က လှူဒါန်းချင်နေတယ်။ ဦးပဉ္စင်းက ဒီစာအုပ်နှစ်အုပ်ကို ဒီ မွေးနေ့မှာ လှူဒါန်းချင်နေတယ် ဆို တော့စာအုပ်ထုတ်လုပ်ရေး ကုန်ကျ စရိတ်အားလုံးကိုပေါ်ပြူလာ ဂျာနယ် ရဲ့ CEO မကလျာက စာပေဒါန ကုသိုလ်ပြုလှူဒါန်းပေးခဲ့ပါတယ်။ ဒီမွေးနေ့မှာ ဒါလေးလှူလိုက်ချင်တယ် ဆိုတော့ ဒီလိုအမြန်ဆုံးလုပ်လိုက်ဖို့ဆိုတာက ကိုယ်တိုင်လည်း လုပ်လို့ မဖြစ်နိုင်ဘူးလေ။ အဲဒါကြောင့်မို့ ပေါ်ပြူလာဂျာနယ်ရဲ့ CEO မကလျာ ကိုလည်းကျေးဇူးတင်ပါတယ်”လို့ ပြောပြခဲ့ပါ တယ်။

လက်ရှိ သြစတြေးလျနိုင်ငံမှာ သီတင်းသုံးလျက်ရှိတဲ့ ဦးပဉ္စင်းကြီး ကိတ္တိသာရ(ခ)အကယ်ဒမီကျော်ဟိန်း ကတော့ ဇူလိုင်လ ၁၄ ရက်နေ့မှာ သက်တော် ၇၁ နှစ်ရှိပြီဖြစ်ပါတယ်။

ဇော်ဝင်းအောင်

ဓာတ်ပုံ-ဇေမင်း

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071