စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့တွင် ကျင်းပပြုလုပ်နေသည့် Seafood Expo Global ပြပွဲတွင် မြန်မာနိုင်ငံမှ မေယု ရေထွက်ကုန် လုပ်ငန်းကလည်း ပါဝင်ပြသနေသည်။
၁၉၉၀ ခုနှစ်မှစတင်ခဲ့သော မေယုရေထွက်ပစ္စည်း ထုတ်လုပ်၊တင်ပို့သည့်ကုမ္မဏီသည်
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ချီးမြှင့်သော အကောင်းဆုံး ပို့ကုန်တင်ပို့မှု (ပြည်ပကုန်သွယ်မှု) ပထမဆု (၇ နှစ်ဆက်တိုက်)
ရရှိထားသည်။
မြန်မာနိုင်ငံ၏ အကြီးမားဆုံးသော အအေးခန်းသိုလှောင်ရုံများထဲမှ တစ်ခုဖြစ်သည့်
တန်ချိန် ၄,၀၀၀ ဆံ့ အအေးခန်းစနစ်
ဖြင့် နိုင်ငံတကာဈေးကွက်များအတွက် အရည်အသွေးကို စနစ်တကျ ထိန်းသိမ်းပြီး တင်ပို့လျက်ရှိနေသည့်ကုမ္မဏီလည်းဖြစ်သည်။
၄င်းတို့၏ လုပ်ငန်းစဉ်များသည်
ဥရောပစံချိန်စံညွှန်း (EU Standards) နှင့် HACCP
လက်မှတ်များ ရရှိထားသည်။
ပြပွဲသည်ဧပြီလ ၂၁ ရက်မှ ၂၃ ရက်အထိစပိန်နိုင်ငံ၊ ဘာစီလိုနာမြို့၊ Fira Barcelona Gran Via တွင်ကျင်းပနေခြင်းဖြစ်ပြီး မြန်မာ့ရေထွက်ကုန်များကို ကြည့်ရှု့လေ့လာနိုင်မည်ဖြစ်သည်။
