ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကတိုက်ခတ်ခဲ့သော မုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေပြည်တော်၊ တပ်ကုန်းမြို့နယ်ရှိ နေရာအချို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့သည်။
ထိုသို့ ဖြစ်ပေါ်ခဲ့ပြီးနောက် လက်ရှိအချိန်၌ ရေများပြန်လည်ကျဆင်းသွားသဖြင့် တပ်ကုန်းမြို့နယ်မီး သတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများပူးပေါင်း၍ ယနေ့ စက်တင်ဘာ ၂ ရက်နံနက်ပိုင်းမှစတင်ကာ တပ်ကုန်းမြို့၊ အနော်ရထာရပ်ကွက်ရှိ အ.လ.က(ရွာသစ်)ကျောင်းဝန်းအတွင်းတင်ကျန်ခဲ့သော ရွှံ့နွံများကိုဖယ်ရှားရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။
