တရုတ်နိုင်ငံသို့ အေးခဲအသားအပါအဝင် တိရစ္ဆာန်အသား (အမဲသား)များ တင်ပို့ခွင့်ရရှိရေး မြန်မာ – တရုတ်နှစ်နိုင်ငံဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးသည် တရုတ်နိုင်ငံ၊ အကောက်ခွန်အထွေထွေ စီမံအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့၏ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဌာန၊ ညွှန်ကြားရေးမှူးချုပ် Ms. Guo Xueyan နှင့် ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ တွေ့ဆုံဆွေးနွေးစဉ် နှစ်နိုင်ငံကြား အေးခဲအသားအပါအဝင် တိရစ္ဆာန်အသား (အမဲသား)များ တရုတ်နိုင်ငံသို့ တင်ပို့ခွင့် ရရှိရေးကိစ္စ၊ မြန်မာနိုင်ငံမှ စိုက်ပျိုးရေးနှင့် ရေထွက်ကုန်ပစ္စည်းများ တင်ပို့ခွင့် ရရှိရေးကိစ္စ၊ အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းများ၏ ထုတ်ကုန်များနှင့် အလှကုန်ပစ္စည်း (ရေမွှေး၊ ခေါင်းလျှော်ရည်)များအား တရုတ်နိုင်ငံသို့ တင်ပို့နိုင်ရေးကိစ္စများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။