Sunday, March 8, 2026

ဓာတ်အားစနစ်အတွင်းယာယီအပြစ်ဖြစ်၍မီးပျက်နေ

ဓာတ်အားစနစ်အတွင်း ယနေ့ မတ် ၈ ရက်မွန်းတည့် ၁၂ နာရီ ၅၂ မိနစ်ခန့်က ယာယီအပြစ်ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC) က အသိပေးခဲ့သည်။ ထိုသို့...

ကော့ကရိတ်မြို့၌ လျှပ်စစ်မီးပြန်လည်ရရှိရေးဆောင်ရွက်နေမှု (၈၃) ရာခိုင်နှုန်းကျော်ပြီးစီး

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း၌ဖြစ်ပွားခဲ့သည့် စစ်ရေးပဋိပက္ခဖြစ်စဥ်များကြောင့် လျှပ်စစ် ဓာတ်အားလိုင်းများပျက်စီးမှုများဖြစ်ပေါ်ခဲ့၍ ပြန်လည်ပြင်ဆင်မှုများပြုလုပ်လျက်ရှိရာ လက်ရှိအချိန်၌ (၈၃) ရာခိုင်နှုန်းကျော်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။ စစ်ရေးပဋိပက္ခများကြောင့် ကော့ကရိတ်မြို့နယ်အတွင်းရှိ နေအိမ်များမီးလေ-ာင်ပျ-က်စီးခြင်း၊ လျှပ်စစ်မီးတိုင်နှင့်...

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား မင်းလှမြို့...

လာမည့် မတ် ၁၁ ရက်တွင်စတင်ကျင်းပမည့် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား မကွေးတိုင်း၊ မင်းလှမြို့နယ်မှ ကျောင်းသား၊ ကျောင်းသူ(၇၉၉)ဦးဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။ တက္ကသိုလ်ဝင်စာမေးပွဲအား ကျောင်းတွင်းဖြေအဖြစ်...

(၅) နှစ်အတွင်း ဆေးရုံအဆောက်အဦသစ် (၄၁)...

ကျန်းမာရေးကဏ္ဍ၏ အခြေခံအဆောက်အအုံများဖြည့်ဆည်းပေးနေမှုနှင့်ပတ်သက်၍ နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ မတ် ၇ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)...
HomeInternationalအော့စလိုမြို့ ရှိ အမေရိကန်သံရုံးတွင်...

အော့စလိုမြို့ ရှိ အမေရိကန်သံရုံးတွင် ပေါ-က်ကွဲမှုဖြစ်ပွား၊ အနည်းငယ်ထိခိုက်ပျ-က်စီးမှုရှိသော်လည်း ထိခိုက်ဒ-ဏ်ရာရသူမရှိဟု ရဲတပ်ဖွဲ့ပြောကြား

ယနေ့တနင်္ဂနွေနေ့အစောပိုင်းက အော့စလိုမြို့ရှိ အမေရိကန်သံရုံးတွင် ပေ-ါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး အနည်းငယ်ထိခိုက်ပျ-က်စီးမှုရှိသော်လည်း လူထိခိုက်ဒဏ်ရာရမှုမရှိကြောင်း နော်ဝေရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

နံနက် ၁ နာရီခန့်တွင် အော့စလိုမြို့အနောက်ပိုင်းရှိ သံရုံးဝင်းအနီးမှ ကျယ်လောင်သော ပေ-ါက်ကွဲသံကြီးတစ်သံကို ကြားခဲ့ရပြီး ယင်းနေရာမှ မီးခိုးများထွက်ပေါ်လာသည်ကို တွေ့မြင်ခဲ့ရကြောင်း မျက်မြင်သက်သေများက ဒေသတွင်းမီဒီယာများသို့ ပြောကြားခဲ့သည်။

“အမေရိကန်သံရုံးမှာ ပေ-ါက်ကွဲမှုဖြစ်ပွားခဲ့တာကို ကျနော်တို့ အတည်ပြုနိုင်ပါတယ်” ဟု ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ မီကာရယ် ဒယ်လမီယာက ပြည်သူ့ရုပ်သံလွှင့်ဌာန NRK သို့ ပြောကြားခဲ့ပြီး အဆိုပါပေါ-က်ကွဲမှုသည် ကောင်စစ်ဝန်ရုံးဝင်ပေါက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ပေ-ါက်ကွဲမှုကျူးလွန်သူများကို ရှာဖွေမှုများ ဆက်လက်လုပ်ဆောင်နေပြီး အဆိုပါနေရာတစ်ဝိုက်တွင် နောက်ထပ်ပေ-ါက်ကွဲစေတတ်သော ပစ္စည်းများကို မတွေ့ရကြောင်း ဒယ်လမီယာ က ပြောကြားခဲ့သည်။

“ရဲတပ်ဖွဲ့က သံရုံးနဲ့ ဆွေးနွေးပြောဆိုမှုတွေလုပ်နေပြီး ထိခိုက်ဒ-ဏ်ရာရသူရှိတယ်ဆိုတဲ့ သတင်းပေးပို့ချက်တွေတော့ မရှိသေးပါဘူး” ဟု အော့စလိုရဲတပ်ဖွဲ့က သီးခြားထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြထားသည်။

ပုံမှန်ရုံးချိန်ပြင်ပဖြစ်သောကြောင့် မှတ်ချက်ပေးရန် တောင်းဆိုမှုကို သံရုံးဘက်က ချက်ချင်းတုံ့ပြန်ခြင်း မရှိသေးပေ။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း မှတ်ချက်ပေးရန် တောင်းဆိုမှုကို ချက်ချင်းတုံ့ပြန်ခြင်း မရှိသေးပေ။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဓာတ်အားစနစ်အတွင်းယာယီအပြစ်ဖြစ်၍မီးပျက်နေ

ဓာတ်အားစနစ်အတွင်း ယနေ့ မတ် ၈ ရက်မွန်းတည့် ၁၂ နာရီ ၅၂ မိနစ်ခန့်က ယာယီအပြစ်ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC) က အသိပေးခဲ့သည်။ ထိုသို့ ဓာတ်အားစနစ်အတွင်း ယာယီအပြစ်ဖြစ်ပွားမှုကြောင့် လျှပ်စစ်ဓာတ်အားပြတ်တောက်နေသဖြင့် ဓာတ်အားပြန်လည်ရရှိရန် အချိန်နှင့်တစ်ပြေးညီ ကြိုး ပမ်းဆောင်ရွက်လျှက်ရှိသည်ဟု YESC ကအသိပေးထားသည်။                                                                 

ကော့ကရိတ်မြို့၌ လျှပ်စစ်မီးပြန်လည်ရရှိရေးဆောင်ရွက်နေမှု (၈၃) ရာခိုင်နှုန်းကျော်ပြီးစီး

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း၌ဖြစ်ပွားခဲ့သည့် စစ်ရေးပဋိပက္ခဖြစ်စဥ်များကြောင့် လျှပ်စစ် ဓာတ်အားလိုင်းများပျက်စီးမှုများဖြစ်ပေါ်ခဲ့၍ ပြန်လည်ပြင်ဆင်မှုများပြုလုပ်လျက်ရှိရာ လက်ရှိအချိန်၌ (၈၃) ရာခိုင်နှုန်းကျော်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။ စစ်ရေးပဋိပက္ခများကြောင့် ကော့ကရိတ်မြို့နယ်အတွင်းရှိ နေအိမ်များမီးလေ-ာင်ပျ-က်စီးခြင်း၊ လျှပ်စစ်မီးတိုင်နှင့် မီးကြိုးများပျ-က်စီးခြင်း၊ သစ်ပင်/သစ်ကိုင်းများပြိုလဲခြင်းများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ လက်ရှိအချိန်၌ စစ်ရေးပဋိပက္ခဖြစ်ပွားမှုမရှိတော့သဖြင့် ယာယီနေရပ်စွန့်ခွာနေရသူများပြန်လည်ဝင်ရောက် လာရာ လျှပ်စစ်မီးအဆင်ပြေစွာအသုံးပြုနိုင်ရန်  ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ပြည်နယ်ရန်ပုံငွေကျပ် (၅၄ ဒသ မ၂၀ဝ) သန်းဖြင့် ကော့ကရိတ်မြို့နယ်၊ တံတားကျိုးကျေးရွာရှိ စစ်ဆေးရေးဂိတ်ဝင်းအတွင်း၌ 11/11KV 1000 Transformer တည်ဆောက်ခြင်းနှင့် မီးကြိုးလိုင်းများရှင်းလင်းခြင်းတို့ကိုဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာ လက်ရှိအချိန်၌ လုပ်ငန်းအားလုံး၏ (၈၃...

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား မင်းလှမြို့ နယ်မှ ကျောင်းသား၊ ကျောင်းသူ(၇၉၉)ဦးဝင်ရောက်ဖြေဆိုမည်

လာမည့် မတ် ၁၁ ရက်တွင်စတင်ကျင်းပမည့် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား မကွေးတိုင်း၊ မင်းလှမြို့နယ်မှ ကျောင်းသား၊ ကျောင်းသူ(၇၉၉)ဦးဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။ တက္ကသိုလ်ဝင်စာမေးပွဲအား ကျောင်းတွင်းဖြေအဖြစ် ကျောင်းသား၊ ကျောင်းသူ(၅၉၃)ဦး၊ ပြင်ပဖြေအဖြစ် ကျောင်းသား၊ ကျောင်းသူ(၂၀၆)ဦး(စုစုပေါင်း ၇၉၉ ဦး)ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ ဝင်ရောက်ဖြေဆိုရန် မြို့နယ်အတွင်း၌ဖွင့်လှစ်မည့် စာစစ်ဌာနများ၌ စာမေးပွဲခန်းအတွင်းရှိ စာဖြေခုံများကောင်းမွန်မှုရှိ/မရှိ၊ စာမေးပွဲဖြေဆိုချိန်အတွင်း သန့်ရှင်းသောသောက်သုံးရေရရှိရေး၊ လျှပ်စစ်မီးမ ပြတ်တောက်စေရေး၊ လုံခြုံရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆောင်ရွက်ထားရှိမှုတို့ကို တာဝန် ရှိသူများမှ မတ် ၇ ရက်နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071