Monday, December 15, 2025

ဘရောင်းတက္ကသိုလ်ပ-စ်ခတ်မှုတွင် လူနှစ်ဦး‌ေ-သဆုံးခဲ့ကြောင်း ပရိုဗီဒင့်စ်မြို့တော်ဝန်ပြောကြား

အမေရိကန် ရုတ်ဒ်အိုင်းလန်းပြည်နယ်ရှိ ဘရောင်းတက္ကသိုလ် (Brown University) ကျောင်းဝင်းအတွင်း စနေနေ့တွင် ဖြစ်ပွားခဲ့သော ပ-စ်ခတ်မှု၌ လူနှစ်ဦး ‌ေ-သဆုံးခဲ့ကြောင်း ပရိုဗီဒင့်စ်မြို့တော်ဝန် Brett...

မက်ဆီ၏အိန္ဒိယခရီးစဉ် ရုပ်ပျ-က်ဆင်းပျ-က်ဖြစ်၊ ဒေါသထွက်နေသော ပရိသတ်များက...

အာဂျင်တီးနားဘောလုံးအကျော်အမော် လီယွန်နယ်မက်ဆီ၏ စနေနေ့က အိန္ဒိယခရီးစဉ်သည် ရုပ်ပျ-က်ဆင်းပျ-က်ဖြင့် စတင်ခဲ့ပြီး ပရိသတ်များက အရာဝတ္ထု့များနှင့် ပ-စ်ပေါက်ခြင်း၊ ထိုင်ခုံများကို ရို-က်ချိုးဖျ-က်ဆီးခြင်းနှင့် Salt Lake...

ထိုင်းနှင့် နယ်စပ်အဝင်အထွက်အားလုံးကို ကမ္ဘောဒီးယားကဆိုင်းငံ့

ထိုင်းနိုင်ငံနှင့် နယ်စပ်အဝင်အထွက်အားလုံးကို နောက်ထပ်ကြေညာချက် တစုံတရာမထုတ်ပြန်မချင်း ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ကမ္ဘောဒီးယားပြည်ထဲရေးဝန်ကြီးဌာနက စနေနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ အရပ်သားများ ‌ေ-သကြေထိခိုက်ခဲ့ပြီး လူနေဧရိယာများနှင့် အခြေခံအဆောက်အဦးများကို မခွဲခြားဘဲ...

မင်းလက်ပံဖြစ်စဉ်သည် KNU ၏ ဟန်ပြလုပ်ကွက်ဖြစ်ဟု...

"မင်းလက်ပံကိစ္စက KNU အနေနဲ့ အွန်လိုင်းလိမ်လည်မှုတွေကို သူတို့ကျူးလွန်ပြီးနောက်ပိုင်းမှာ အွန်လိုင်းလိမ်လည်မှုနဲ့ သူတို့မပတ်သက်ပါဘူးဆိုတာကို ပြချင်တဲ့လုပ်ကွက်တစ်ခုပဲဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွေကို အမြစ်ပြတ်အောင်ချေမှုန်းနေတဲ့အပေါ်မှာ အာရုံပြောင်းဖို့အတွက်ဖြစ်ပါတယ်။ သူတို့တွေဟာ...
HomeNewsLocal Newsအောင်မြင့်မိုရ်အိမ်ရာနှင့် သီလဝါအိမ်ရာမှ တိုက်ခန်းဈေးနှုန်းများကို...

အောင်မြင့်မိုရ်အိမ်ရာနှင့် သီလဝါအိမ်ရာမှ တိုက်ခန်းဈေးနှုန်းများကို ပြောင်းလဲသတ်မှတ်

အောင်မြင့်မိုရ်အိမ်ရာနှင့် သီလဝါအိမ်ရာတို့မှ ရောင်းချမည့် တိုက်ခန်းအရောင်းဈေးနှုန်းများကို ပြင်ဆင်သတ်မှတ်လိုက်ကြောင်း မြိုပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနကနေ အသိပေးကြေညာထားသည်။

ယင်းသို့ ပြင်ဆင်သတ်မှတ်ရခြင်းသည် ယခင် COVID – 19 ကုသရေးစင်တာအဖြစ်အသုံးပြုခဲ့ခြင်းကြောင့် ပြန်လည်ပြင်ဆင်ခဲ့ရသည့်အတွက် ကုန်ကျစရိတ်များတိုးမြင့်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခန်းများ၏ ပြင်ဆင်သတ်မှတ်ထားသည့် ရောင်းဈေးမှာ ယခင်ငွေကျပ် အများဆုံး (၅၅၆) သိန်း သတ်မှတ်ထားရာမှ ယခု ပြင်ဆင်သတ်မှတ်လိုက်သည့် အမြင့်ဆုံး ငွေကျပ်သိန်း (၆၁၂) သိန်းအထိတိုက်ခန်းတန်ဖိုးကို ပြင်ဆင်သတ်မှတ်ထားခြင်း ဖြစ်သည်။

ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ အောင်မြင့်မိုရ်အိမ်ရာစီမံကိန်းရှိ စတုရန်းပေ ၉၀၀/၁၃၀၀ ပေရှိ အခန်းတန်ဖိုးမှာ အမျိုးအစားနှင့် အထပ်အမြင့်ပေါ်မူတည်ကာ အဆိုပါစီမံကိန်း၏ ယခင်အခန်းဈေးနှုန်းမှာအများဆုံးကျပ် (၅၅၆) သိန်းမှ အနည်းဆုံး (၂၉၆) သိန်းဖြစ်ပြီး၊ ယခု ပြင်ဆင်လိုက်သည့် ဈေးနှုန်းမှာ အများဆုံး ကျပ် (၆၁၂)သိန်းမှ အနည်းဆုံး ကျပ် (၃၂၆) သိန်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် စတုရန်းပေ (၄၆၈) ပေရှိ အခန်းတန်ဖိုးမှာ ယခင်အမြင့်ဆုံးဈေးနှုန်း (၁၈၆) သိန်းမှ အနည်းဆုံး (၁၁၁) သိန်း သတ်မှတ်ထားရာမှ ယခု ပြင်ဆင်လိုက်သည့် ဈေးနှုန်းမှာ အများဆုံး ကျပ် (၂၁၆) သိန်းမှ အနည်းဆုံး ကျပ် (၁၂၂) သိန်း ဖြစ်ကြောင်း မြိုပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာနက ထုတ်ပြန်ထားသည်။

ထို့အပြင် သန်လျင်မြို့နယ် သီလဝါအိမ်ရာ စီမံကိန်းရှိ စတုရန်းပေ (၃၈၄) ပေရှိ အခန်းတန်ဖိုးမှာ အမျိုးအစားနှင့်အထပ်အမြင့်ပေါ် မူတည်ပြီး ယခင်အခန်း ဈေးနှုန်းမှာ အများဆုံး (၁၃၃)သိန်းမှ အနည်းဆုံး (၁၀၄) သိန်းဖြစ်သတ်မှတ်ထားရာမှ ယခု အများဆုံးကျပ် (၁၄၆)သိန်းမှ အနည်းဆုံးကျပ် (၁၁၄) သိန်း အဖြစ်သို့ ပြင်ဆင်သတ်မှတ်ထားကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဘရောင်းတက္ကသိုလ်ပ-စ်ခတ်မှုတွင် လူနှစ်ဦး‌ေ-သဆုံးခဲ့ကြောင်း ပရိုဗီဒင့်စ်မြို့တော်ဝန်ပြောကြား

အမေရိကန် ရုတ်ဒ်အိုင်းလန်းပြည်နယ်ရှိ ဘရောင်းတက္ကသိုလ် (Brown University) ကျောင်းဝင်းအတွင်း စနေနေ့တွင် ဖြစ်ပွားခဲ့သော ပ-စ်ခတ်မှု၌ လူနှစ်ဦး ‌ေ-သဆုံးခဲ့ကြောင်း ပရိုဗီဒင့်စ်မြို့တော်ဝန် Brett Smiley က ပြောကြားသည်။ "ယခုမွန်းလွဲပိုင်းတွင် လူနှစ်ဦး ‌ေ-သဆုံးသွားကြောင်းနှင့် နောက်ထပ် ရှစ်ဦးမှာလည်း အရေးပေါ်အခြေအနေတွင် ရှိနေကြောင်း ကျွန်ုပ် အတည်ပြုနိုင်သည်" ဟု Fox News မှ ထုတ်လွှင့်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် သူကပြောကြားခဲ့ခြင်းဖြစ်သည်။

မက်ဆီ၏အိန္ဒိယခရီးစဉ် ရုပ်ပျ-က်ဆင်းပျ-က်ဖြစ်၊ ဒေါသထွက်နေသော ပရိသတ်များက ကစားကွင်းကို ဖျ-က်ဆီး

အာဂျင်တီးနားဘောလုံးအကျော်အမော် လီယွန်နယ်မက်ဆီ၏ စနေနေ့က အိန္ဒိယခရီးစဉ်သည် ရုပ်ပျ-က်ဆင်းပျ-က်ဖြင့် စတင်ခဲ့ပြီး ပရိသတ်များက အရာဝတ္ထု့များနှင့် ပ-စ်ပေါက်ခြင်း၊ ထိုင်ခုံများကို ရို-က်ချိုးဖျ-က်ဆီးခြင်းနှင့် Salt Lake အားကစားကွင်း၏ ဘောလုံးကွင်းအတွင်းသို့ ကျူးကျော်ဝင်ရောက်ခြင်းများလုပ်ခဲ့ကြသည်။ လက်မှတ်ရောင်းချသော ယင်းပွဲအခမ်းအနားတွင် မက်ဆီသည် အချိန်ခဏသာရှိခဲ့သဖြင့် ယခုဖြစ်ရပ်များပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ ပွဲ၏ အဓိကစီစဉ်သူဖြစ်သော ဆာတာဒရူ ဒွတ်တာကို ရဲတပ်ဖွဲ့က ထိန်းသိမ်းထားကြောင်း အနောက်ဘင်ဂေါရဲတပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ် ရာဂျစ်ဗ် ကူးမားက ပြောကြားခဲ့သည်။ မက်ဆီသည် အားကစားကွင်းအတွင်း ၄၅ မိနစ်ကြာရှိနေရန် စီစဉ်ထားသော်လည်း သူသည်...

ထိုင်းနှင့် နယ်စပ်အဝင်အထွက်အားလုံးကို ကမ္ဘောဒီးယားကဆိုင်းငံ့

ထိုင်းနိုင်ငံနှင့် နယ်စပ်အဝင်အထွက်အားလုံးကို နောက်ထပ်ကြေညာချက် တစုံတရာမထုတ်ပြန်မချင်း ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ကမ္ဘောဒီးယားပြည်ထဲရေးဝန်ကြီးဌာနက စနေနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ အရပ်သားများ ‌ေ-သကြေထိခိုက်ခဲ့ပြီး လူနေဧရိယာများနှင့် အခြေခံအဆောက်အဦးများကို မခွဲခြားဘဲ ထိုင်းနိုင်ငံဘက်မှတို-က်ခိုက်ကာ ကမ္ဘောဒီးယားနိုင်ငံ၏ အချုပ်အခြာအာဏာကို ကျူးကျော်ရန်စသည့် လုပ်ရပ်များကြောင့် ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။ ဤကိစ္စနှင့်ပတ်သက်၍ ထိုင်းနိုင်ငံတွင် လက်ရှိနေထိုင် အလုပ်လုပ်ကိုင်နေသော ကမ္ဘောဒီးယားနိုင်ငံသားများအနေဖြင့် ပုံမှန်အတိုင်း ဆက်လက်နေထိုင်လုပ်ကိုင်ကြရန် အကြံပြုထားသည်။ အလားတူပင် ကမ္ဘောဒီးယားနိုင်ငံတွင် လက်ရှိနေထိုင် အလုပ်လုပ်ကိုင်နေသော ထိုင်းနိုင်ငံသားများအနေဖြင့်လည်း အပ-စ်အခတ်ရပ်စဲရေးရသည်အထိ ကမ္ဘောဒီးယားတွင် ပုံမှန်အတိုင်း ဆက်လက်နေထိုင်ရန်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071