(၄၉) ကြိမ်မြောက် ကျပ် ၁၀၀၀ တန်အောင်ဘာလေသိန်းဆုဖွင့်ပွဲအတွက် ထီစာအုပ် ၅၂၀၀၀၀ ကျော်ရောင်းချခဲ့ပြီး ယင်းမှ ၅ ဒသမ ၂ ဘီလီယံရရှိထားကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲမှ သိရသည်။
ဧပြီလ (၁) ရက်နေ့တွင် ကျင်းပမည့် (၄၉) ကြိမ်မြောက် ကျပ် ၁၀၀၀ တန်အောင်ဘာလေသိန်းဆုဖွင့်ပွဲအတွက် ထီလက်မှတ်များကို “က” အက္ခရာမှအစဉ်လိုက် “ဆ”အက္ခရာအထိစုစုပေါင်း အက္ခရာ (၇) လုံးတွင် ထီစာအုပ် ၅၂၁၄၃၀ အုပ်ရောင်းချခဲ့ခြင်းဖြစ်သည်။
အဆိုပါ ထီလက်မှတ်များရောင်းချရငွေမှာ ၅ ဒသမ ၂ ဘီလီယံ ဖြစ်သဖြင့် ၇၀ရာခိုင်နှုန်းခွဲဝေချီးမြှင့်ပေးမည့် ထီဆုငွေမှာ ၃ ဒသမ ၆ ဘီလီယံဖြစ်ကြောင်း သိရသည်။
ရောင်းရငွေ ၇၀ ရာခိုင်နှုန်းမှ ကျပ်သိန်း (၅၀၀၀) ဆု ၁ ဆု၊ ကျပ်သိန်း(၁၀၀၀) ဆု ၁ ဆုနှင့် ဆုတစ်ဆုချင်းစနစ်ဖြစ်သည့် ကျပ်သိန်း (၅၀၀) ၊ကျပ်သိန်း (၂၀၀)၊ ကျပ်သိန်း(၁၀၀)၊ ကျပ်သိန်း (၅၀) ၊ ကျပ်သိန်း(၂၀) ၊ ကျပ်သိန်း (၁၀) နှင့် ဝေဝေဆာဆာပဒေသာစုမဲများ ဖြစ်သည့် ကျပ် (၃) သိန်း၊ ကျပ် (၂) သိန်း၊ကျပ် (၁)သိန်း၊ကျပ် (၅) သောင်းနှင့် ကျပ် (၁) သောင်းဆုတို့ပါဝင်ကြောင်းသိရသည်။
ဘဏ္ဍာသိမ်းရငွေထဲမှ ကျပ် ၁၃၈ သန်းကျော်ကို ကျပ် (၁၀)သိန်း၊ ကျပ် (၃) သိန်း၊ ကျပ် (၂) သိန်း စုစုပေါင်း ဆုမဲအရေအတွက် ၁၁၅၃ ဆုကို ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။



