Friday, June 20, 2025

အီရန်ကို တို-က်မတို-က် နှစ်ပတ်အတွင်း ဆုံးဖြတ်မည်

တေရန်၏ နျူကလီးယားအစီအစဉ်များနှင့် ပတ်သက်ပြီး စေ့စပ်ညှိနှိုင်းမှုများကို အသစ်တဖန်ပြန်စနိုင်ရေးအတွက် အခွင့်အရေးပေးသည့်အနေဖြင့် အစ္စရေးနှင့် အီရန်ပဋိပက္ခတွင် အမေရိကန်စစ်တပ်က တို-က်ရို-က်ပါဝင်မည်လားဆိုသည်ကို နှစ်ပတ်အတွင်း သူဆုံးဖြတ်သွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ...

အာဏာသိမ်းနိုင်သည်ဟု စိုးရိမ်လာကြပြီးနောက် စည်းလုံးညီညွတ်ကြရန် ထိုင်းစစ်တပ်...

စစ်တပ်ကအာဏာသိမ်းနိုင်ခြေနှင့် ပတ်သက်၍ သုံးသပ်ပြောဆိုနေကြစဉ် ဒီမိုကရေစီနှင့် နိုင်ငံတော် အချုပ်အခြာအာဏာအတွက် ၎င်း၏ကတိကဝတ်ကို ထိုင်းစစ်တပ် အကြီးအကဲက ထပ်လေ-ာင်းအတည်ပြုခဲ့ပြီး ထိုင်းနိုင်ငံသားများအနေဖြင့် စည်းလုံးညီညွတ်ကြရန် တို-က်တွန်းလိုက်သည်။ နိုင်ငံတော်...

ကားကြီးတစ်စီးဖြ-တ်မောင်းစဥ် နမ့်ကော်တံတားကျိုးကျခဲ့

ရှမ်းပြည်နယ်၊ မိုင်းလုံ-ကျောက်မဲသွားကားလမ်းပေါ်ရှိ နမ့်ကော်တံတားသည် ယနေ့ ဇွန် ၂၀ ရက် နံနက်ပိုင်းက ကားကြီးတစ်စီးဖြတ်သန်းမောင်းနှင်စဥ် ကျိုးကျသွားခဲ့ကြောင်း သိရသည်။ အဆိုပါ နမ့်ကော်တံတားသည် ယခင်ကပင်...

ပုဂ္ဂလိကလုံခြုံရေးဝန်ထမ်း(၁၀)ဦးအထက် ခန့်အပ်လိုပါက ခွင့်ပြုမိန့် လျှောက်ထားရမည်

လုပ်ငန်းရှင်များအနေဖြင့် ပုဂ္ဂလိကလုံခြုံရေးဝန်ထမ်း (၁၀) ဦးအထက် ခန့်အပ်လိုပါက ခွင့်ပြုမိန့် လျှောက်ထားရမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။ ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှုဆိုင်ရာ ကြီးကြပ်ကွပ်ကဲရေး ဗဟိုကော်မတီအစည်းအဝေး အမှတ်စဉ်...
HomeNewsLocal Newsအောင်ဆန်းကွင်း ဂိတ်များမှ လူမဲ့တန်ဆာ...

အောင်ဆန်းကွင်း ဂိတ်များမှ လူမဲ့တန်ဆာ ပို့၍မရသော်လည်း မြို့တွင်းရှိ ဂိတ်ခွဲများမှ ပို့ဆောင်၍ရကြောင်း ခရီးသည်ပို့ဆောင်ရေးယာဥ်လိုင်းအချို့ပြော

အောင်ဆန်းကွင်း ဂိတ်များမှ လူမဲ့တန်ဆာ ပို့၍မရသော်လည်း မြို့တွင်းရှိ ဂိတ်ခွဲများမှ ပို့ဆောင်၍ရကြောင်း ခရီးသည်ပို့ဆောင်ရေးယာဥ်လိုင်းအချို့ပြော

ရန်ကုန်မြို့တွင်း အောင်ဆန်းအားကစားကွင်းပတ်လည်က ကားဂိတ်များတွင် လူမဲ့တန်ဆာ ပို့၍မရတော့သော် လည်း မြို့တွင်းရှိ ဂိတ်ခွဲများတွင် လူမဲ့တန်ဆာလက်ခံပေးကြောင်း အဝေးပြေး ယာဉ်လိုင်းအချို့မှ သိရသည်။

‌ဩဂုတ်လ(၄)ရက်မှ စတင်ကာ အောင်ဆန်းကွင်းဂိတ်များမှ တန်ဆာကုန်ပစ္စည်း ပို့ဆောင်ခြင်းကို ပိတ်လိုက်ကြောင်း သတင်းများထွက်ပေါ်နေမှုနှင့် ပတ်သက် ၍ စုံစမ်းမေးမြန်းစဉ် ယာဉ်လိုင်းတာဝန်ရှိသူအချို့က ပြန် လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

” အောင်ဆန်းကွင်းမှာတော့ ပို့လို့ မရတော့ဘူး ။ ဒါပေမဲ့ မြို့တွင်းက ဗိုလ်အောင်ကျော်လမ်းအထက်ဘ‌လောက်၊ အနော်ရထာလမ်းနဲ့ ဗိုလ်ချုပ်လမ်းအတွင်းမှာရှိတဲ့ ဂိတ်ခွဲတွေမှာ ပို့လို့ရပါတယ်။ ၀န်ထမ်းတွေလဲရှိပါတယ်၊ ဂိတ်ခွဲတစ်ခုဖွင့်ထားပါတယ်၊ အဲဒီမှာ လက်ခံပေးနေပါတယ်” ဟု အဝေးပြေး ယာဉ်လိုင်း တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိတွင် အောင်ဆန်းကွင်းရှိ ဂိတ်များ၌ လူစီး လက် မှတ်များ ရောင်းချပေးနေသေးပြီး ပစ္စည်း ပို့ခွင့်ကို မည်သည့်အချိန်ထိ ပိတ်ထားဦးမည်ကို မသိရှိသေးကြောင်းနှင့် မည်သည့်အတွက်ကြောင့် ယခုကဲ့သို့ ပစ္စည်းပို့ခွင့်ကို တားမြစ်သည်ကိုလည်း မသိရှိရကြောင်း အဆိုပါ ယာဉ်လိုင်း တာဝန်ရှိသူက ပြောသည်။

အတည်မပြုနိုင်သေးသည့် သတင်းများအရ အောင်ဆန်း အားကစားကွင်း အဆင့်မြှင့်တင်မှု လုပ်ငန်းများ လုပ် ဆောင်ရန်ရှိနေသည့်အတွက် ယခုလို ပိတ်ခိုင်းခြင်းဟု သတင်းများ ထွက်ပေါ်နေသော်လည်း တရားဝင် ထုတ်ပြန်ခြင်း မရှိသေးပေ။ အောင်ဆန်းကွင်းဂိတ် ပိတ်ခိုင်းခြင်းနှင့် ပတ်သတ်၍ မေးမြန်းရာ “ရေရေရာရာ ဘာမှမသိသေးဘူး၊ ပိတ်တော့မှာလားဆိုတာကို” ဟုဂိတ်တာဝန်ခံတစ်ဦးမှ ပြောကြားသည်။

လက်ရှိတွင် မြို့တွင်းရှိ ကျောက်တံတားမြို့နယ်အတွင်းရှိ ဂိတ်ခွဲအချို့တွင် တန်ဆာပစ္စည်း လက်ခံခြင်းကို လုပ်ဆောင်ပေးနေပြီး ယခင်က ကန့်သတ်ထားသည့် ကန့် သတ်ပစ္စည်းများကိုတော့ တင်ပို့ခွင့် လက်ခံမည် မဟုတ်ကြောင်းလည်း သိရသည်။

အဝေးပြေးယာဥ်များဖြင့် တန်ဆာပစ္စည်းတင်ပို့ရာတွင် ဒရုန်း၊ မှန်ဘီလူး၊ သံထည်ပစ္စည်းများအပါအဝင် ပစ္စည်း (၁၉) မျိုးအား တင်ပို့ခွင့် ကန့်သတ်ထားခြင်း ဖြစ်သည်။

ထို့အပြင် အမြန်လမ်းအသုံးပြုသည့် အဝေးပြေး ယာဉ်လိုင်းများအနေဖြင့်လည်း ကုန်ပစ္စည်း တင်ဆောင်ရာတွင် လူစီး ယာဉ်အပေါ်ပိုင်းများ၌ ကုန်ပစ္စည်း တင်ဆောင်ခြင်းမပြုဘဲ ယာဉ်ဝမ်းဗိုက်များအတွင်း၌သာ တင်ဆောင်ခွင့်ပြုမည်ဖြစ်ကြောင်းသိရသည်။

” အစ်ကိုတို့ကိုတော့ ယာဉ်‌အပေါ်မှာ ပစ္စည်းတင်လို့မရဘူး ။ အောက်မှာပဲ တင်ပါ။ အပေါ်မှာ တင်ရင် ဖမ်းမယ်လို့တော့ သတိပေးထားတယ်” ဟု အဝေးပြေးယာဉ်လိုင်း ပိုင်ရှင် တစ်ဦးက ပြောသည်။

အောင်ဆန်းကွင်းရှိ ဂိတ်များကို ပြီးခဲ့သည့် ဇွန်လအတွင်းကလည်း ရက်အတန်ကြာ ပိတ်ခိုင်းထားပြီး ပြန်လည်ရောင်းချခွင့်နှင့် ပစ္စည်းတင်ပို့ခွင့် ပြုထားသည်မှာ လပိုင်းသာ ရှိသေးကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အီရန်ကို တို-က်မတို-က် နှစ်ပတ်အတွင်း ဆုံးဖြတ်မည်

တေရန်၏ နျူကလီးယားအစီအစဉ်များနှင့် ပတ်သက်ပြီး စေ့စပ်ညှိနှိုင်းမှုများကို အသစ်တဖန်ပြန်စနိုင်ရေးအတွက် အခွင့်အရေးပေးသည့်အနေဖြင့် အစ္စရေးနှင့် အီရန်ပဋိပက္ခတွင် အမေရိကန်စစ်တပ်က တို-က်ရို-က်ပါဝင်မည်လားဆိုသည်ကို နှစ်ပတ်အတွင်း သူဆုံးဖြတ်သွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ အစ္စရေးနှင့် အီရန်တို့ အပြန်အလှန် တို-က်ခို-က်နေခဲ့သည်မှာ ၇ ရက်မြောက်နေ့သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ အမေရိက၏ ဘန်ကာဖျက်ဗုံးများမှအပ ကျန်လက်နက်များသည် တိုးမပေါက်ဟု ကျယ်ကျယ်ပြန့်ပြန့် ရှိသည်ဟု ယူဆထားသော တောင်တစ်လုံး၏အောက်တွင် တည်ဆောက်ထားသည့် ဖော်ဒိုးယူရေနီယံသန့်စင်စက်ရုံကို တို-က်ခို-က်ခြင်းဖြင့် အီရန်ကို စတင်တို-က်ခို-က်မည်လားဆိုသည်ကို ထရမ့်ပ်က ချိန်ဆလျက်ရှိသည်။ သူ၏ သတင်းထုတ်ပြန်ချက်ကို...

အာဏာသိမ်းနိုင်သည်ဟု စိုးရိမ်လာကြပြီးနောက် စည်းလုံးညီညွတ်ကြရန် ထိုင်းစစ်တပ် တောင်းဆို

စစ်တပ်ကအာဏာသိမ်းနိုင်ခြေနှင့် ပတ်သက်၍ သုံးသပ်ပြောဆိုနေကြစဉ် ဒီမိုကရေစီနှင့် နိုင်ငံတော် အချုပ်အခြာအာဏာအတွက် ၎င်း၏ကတိကဝတ်ကို ထိုင်းစစ်တပ် အကြီးအကဲက ထပ်လေ-ာင်းအတည်ပြုခဲ့ပြီး ထိုင်းနိုင်ငံသားများအနေဖြင့် စည်းလုံးညီညွတ်ကြရန် တို-က်တွန်းလိုက်သည်။ နိုင်ငံတော် လုံခြုံရေးနှင့် ပတ်သက်၍ ကြာသပတေးနေ့တွင် ဘန်ကောက်ရှိ ထိုင်းဘုရင့်တပ်မတော်ဌာနချုပ်၌ စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဝင်ထိုင်း ဆူဗာရီးက ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။ အွန်လိုင်းနှင့် မီဒီယာများ၌ အများက ထင်မြင်ယူဆချက်များနှင့် သတင်းအချက်အလက်များ ပျံ့နှံ့နေမှုကြောင့် ယင်းကဲ့သို့ သတင်းထုတ်ပြန်ခဲ့ရခြင်းဖြစ်သည်ဟု ၎င်းက ပြောဆိုသည်။ ထိုင်းနိုင်ငံတွင် ဆက်လက်ဖြစ်ပေါ်နေသော အခြေအနေများအပေါ် စိုးရိမ်မိသည်ဟု စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး Pana Klaewplodthuk က...

ကားကြီးတစ်စီးဖြ-တ်မောင်းစဥ် နမ့်ကော်တံတားကျိုးကျခဲ့

ရှမ်းပြည်နယ်၊ မိုင်းလုံ-ကျောက်မဲသွားကားလမ်းပေါ်ရှိ နမ့်ကော်တံတားသည် ယနေ့ ဇွန် ၂၀ ရက် နံနက်ပိုင်းက ကားကြီးတစ်စီးဖြတ်သန်းမောင်းနှင်စဥ် ကျိုးကျသွားခဲ့ကြောင်း သိရသည်။ အဆိုပါ နမ့်ကော်တံတားသည် ယခင်ကပင် ယိုင်နဲ့နေခဲ့သဖြင့် ကားလေးများနှင့် ဆိုင်ကယ်များသာ ဖြတ်သန်းသွားလာနေခဲ့ရာမှ ယနေ့နံနက်ပိုင်းတွင် ကားကြီးဖြတ်သန်းမောင်းနှင်ခဲ့သဖြင့် ကျိုးကျခဲ့ရခြင်းဖြစ်ပြီး ကားမောင်းသူမှာ ထိခို-က်ဒဏ်ရာ(အနည်းငယ်)သာရရှိခဲ့ကြောင်း သိရသည်။ " လတ်တလောကတော့ အရင်ကရှိထားတဲ့အတိုင်း တံတားရှောင်ကွင်းလမ်းကဘဲသွားနေရတယ်။ အဲဒီ ရှောင်ကွင်းလမ်းက အရင်ထဲကကားကြီးတွေသွားဖို့လုပ်ပေးထားတာပါ။ လမ်းကမိုးရွာတာနဲ့ကားကြီးတွေသွားတာနဲ့ဆိုတော့ ရွှံ့တွေများတယ်။ ကားလေးတွေကတော့ဖြ-တ်သွားဖို့မလွယ်ဘူး"ဟု ဒေသခံတစ်ဦးက ပြောသည်။ လက်ရှိအချိန်၌ နမ့်ကော်တံတားကျိုးကျသွားသဖြင့် ကုန်စည်စီးဆင်းမှုအချို့ပြ-တ်တောက်လျက်ရှိ၍ တာဝန်ရှိသူများက အမြန်ဆုံးပြန်လည်ပြင်ဆင်နိုင်ရန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071