၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၁) ရက် (ဗုဒ္ဓဟူးနေ့) တွင် ဘဏ်များအားလုံးပိတ်မည်ဖြစ်ကြောင်း ဘဏ်အသီးသီးကအသိပေးကြေညာထားသည်။
ထိုနေ့သည် လွှဲပြောင်းနိုင်သော စာချုပ်၊ စာတမ်းအက်ဥပဒေအရ ဘဏ်ပိတ်ရက်ဖြစ်သဖြင့် ပိတ်ထားမည်ဖြစ်ကြော င်း သိရသည်။
သို့သော် 𝐌𝐨𝐛𝐢𝐥𝐞 𝐁𝐚𝐧𝐤𝐢𝐧𝐠, 𝐈𝐧𝐭𝐞𝐫𝐧𝐞𝐭 𝐁𝐚𝐧𝐤𝐢𝐧𝐠 နှင့် 𝐂𝐚𝐫𝐝 ဝန်ဆောင်မှုများကို ပုံမှန်အတိုင်းအသုံးပြုနိုင်မည်ဖြစ်ကြောင်း ထို့ပြင် ဘဏ်ဝန်ဆောင်မှုများကို အောက်တိုဘာလ (၂) ရက်တွင် ပုံမှန်အတိုင်း ပြန်လည်အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
