လာမည့် အောက်တိုဘာလအတွင်း၌ မြန်မာအမျိုးသား လက်ရွေးစင်အသင်း၊ အမျိုးသမီးလက်ရွေးစင်အသင်း၊ အမျိုးသား ယူ(၂၃) အသင်း၊ အမျိုးသမီး ယူ(၁၇) အသင်းတို့ကို စောင့်ကြည့်ရမည် ဖြစ်သည်။
မြန်မာ့လက်ရွေးစင် အမျိုးသားအသင်းသည် အာရှခြေစစ်ပွဲအဖြစ် လာမည့် အောက်တိုဘာ (၉) ရက်တွင် အဝေးကွင်း၊ အောက်တိုဘာ (၁၄) ရက်တွင် အိမ်ကွင်းစသည့် ပွဲစဉ် (၂)ပွဲအား ဆီးရီးယားအသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
မြန်မာအမျိုးသမီး လက်ရွေးစင်အသင်းသည်လည်း ဂျပန်နိုင်ငံတွင် အောက်တိုဘာလအတွင်း သွားရောက်လေ့ကျင့်၍ ခြေစမ်းပွဲများ စီစဉ်ကစားမည်ဖြစ်ပြီး လက်ရှိကျင်းပနေသည့် မြန်မာအမျိုးသမီးလိဂ် ပြိုင်ပွဲမှ ကစားသမားများနှင့် သွားရောက်လေ့ကျင့်မည်ဖြစ်ပြီး ကစားသမားစာရင်းအား ဆက်လက်ထုတ်ပြန်ပေးမည်ဟုလည်း MFF က ကြေညာထားသည်။
ပဏာမ မြန်မာအမျိုးသား ယူ(၂၃) အသင်းသည်လည်း လေ့ကျင့်မှုများ ပြန်လည်ပြုလုပ်နေပြီး အောက်တိုဘာ (၂) ရက်မှ (၁၀) ရက်အထိ ဂျပန်နိုင်ငံသို့ သွားရောက်ကာ ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် ပြင်ဆင်လေ့ကျင့်သွားမည် ဖြစ်သည်။
ထို့အပြင် အမျိုးသမီး ယူ (၁၇) အသင်းသည်လည်း အောက်တိုဘာ ရန်ကုန်မြို့ သုဝဏ္ကကွင်းတွင် အောက်တိုဘာ (၁၃) ရက်မှ (၁၉) ရက်အထိ ကျင်းပမည့် အာရှဖလား အမျိုးသမီး ယူ (၁၇) ခြေစစ်ပွဲအတွက် ဂျပန်အမျိုးသမီးနည်းပြ ကူမီကို တာရှီယို နှင့်အတူ လေ့ကျင့်မှုများ ပြုလုပ်နေကာ ခြေစစ်ပွဲ အဖွင့်ပွဲစဉ်အဖြစ် အောက်တိုဘာ (၁၃) ရက်တွင် မွန်ဂိုလီးယား၊ အောက်တိုဘာ (၁၅) ရက်တွင် မကာအို၊ အောက်တိုဘာ (၁၇) ရက်တွင် အင်ဒိုနီးရှားတို့နှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။
