Looking for something?

Explore the website

Looking for something?

Tuesday, June 3, 2025

အမေရိကန်-အီရန် နျူကလီးယား သဘောတူညီချက်အောက်ဝယ် အီရန်တွင်...

အီရန်၏ နျူကလီးယားအစီအစဉ်နှင့် ပတ်သက်၍ ဖြစ်နိုင်ခြေရှိသော သဘောတူညီချက်အရ ဝါရှင်တန်အစိုးရသည် အီရန်ကို ယူရေနီယမ် များစွာသိုလှောင်မှု ပြုလုပ်ခွင့်ပြုမည် မဟုတ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က...

ပြည်နယ်အဆင့် မုန်တိုင်းအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေးလေ့ကျင့်မှုပြုလုပ်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ သံလွင်မြစ်အတွင်း ယ‌နေ့ဇွန်လ(၃)ရက် နံနက်ပိုင်း၌ ပြည်နယ်အဆင့် မုန်တိုင်းအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေး လေ့ကျင့်မှုတစ်ခု ပြုလုပ်လျက်ရှိကြောင်း သိရသည်။ အဆိုပါ လေ့ကျင့်မှုကို...

IBEC ကျောင်းတော်ကြီး၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်...

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတောင်ရိုးပေါ်ရှိ အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာ(IBEC)ကျောင်းတော်ကြီး၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပထမဆုံးကျောင်းဖွင့်ရက်ဖြစ်သော ဇွန် ၂ ရက်တွင် တက်ရောက်ပညာသင်ကြားကြမည့် ကျောင်းသား၊ ကျောင်းသူများအား IBEC...

ရက်ကန်းနှင့် အသက်မွေး ပညာသင်တန်းကျောင်း (တောင်ကြီး)...

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှု လုပ်ငန်းရုံးဌာနတွင် ရက်ကန်းနှင့်အသက် မွေးပညာသင်တန်းကျောင်း (တောင်ကြီး) ၌ ၂၀၂၅ ခုနှစ်၊ ပညာသင်နှစ်အတွက် သင်တန်းသားများခေါ်ယူထားကြောင်း...
HomeCelebrities' Newsအမေနဲ့အတူတူနေရတဲ့ သမီးတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဘာသာရေးကိုထဲထဲဝင်ဝင်လုပ်ဖြစ်တယ်...

အမေနဲ့အတူတူနေရတဲ့ သမီးတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဘာသာရေးကိုထဲထဲဝင်ဝင်လုပ်ဖြစ်တယ် အိမ့်ချစ်

ec

အိမ့်ချစ်က ဘာသာတရားကိုထဲထဲဝင်ဝင်လုပ်သလို ဘုရား၊ တရား၊သံဃာကို ကြည်ညိုကိုင်း ရှိုင်းတဲ့ အနုပညာ ရှင်တစ်ယောက် ဆိုတာ သူမရဲ့ လုပ်ဆောင်ချက်တွေက စကားပြောလို့နေပါတယ်။ အိမ့်ချစ်နဲ့ တွေ့ဆုံတိုင်း သူမရဲ့အနုပညာအကြောင်းတွေနဲ့ တခြားအကြောင်းအရာတွေကို ဦးစားပေးမေးဖြစ် ပေမယ့် ဘာသာရေး အကြောင်းတွေ ကိုတော့ မမေးဖြစ်ခဲ့ပါဘူး။ အခု တစ်ခေါက်တော့ သူမကို ဘာသာရေး အကြောင်းတွေကို မေးမြန်းဖြစ်တဲ့အခါမှာ သူမရဲ့ပြောပြချက်တွေက စာဖတ်ပရိသတ်တွေအတွက် တစ်စုံတစ်ရာ အကျိုးရှိနိုင်လိမ့်လောက်မှာပါ။ ဒါကြောင့် ဒီတစ်ပတ် ပေါ်ပြူလာရဲ့အနုပညာရှင်နဲ့ ဘာသာရေး ကဏ္ဍအတွက် အိမ့်ချစ်ရဲ့ဘာသာ တရားဆောင်ရွက်ချက်တွေကို ပရိသတ်တွေအတွက် မေးမြန်း တင်ဆက်လိုက်ပါတယ်။

မေး-ဘာသာရေးကို ဘာကြောင့် ထဲထဲ ဝင်ဝင်လုပ်ဖြစ်တာလဲ

ဖြေ- ဘာသာမတူတဲ့ မိဘ ၂ပါး ကနေပေါက်ဖွားလာတယ်။ မိဘ ၂ ပါးစလုံးက ယုံကြည်ရာကို ကိုးကွယ်ပါလို့ပဲပြောကြတယ်။ ဒါပေမဲ့ အိမ့်ချစ် ဗုဒ္ဓဓဘာသာကိုပဲကိုး ကွယ်တယ်။ အမေက ဗုဒ္ဓဘာသာ ဆိုတော့လေ။ အဖေကလည်း ကိုယ်ယုံကြည်ရာကိုးကွယ်တဲ့အပေါ်မှာ အဖေကလည်းဘာမှမပြောဘူး။ သူကိုယ်တိုင်ကလည်း ကိုယ့်ကို ဘာ သာရေးလုပ်စေချင်တယ်။ ဘယ်ဘာ သာကို ကိုးကွယ်၊ ကိုးကွယ်ဘာသာတရားကို လက်ကိုင်ထားတဲ့မိန်းက လေးတစ်ယောက်ဖြစ်စေချင်တယ်။ ဒါဟာအဖေရော၊ အမေရောရဲ့ ဆန္ဒ။ နောက်ပြီးတော့ အိမ့်ချစ်ရဲ့ အမေက ဘာသာရေးတအားလုပ်တယ်။ အဲဒီအတွက်ကြောင့်မို့လို့ ဒါဟာ အမေနဲ့ အတူတူနေရတဲ့ သမီးတစ်ယောက် ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဘာသာရေးကို ထဲထဲဝင်ဝင်လုပ်ဖြစ်တာ ပေါ့လေ။

မေး- ယုံကြည်ကိုးကွယ်မှု အစစ်က ဘာလဲ

ဖြေ “ငယ်ငယ်တုန်းကတော့ ဘုရားရှိ ခိုးဆိုရင် ရှိခိုးလိုက်တာပဲ။ လူကြီးတွေက စာမေးပွဲအောင်ချင်လား၊ ဘုရားရှိခိုးဆိုတော့ ဒါက အကျိုးလိုလို့ ဘုရားရှိခိုးတဲ့ပုံစံမျိုးပေါ့။ အဲဒီလိုမျိုးနဲ့စခဲ့ရတာပဲ။ ဒါပေမဲ့ အဲဒီအချိန်မှာ ဘာဖြစ်လဲဆိုတော့ အဓိကတစ်ခုက ကိုယ်ကောင်းတာလုပ်ရင် ကောင်းခြင်းတရားပြန်ရ တယ်။ ဒီအရသာလေးကို တဖြည်း ဖြည်းနဲ့ သိလာတဲ့အခါမှာ အသက်အရွယ်အရဘာသာရေးလုပ်တဲ့ ပုံစံ ပြောင်းလာတယ်။ သြော်..ငါ ကောင်းကျိုးတွေဖြစ်ထွန်းဖို့ ငါ ကောင်းတာလုပ်မှဖြစ်မှာပါလား။ အဲဒီအတွက် ငါဘာသာရေး လုပ်ရမယ်ဆိုပြီး တစ်ဆင့်တက်ပြီးလုပ်လာတယ်။ အဲဒီကနေ နောက်ထပ်တစ် ဆင့် ဘာပြောင်းလဲသွားလဲဆိုတော့ ငါဘာသာရေးလုပ်ခြင်းဟာ ကောင်းကျိုးရခြင်း၊ မရခြင်းထက် ငါ့ရဲ့စိတ်ကို အေးချမ်းစေပါလားဆိုတာလေးတစ်ခုထပ်ဖြစ်လာတယ်။ ဒါကမှ တကယ် ကို ယုံကြည်ကိုးကွယ်မှုအစစ်ပါ။ အဲဒီအခြေအနေအထိ အသက်ငယ် ငယ်ရွယ်ရွယ်နဲ့ အိမ့်ချစ်ကို ဒီလို စိတ်ကလေး စောစောစီးစီးဖြစ် အောင်လို့ မျိုးစေ့ချပေးခဲ့တဲ့ အမေ့ကို ကျေးဇူးတင်ပါတယ်။ ကိုယ့်စိတ် အေးချမ်းမှုတစ်ခုအတွက်ကို ဘာ သာရေးလုပ်တဲ့ သဘောမျိုးလေးလည်း အများကြီးသက်ရောက်ပါတယ်။

မေး- ဘာသာရေးလုပ်တဲ့အတွက် ဘယ်လို အကျိုးကျေးဇူးတွေရလဲ။

ဖြေ- အိမ့်ချစ် နေ့တိုင်းဆိုလို့ရှိရင် အမြဲတမ်းဘုရားရှင်ရဲ့ ဂုဏ်တော်ပွားတယ်။ ပဋ္ဌာန်းရွတ်တယ်။ မေတ္တသုတ်ကတော့ အမြဲတမ်းရွတ်ရမှာပေါ့နော်။ မေတ္တာအမြဲတမ်း ပို့တယ်။ ဘယ်သွားသွား၊ ဘယ်လာလာ ဂုဏ်တော်လေးအမြဲ ပွားနိုင်အောင် တာလီလေးတစ်လုံးလက်မှာ အမြဲတမ်းကိုင်ထားတယ်။ စကားပဲ ပြောပြော ဘာပဲလုပ်နေနေ ကိုယ့်မှာ ကောင်းတာလေးတစ်ခုရှိနေတယ် ပေါ့နော်။ အိမ့်ချစ်တို့လည်း လိမ္မာတဲ့အထဲမှာမပါဘူး။ လူငယ်တစ်ယောက် ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ပျော်လည်းပျော်ပါးတယ်။ သို့သော်လည်းပဲ ကိုယ်ဟာ မကောင်းတာ တစ်ခုခု ဖြစ်တော့မယ်ဆိုတဲ့ကံမျိုး ပါလာခဲ့ရင် ကိုယ်ကောင်းတာလုပ် နေတဲ့အတွက် အနည်းအကျဉ်းတော့ လျော့ပါးသွားတယ်၊ အများကြီးကိုယ့်အတွက်အကာအကွယ်ဖြစ်တယ်ဆိုတဲ့ စိတ်ကလေးတစ်ခုနဲ့ အိမ့်ချစ်က ဒီနေ့ဒီအချိန်ထိ ဘာသာရေးကို လုပ်တာ။

မျိုးမောင်

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071