Friday, May 1, 2026

ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့်...

ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့် အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနား ဒုတိယနေ့ကို ယနေ့ မေလ ၁ ရက်တွင် ကမ္ဘာအေးကုန်းမြေ၌ ဆက်လက်ကျင်းပခဲ့သည်။...

တစ်ပတ်အတွင်း တိုက်ပွဲပေါင်း (၁၇) ကြိမ်ဖြစ်ပွားခဲ့ပြီးနောက်...

နယ်မြေရှင်းလင်းမှုနှင့် တိုက်ပွဲဖြစ်စဉ်များ တပ်မတော်စစ်ကြောင်းများသည် ဧပြီလ ၂၄ ရက်တွင် ပင်းမလွတ်ကျေးရွာ၊ ဧပြီလ ၂၉ ရက်တွင် နဘားလမ်းဆုံနှင့် နဘားကျေးရွာတို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး ယနေ့...

ကဆုန်လပြည့်နေ့ အထူးသတင်း-ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင်ကျရောက်သည့် ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်က မေတ္တာ၊ စေတနာထားသောအားဖြင့်လည်းကောင်း...

ပဲခူး ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ကျင်းပခဲ့သည့် (၇၅)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်

ပဲခူးတိုင်း၊ ပဲခူးမြို့ရှိ ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ ယနေ့ ဧပြီ ၃၀ ရက် ကဆုန်လပြည့်(ဗုဒ္ဓနေ့)နံနက်ပိုင်းက (၇၅)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်ကို ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်းဂေါ ပကအဖွဲ့မှကြီးမှူးကျင်းပခဲ့သည်။ အဆိုပါ...
HomeNewsFootballအုပ်စုပထမအဆင့် ရှမ်းယူနိုက်တက်၏ နောက်ဆုံးပွဲစဉ်...

အုပ်စုပထမအဆင့် ရှမ်းယူနိုက်တက်၏ နောက်ဆုံးပွဲစဉ် ယှဉ်ပြိုင်ကစားမှု မြဝတီအသင်းကို (၅)ဂိုးပြတ်ဖြင့် အနိုင်ရလဒ်ထွက်ပေါ်

၂၀၂၄-၂၀၂၅ မြန်မာနေရှင်နယ်လိဂ်အုပ်စုပထမအဆင့်တွင် ရပ်တည်‌နေသည့် ရှမ်းယူနိုက်တက်၏ နောက်ဆုံးပွဲစဉ် ယှဉ်ပြိုင်ကစားမှု၌ မြဝတီအသင်းကို (၅)ဂိုးပြတ်ဖြင့် အနိုင်ရလဒ်ထွက်ပေါ် ခဲ့သည်။

ယနေ့ ဇန်နဝါရီ (၂၆) ရက် ညနေ(၄)နာရီအချိန်၌ ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားကွင်းအတွင်း ရှမ်းယူနိုက်တက်အသင်းနှင့် မြဝတီအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မြဝတီအသင်းက ပွဲချိန်(၃၅)မိနစ်တွင်ဦး ဆောင်ဂိုး (၁)ဂိုးသွင်းယူနိုင်ခဲ့သည်။

ထို့နောက် ရှမ်းယူနိုက်တက်အသင်းက ပွဲချိန်(၄၅)မိနစ်တွင် (၁)ဂိုး၊ ပွဲချိန်(၆၃) မိနစ်တွင်(၁)ဂိုး၊ ပွဲချိန်(၆၇)မိနစ်တွင် (၁)ဂိုး၊ ပွဲချိန်(၇၅)မိနစ်တွင်(၁)ဂိုးနှင့် ပွဲချိန် မိနစ်(၉၀)တွင်(၁)ဂိုးဖြင့် ချေပဂိုးများ ပြန်လည် သွင်းယူခဲ့ကြသည်။

လာမည့် ဖေဖော်ဝါရီ ဒုတိယအပတ်အတွင်း ပြီးဆုံးတော့မည်ဖြစ်သည့် Myanmar National League 2024-25 ပြိုင်ပွဲကို ပြီးခဲ့သည့်နှစ် ဇူလိုင် (၆)ရက်နေ့မှစတင်ခဲ့ကာ ဘောလုံးကလပ်အသင်း (၁၂)သင်းပါဝင်ကစားနေကြခြင်းလည်းဖြစ်သည်။

ရှမ်းယူနိုက်တက်အသင်းမှာ အုပ်စုတွင်း ရမှတ်(၄၆)မှတ်ဖြင့် အဆင့်(၁)နေရာ၌ ရပ်တည်နေသည့်အသင်းဖြစ်ပြီး၊ Asean Club Championship Shopee Cup 2024 – 25 ပြိုင်ပွဲတွင်လည်း နိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်နေရသည့် အသင်းတစ်သင်းဖြစ်သည်။

ယခုနှစ် ကျင်းပနေသည့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲသည် (၁၅)ကြိမ်မြောက် ရှိပြီဖြစ်ကာ ၂၀၂၄ ဇူလိုင်လ (၆) ရက်မှ ၂၀၂၅ ဖေဖော်ဝါရီလ (၁၆) ရက်ထိ (၈) လကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့် အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနား ဒုတိယနေ့ ဆက်လက်ကျင်းပ

ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့် အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနား ဒုတိယနေ့ကို ယနေ့ မေလ ၁ ရက်တွင် ကမ္ဘာအေးကုန်းမြေ၌ ဆက်လက်ကျင်းပခဲ့သည်။ အခမ်းအနားကို "နမောတဿ" သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး "ထူးမခြားနား" သီချင်းကို မြန်မာ့စောင်းဖြင့် သီဆိုပူဇော်ခဲ့ကြသည်။ သင်္ဂါယနာအမေးအဖြေနှင့် ဩဝါဒကထာများ ဆဋ္ဌသင်္ဂါယနာတင် မဟာထေရ်မြတ်တို့အား ပူဇော်သောအားဖြင့် တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိကဆရာတော် ဘဒ္ဒန္တသုန္ဒရနှင့် တိပိဋကဓရ တိပိဋကကောဝိဒဆရာတော် ဘဒ္ဒန္တသေဋ္ဌဉာဏာလင်္ကာရတို့က သုတ္တန္တပိဋကတ်တော်ကို သင်္ဂါယနာအမေးအဖြေ ပြုလုပ်ပူဇော်ခဲ့ကြပြီး သံဃာတော် ၁၅ ပါးတို့က စုပေါင်းသံပြိုင် ရွတ်ဆိုခဲ့ကြသည်။...

တစ်ပတ်အတွင်း တိုက်ပွဲပေါင်း (၁၇) ကြိမ်ဖြစ်ပွားခဲ့ပြီးနောက် အင်းတော်မြို့ကို တပ်မတော်က ပြန်လည်ထိန်းချုပ်သိမ်းပိုက်PDF အဖွဲ့ဝင်များ ယာယီစိုးမိုးထားသည့် အင်းတော်မြို့အား ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် တပ်မတော်စစ်ကြောင်းများက စစ်ကြောင်းခွဲ၍ ထိုးဖောက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ယနေ့တွင် အင်းတော်မြို့နှင့် ပတ်ဝန်းကျင်ဒေသများကို အလုံးစုံ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

နယ်မြေရှင်းလင်းမှုနှင့် တိုက်ပွဲဖြစ်စဉ်များ တပ်မတော်စစ်ကြောင်းများသည် ဧပြီလ ၂၄ ရက်တွင် ပင်းမလွတ်ကျေးရွာ၊ ဧပြီလ ၂၉ ရက်တွင် နဘားလမ်းဆုံနှင့် နဘားကျေးရွာတို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး ယနေ့ ဧပြီလ ၃၀ ရက် နံနက်ပိုင်းတွင် ကန်းနီ၊ နားရခေါင်၊ ကြာအင်း၊ ကျွန်းတောနှင့် ကူဆိပ်ကျေးရွာတို့ကို အဆင့်ဆင့် ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။ တစ်ပတ်တာအတွင်း တိုက်ပွဲကြီး/ငယ် (၁၇) ကြိမ်ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ ပြန်လည်ထူထောင်ရေးနှင့် မိုင်းရှင်းလင်းရေးလုပ်ငန်းများ လက်ရှိတွင် အင်းတော်မြို့အတွင်း၌ တိုက်ပွဲများကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် လူနေအိမ်များ၊ လမ်းတံတားများနှင့် ဌာနဆိုင်ရာ အဆောက်အအုံများကို ပြန်လည်ပြုပြင်ရန်...

ကဆုန်လပြည့်နေ့ အထူးသတင်း-ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင်ကျရောက်သည့် ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်က မေတ္တာ၊ စေတနာထားသောအားဖြင့်လည်းကောင်း နေပြည်တော်အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် ဒေါ်အောင်ဆန်းစုကြည်အား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၄၁၊ ပုဒ်မခွဲ(၁)အရ ၎င်းကျခံရန်ကျန်ရှိသည့် ပြစ်ဒဏ်များကို သတ်မှတ်ထားသည့်နေအိမ်၌ ဆက်လက်ကျခံစေရန် ပြောင်းလဲသတ်မှတ်ပေးလိုက်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071