Monday, May 4, 2026

ပိဋကသုံးပုံ အဋ္ဌကထာ ကွန်ပျူတာစာစီမူကျမ်းစာအုပ်များ ဆက်ကပ်လှူဒါန်း

ဆဋ္ဌသင်္ဂါယနာတင်ဋီကာကျမ်းစာ ၂၆ အုပ်ကို ကွန်ပျူတာစာမူပြုစုခြင်းလည်း စတင်ဆောင်ရွက်လျက်ရှိ ပိဋကသုံးပုံအဋ္ဌကထာကွန်ပျူတာ စာစီမူကျမ်းစာအုပ်များ ဆက်ကပ်လှူဒါန်းပွဲ ကို မေ ၃ ရက်က ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ...

တစ်နှစ်ကျော်ကြာ ပိတ်ထားခဲ့ရသော သင်္ဃန်းညီနောင် အထက်တန်းကျောင်းကို...

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ တစ်နှစ်ကျော်ကြာ ပိတ်ထားခဲ့ရသော သင်္ဃန်းညီနောင် အထက်တန်းကျောင်းကို လာမည့် ပညာသင်နှစ်တွင် ပြန်ဖွင့်မည် ဟု သိရသည်။ လတ်တလော၌ ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် ဒေသတာဝန်ရှိသူများ၊...

မြန်မာနိုင်ငံ၌ အခွန်နှုန်းထားများတိုးမြှင့်ခြင်းမပြုဘဲ အခွန်အခြေချဲ့ထွင်နိုင်ရေးကိုသာတိုးမြှင့်ဆောင်ရွက်နေဟု ဘဏ္ဍာအခွန်ပြည်ထောင်စုဝန်ကြီးပြော

မြန်မာနိုင်ငံ၌ အခွန်နှုန်းထားများတိုးမြှင့်ခြင်းမပြုဘဲ အခွန်အခြေချဲ့ထွင်နိုင်ရေးကိုသာတိုးမြှင့်ဆောင်ရွက်နေသည်ဟု ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးဒေါက်တာကံဇော်က ဥဇဘက်ကစ္စတန်နိုင်ငံတွင်ကျင်းပသည့် ဘဏ္ဍာရေးဆိုင်ရာအမြင်ချင်းဖ လှယ်မှုအစီအစဉ်၌  Virtual စနစ်ဖြင့်တက်ရောက်၍ ဆွေးနွေးပြောကြားခဲ့ခြင်းဖြစ်သည်။ ထို့ပြင် မြန်မာနိုင်ငံ၌...

မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အဖွဲ့ဝင်နိုင်ငံများနှင့်...

မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အဖွဲ့ဝင်နိုင်ငံများနှင့် စက်မှုကဏ္ဍ၊ ရင်းနှီးမြှပ်နှံမှုကဏ္ဍများတွင်အပြန်အလှန်ပူးပေါင်းဆောင်ရွက်မည်ဟု တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဇော်ဝင်းမြင့်က ပြောသည်။ မြန်မာသံအမတ်ကြီးက တရုတ်နိုင်ငံ၊ ကျဲ့ကျန်းပြည်နယ်၊ နင်ဘိုမြို့တွင် ဧပြီ...
HomeNewsFootballအုပ်စုကြပ်ထဲ ရောက်နေသည့် မြန်မာ...

အုပ်စုကြပ်ထဲ ရောက်နေသည့် မြန်မာ U-19 အသင်း မနက်ဖြန် ဗီယက်နမ်အသင်းနှင့် အုပ်စုအဖွင့်ပွဲစဉ် ကစားမည်

အာဆီယံ ချန်ပီယံရှစ်ပြိုင်ပွဲ (2024 AFF U-19 Boys Championship)ကို အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းအနေဖြင့် အုပ်စုကြပ်အတွင်းရောက်နေကြောင်း ယူ-၁၉ အသင်း နည်းပြချုပ် ဦးအောင်နိုင်က ယနေ့ ဇူလိုင်(၁၇)ရက် ပွဲကြိုသတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားသည်။

မနက်ဖြန် ဇူလိုင်(၁၈)ရက် မြန်မာစံတော်ချိန် ညနေ (၆)နာရီ(၄၅)မိနစ်တွင် မြန်မာ U-19 အသင်းသည် ဗီယက်နမ်အသင်းနှင့် Gelora Bung Tomo Stadium ၌ အုပ်စုအဖွင့်ပွဲစဉ် ယှဉ်ပြိုင်ကစားသွားကြရမည်ဖြစ်သည်။

“အားလုံးသိထားတဲ့အတိုင်း မြန်မာအသင်းက အုပ်စုကြပ်မှာ ကျရောက်နေပါတယ်။ သြစတြေးလျ၊ ဗီယက်နမ် စတဲ့ အသင်းကောင်းတွေ ပါဝင်သလို လာအိုကလည်း တိုးတက်လာတဲ့ အသင်းဖြစ်ပါတယ်။ ပြိုင်ပွဲအတွက် အသင်းတိုင်းက သေချာပြင်ဆင်လာမှာဖြစ်သလို မြန်မာအသင်း အနေနဲ့လည်း အကောင်းဆုံးပြင်ဆင်လာခဲ့ပါတယ်။ ပွဲစဥ်တိုင်းကို သေချာအာရုံစိုက်ပြီး အကောင်းဆုံး ယှဥ်ပြိုင်သွားမှာပါ။ လက်ရှိမှာတော့ ဗီယက်နမ်နဲ့ အဖွင့်ပွဲစဥ်ကိုပဲ အာရုံစိုက်ထားပါတယ်” ဟု မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်း၏ နည်းပြချုပ်ဦးအောင်နိုင်က ပြောကြားသည်။

2024 AFF U-19 Boys Championship ပြိုင်ပွဲတွင် မြန်မာအသင်းအနေဖြင့် ဩစတြေးလျ၊ ဗီယက်နမ် ၊ လာအို စ
သည့်အသင်းများဖြင့် တစ်အုပ်စုတည်းကျရောက်နေခြင်းဖြစ်သည်။

မြန်မာ U19 အသင်းသည် ဇူလိုင် (၁၈)ရက်တွင် ဗီယက်နမ်အသင်း၊ ဇူလိုင် (၂၁)ရက်တွင် လာအိုအသင်း၊ ဇူလိုင် (၂၄) ရက်တွင် သြစတြေးလျအသင်းတို့နှင့် အသီးသီးယှဥ်ပြိုင်ကစားရမည်ဖြစ်သည်။

မြန်မာယူ-၁၉ အသင်းကို အုပ်ချုပ်/နည်းပြ အဖွဲ့ဝင် (၉)ဦး၊ ကစားသမား (၂၃) ဦး စုစုပေါင်း (၃၂) ဦးဖြင့် ဖွဲ့စည်းထားပြီး ဇူလိုင် (၁၆)ရက် နံနက်ပိုင်း၌ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ အင်ဒိုနီးရှားနိုင်ငံသို့ ထွက်ခွာခဲ့ခြင်းဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပိဋကသုံးပုံ အဋ္ဌကထာ ကွန်ပျူတာစာစီမူကျမ်းစာအုပ်များ ဆက်ကပ်လှူဒါန်း

ဆဋ္ဌသင်္ဂါယနာတင်ဋီကာကျမ်းစာ ၂၆ အုပ်ကို ကွန်ပျူတာစာမူပြုစုခြင်းလည်း စတင်ဆောင်ရွက်လျက်ရှိ ပိဋကသုံးပုံအဋ္ဌကထာကွန်ပျူတာ စာစီမူကျမ်းစာအုပ်များ ဆက်ကပ်လှူဒါန်းပွဲ ကို မေ ၃ ရက်က ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ မဟာပါသာဏလိုဏ်ဂူ သိမ်တော်၌ ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇသန်လျင်မင်းကျောင်း ဆရာတော် ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာ ဘိဝံသအမှူးပြုသည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စာသင်တိုက်ကြီးများမှ ဆရာတော်သံဃာတော်များ ကြွရောက်တော်မူကြပြီး သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် ဇနီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးဝန်ကြီးများ၊...

တစ်နှစ်ကျော်ကြာ ပိတ်ထားခဲ့ရသော သင်္ဃန်းညီနောင် အထက်တန်းကျောင်းကို ပြန်ဖွင့်မည်ဟု သိရ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ တစ်နှစ်ကျော်ကြာ ပိတ်ထားခဲ့ရသော သင်္ဃန်းညီနောင် အထက်တန်းကျောင်းကို လာမည့် ပညာသင်နှစ်တွင် ပြန်ဖွင့်မည် ဟု သိရသည်။ လတ်တလော၌ ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် ဒေသတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့များက (ဧပြီ ၃ ရက်)နေ့တွင် စုပေါင်းသန့်ရှင်းရေးနှင့် လိုအပ်သည်များဆောင်ရွက်နေကြကြောင်း သိရသည်။ ကျောင်းဆောင်အတွင်း လက်နက်ကြီးကျည်ကျပြီး ပျက်စီးနေမှုများရှိကာ လက်နက်ငယ်ကျ၍ ဇကာပေါက်ဖြစ်နေသော ခေါင်မိုးများ၊ မျက်နှာကြက်များ၊ စာရေးစားပွဲခုံများ၊ နံရံများကို ပြန်လည်ပြုပြင်ခြင်းများလည်း ဆောင်ရွက်ရမည် ဖြစ်သည်။ ထို့အတူ ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးရရှိနိုင်ရန် ဆောင်ရွက်မည့်အစီအစဉ်များလည်းရှိပြီး ဗိုလ်ချုပ် စောချစ်သူနှင့် ဗိုလ်မှူးချုပ်...

မြန်မာနိုင်ငံ၌ အခွန်နှုန်းထားများတိုးမြှင့်ခြင်းမပြုဘဲ အခွန်အခြေချဲ့ထွင်နိုင်ရေးကိုသာတိုးမြှင့်ဆောင်ရွက်နေဟု ဘဏ္ဍာအခွန်ပြည်ထောင်စုဝန်ကြီးပြော

မြန်မာနိုင်ငံ၌ အခွန်နှုန်းထားများတိုးမြှင့်ခြင်းမပြုဘဲ အခွန်အခြေချဲ့ထွင်နိုင်ရေးကိုသာတိုးမြှင့်ဆောင်ရွက်နေသည်ဟု ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးဒေါက်တာကံဇော်က ဥဇဘက်ကစ္စတန်နိုင်ငံတွင်ကျင်းပသည့် ဘဏ္ဍာရေးဆိုင်ရာအမြင်ချင်းဖ လှယ်မှုအစီအစဉ်၌  Virtual စနစ်ဖြင့်တက်ရောက်၍ ဆွေးနွေးပြောကြားခဲ့ခြင်းဖြစ်သည်။ ထို့ပြင် မြန်မာနိုင်ငံ၌ အသက်(၁၅)နှစ်မှ (၆၄)နှစ်အ တွင်းရှိ လူဦးရေမှာ(၆၆ ဒသမ ၉)ရာခိုင်နှုန်းရှိနေခြင်းသည် အခွန်ရငွေတိုးတက်ရရှိရေးအခွင့်အလမ်းဖြစ်ပြီး ထိုအခွင့်အရေးကို အောင်မြင်စွာအသုံးချနိုင်ရန် နိုင်ငံ တော်၏ အခွန်တိုးတက်ကောက်ခံရရှိရေးအတွက် မ ဟာဗျူဟာများချမှတ်ဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။ ပြည်ထောင်စုနှင့် တိုင်း/ပြည်နယ်အစိုးရများကြားရှိ ဘ ဏ္ဍာရေးချိတ်ဆက်မှုနှင့် ဘတ်ဂျက်ခွဲဝေမှုများကိုလည်း MTFF မှတစ်ဆင့်မူဝါဒအခြေခံသော ဘတ်ဂျက်နှင့် စည်းမျဉ်းအပေါ်အခြေခံသည့်ဘတ်ဂျက်တို့ဖြင့်ဆောင် ရွက်လျက်ရှိသည်ဟု ပြောသည်။ ထို့ပြင် မြန်မာနိုင်ငံ၏...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071