ရန်ကုန်၊ ဩဂုတ် ၁၁
တိုင်းရင်းသားလက်နက်ကိုင် (အီးအေအို) တဖွဲ့ဖြစ်သော ရက္ခိုင့်တပ်မတော် (အေအေ)က ၎င်း၏ ထိန်းချုပ်နယ်မြေများတွင် ရွေးကောက်ပွဲများကို တားဆီးပိ-တ်ဆို့မည်ဟု သန္နိဋ္ဌာန်ချထားကြောင်း သြဂုတ်လ ၁၁ ရက်နေ့က ပြောကြားခဲ့သည်။ ပြည်တွင်းစစ် အဆုံးသတ်ရေး နည်းလမ်းအဖြစ် အစိုးရက ကြွေးကြော်ထားသည့် ရွေးကောက်ပွဲများကိုအဆိုပါအဖွဲ့က ငြင်းပယ်ခဲ့သည်။
ရက္ခိုင့်တပ်မတော် (AA) သည် ယခုအခါ၌ ရခိုင်ပြည်နယ်၏ အနောက်ဘက်ခြမ်း နယ်မြေကို ထိန်းချုပ်ထားသည်။
တပ်မတော်အစိုးရက ဒီဇင်ဘာလတွင် အထွေထွေရွေးကောက်ပွဲကျင်းပမည်ဟု ပြောကြားခဲ့သည်။ သိုသော် အတိုက်အခံ အုပ်စုများသည် ရွေးကောက်ပွဲကို သပိတ်မှောက်နေကြသည်။ ကုလသမဂ္ဂ ကျွမ်းကျင်သူတစ်ဦးက ရွေးကောက်ပွဲသည် တပ်မတော် အစိုးရ၏ ဆက်လက်အုပ်ချုပ်မှုကို တရားဝင်စေရန်သာ ဖြစ်သည်ဟုဆိုသည်။
အေအေ ၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ရွေးကောက်ပွဲတွင် ရခိုင်လက်နက်ကိုင်အဖွဲ့ ထိန်းချုပ်ထားသည့် နယ်မြေ ၁၇ မြို့နယ်မှ ၁၄ မြို့နယ်ကို ပိ-တ်ဆို့တားဆီးသွားမည်ဟု ပဋိပက္ခ စောင့်ကြည့်လေ့လာသူများထံမှ သိရသည်။
“တပ်မတော်က ထိန်းချုပ်ထားတဲ့ ဧရိယာမှာ ရွေးကောက်ပွဲကို ကျင်းပနိုင်ပေမယ့် ကျနော်တို့ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ ရွေးကောက်ပွဲကို ခွင့်ပြုမှာမဟုတ်ဘူး” ဟု သူက ဆက်ပြောသည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော ရခိုင်သည် မြန်မာနိုင်ငံ လူဦးရေ ၅၁ သန်းတွင် ၂.၅ သန်းခန့် နေထိုင်ကြောင်း အစိုးရက ခန့်မှန်းသည်။
အေအေသည် အစောပိုင်းတွင် အစိုးရနှင့် အပစ်အခတ်ရပ်စဲထားသော်လည်း ၂၀၂၃ ခုနှစ်နှောင်းပိုင်းတွင် သဘောတူညီထားမှုကိုရပ်ဆိုင်းခဲ့ပြီး အခြားတိုင်းရင်းသားလက်နက်ကိုင်တပ်များနှင့် ပူးပေါင်းကာ ထိုးစစ်တွင်ပါဝင်လာခဲ့သည်။
တပ်မတော်က လေကြောင်း တို-က်ခို-က်မှု အရှိန်အဟုန်ပြင်းပြင်းဖြင့် ကမ်းရိုးတန်းပြည်နယ်နှင့် ကျန်အိမ်နီးချင်းနိုင်ငံများအကြား ကမ်းရိုးတန်းဒေသကို ဝင်ရောက်ခွင့်ကို ဖြ-တ်တောက်ကာ တုံ့ပြန်ခဲ့ပါသည်။
ရခိုင်ပြည်နယ်တွင် လက်ရှိ ၌ ရွှေ့ပြောင်းနေထိုင်သူ ၅၆၀,၀၀၀ ခန့်ရှိကြောင်း ကုလသမဂ္ဂ၏ ကိန်းဂဏန်းများကဆိုသည်။
တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် မြို့နယ် ၆၃ ခုတွင် ဒေသန္တရအရေးပေါ်အစီအမံများကို ဆောင်ရွက်လျက်ရှိသည်ဟု လက်ရှိအစိုးရက ပြောကြားထားသည်။
Ref: အေအက်ဖ်ပီ
