အီသီယိုပီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးအောင်မင်းဦးနှင့် ရုရှားသံအမတ်ကြီး H.E Mr. Evgeny Terekhin တို့ ဇူလိုင် ၇ ရက်ညနေ ၄ နာရီက အဒစ်အဘာဘာမြို့ရှိ ရုရှားသံရုံး၌တွေ့ဆုံခဲ့ကြသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံသံအမတ်ကြီးများသည် မြန်မာ-ရုရှား နှစ်နိုင်ငံကြားရှိ ရှိရင်းစွဲချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးပိုမိုခိုင်မာစေရေး၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး၊ အာဖရိကသမဂ္ဂနှင့်ပတ်သက်၍ သိရှိလိုသည့်အချက်များကို ဆွေးနွေးခဲ့ကြသည်။
