Saturday, June 7, 2025

မြန်မာ-တရုတ်နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု စီမံ ကိန်းများ အရှိန်အဟုန်ဖြင့်ဆက်လက်အကောင်အ...

မြန်မာ-တရုတ်နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု စီမံ ကိန်းများ အရှိန်အဟုန်ဖြင့်ဆက်လက်အကောင်အ ထည်ဖော်ရေးအတွက် ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သံအမတ်ကြီး မစ္စ...

(၁ဝ)ကြိမ်မြောက် မြန်မာ-ထိုင်းနှစ်နိုင်ငံလေတပ် တွေ့ဆုံဆွေးနွေးပွဲကျင်းပခဲ့

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၁၀)ကြိမ်မြောက် မြန်မာ-ထိုင်း နှစ်နိုင်ငံလေတပ်ချင်းတွေ့ဆုံဆွေးနွေးပွဲကို ဇွန် ၃ ရက်နံနက်ပိုင်းက ရန်ကုန်မြို့ရှိ Chatrium Hotel ၌ကျင်းပခဲ့သည်။ ဆွေးနွေးပွဲသို့ တပ်မတော်(လေ)မှ...

ဘုရင့်နောင်တံတားအဆင်းတွင် ဆီဘောက်ဆာနှင့် ကုန်တင်တွဲကားတို-က်ပြီး ဆီယိုစိမ့်မှုဖြစ်ပွားခဲ့

ရန်ကုန်တိုင်း၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ဇွန် ၆ ရက်ည ၁၁ နာရီ ၅၀ မိနစ်ခန့်က ဆီဘောက်ဆာကားနှင့် ကုန်တင်တွဲကားတို-က်မိမှုဖြစ်ပွားခဲ့ကြောင်း မီးသ-တ်တပ်ဖွဲ့ထံမှ သိရသည်။ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊...

တပ်မတော်တစ်ရပ်လုံးအနေဖြင့် သစ်ပင်ပေါင်း(၁)သိန်းခွဲကျော် စိုက်ပျိုးခဲ့

သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းနိုင်စေရန်နှင့် ရာသီဥတုကို အထောက်အကူဖြစ်စေရန်၊ အရိပ်အာဝါသရရှိစေရန်၊ နိုင်ငံ့စီးပွားရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ ယနေ့ ဇွန် ၆ ရက် နံနက်ပိုင်းက...
HomeInternationalအီရန်၏နျူကလီးယားကို ထိန်းထားနိုင်ဖို့ ...

အီရန်၏နျူကလီးယားကို ထိန်းထားနိုင်ဖို့ နောက်ဆုံးနည်းလမ်းအဖြစ်အင်အား သုံးမည်ဟု ဘိုင်ဒင်ပြော

အီရန်၏နျူကလီးယားကို ထိန်းထားနိုင်ဖို့  နောက်ဆုံးနည်းလမ်းအဖြစ်အင်အား သုံးမည်ဟု ဘိုင်ဒင်ပြော

ဝါရှင်တန်၊ဇူလိုင် ၁၄

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်သည် အီရန်နျူကလီးယားသဘောတူညီချက်မှ အမေရိကန်နုတ်ထွက်လိုက်မှုအား ကြီးမား​သောအမှားကြီးတစ်ခုဖြစ်တယ်လို့ ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၁၃)၌ ထုတ်လွှင့်ခဲ့သော အင်တာဗျူးတစ်ခုတွင်အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ကပြောကြားခဲ့သည်။ ယခုအခါအီရန်သည် နျူလက်နက်ပိုင်ဆိုင်ဖို့နီးစပ်နေပြီဟုလည်း၎င်းကပြောသည်။

ဘိုင်ဒင်က အီရန်နျူကလီယားလက်နက် မရရှိစေရန်အတွက် အင်အားသုံးခြင်းကသာ နောက်ဆုံးနည်းလမ်းဖြစ်လိမ့်မည်ဟုဆိုပြီး ၂၀၁၅ အီရန်နျူကလီးယား သဘောတူညီချက်ပျက်ပြားသွားမည်ဆိုရင်‌တောင် အီရန်၏အစ္စလာမ်တော်လှန်ရေးအစောင့်တပ် (IRGC) ကို အမေရိကန်နိုင်ငံခြားအကြမ်းဖက်အဖွဲ့ (FTO) စာရင်းတွင်သာ ဆက်လက်ထားရှိမည်ဟု အင်တာဗျူးတစ်ခုတွင်ပြောကြားခဲ့သည်။

ဘိုင်ဒင်သည် ထရမ့်အစိုးရ၏ နိုင်ငံခြားရေးမူဝါဒကို ပိုမိုပြင်းထန်စွာဝေဖန်ခဲ့သည်။၂၀၁၅ ခုနှစ်၌အီရန်က ပိတ်ဆို့အရေးယူခံရခြင်းကို လျှော့ပေါ့စေရန် အင်အားကြီးခြောက်နိုင်ငံနှင့်အတူ ၎င်းအားနျူလက်နက်ရရှိရေး ကြန့်ကြာစေနိုင်သည့်စာချုပ်တွင်လက်မှတ်ရေးထိုးခဲ့သည်။

သို့သော် ၂၀၁၈ ခုနှစ်တွင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် အဆိုပါသဘောတူညီချက်များကို ငြင်းပယ်ကာအဖွဲ့မှနှုတ်ထွက်ခဲ့ပြီးအီရန်အပေါ် ပြင်းထန်သော ပိတ်ဆို့အရေးယူမှုများကို ပြန်လည်ချမှတ်ခဲ့သည်။ထရမ့်၏ ဆုံးဖြတ်ချက်ကြောင့် အီရန်သည် သဘောတူညီချက်၏ နျူကလီးယားကန့်သတ်ချက်များကို တစ်နှစ်ခန့်အကြာတွင်စတင်ချိုးဖောက်ခဲ့သည်။

ယခုအချိန်အထိ သဘောတူညီချက်ကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းမှုများမအောင်မြင်ခဲ့ပေ။သို့သော် အီရန်သည် ပြီးခဲ့သည့်နှစ်ဧပြီလ၌ ဗီယင်နာတွင်ဖွင့်လှစ်ခဲ့သောဆွေးနွေးပွဲများတွင်ပါဝင်ခဲ့သည်။  ထို့ပြင် အီရန်နှင့်အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ အုပ်ချုပ်ရေးအဖွဲ့တို့အကြား သွယ်ဝိုက်သော ဆွေးနွေးမှုများသည်လည်း သဘောတူညီချက်ကို ပြန်လည်ရရှိရန် လုပ်ဆောင်နေခြင်းဖြစ်သည်။

Source – Wio News

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ-တရုတ်နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု စီမံ ကိန်းများ အရှိန်အဟုန်ဖြင့်ဆက်လက်အကောင်အ ထည်ဖော်ရေးဆွေးနွေး

မြန်မာ-တရုတ်နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု စီမံ ကိန်းများ အရှိန်အဟုန်ဖြင့်ဆက်လက်အကောင်အ ထည်ဖော်ရေးအတွက် ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သံအမတ်ကြီး မစ္စ မာကျားတို့ ဇွန် ၆ ရက်နေ့လည် ၃ နာရီက တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံစဥ် မြန်မာ-တရုတ်နှစ်နိုင်ငံကြား ရှိရင်းစွဲ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးနှင့် ပူးပေါင်းဆောင် ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာရေး၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုစီမံကိန်းများ အရှိန်အဟုန်ဖြင့် ဆက် လက်အကောင်အထည်ဖော်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် မန္တလေးငလျင်ကြီးဒဏ်ကြောင့် အသက်အိုး အိမ်များပျက်စီးဆုံးရှုံးခဲ့ရသည့် မိသားစုများနှင့် အ သိုက်အဝန်းများအတွက် တရုတ်နိုင်ငံမှ ဆေးဘက်...

(၁ဝ)ကြိမ်မြောက် မြန်မာ-ထိုင်းနှစ်နိုင်ငံလေတပ် တွေ့ဆုံဆွေးနွေးပွဲကျင်းပခဲ့

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၁၀)ကြိမ်မြောက် မြန်မာ-ထိုင်း နှစ်နိုင်ငံလေတပ်ချင်းတွေ့ဆုံဆွေးနွေးပွဲကို ဇွန် ၃ ရက်နံနက်ပိုင်းက ရန်ကုန်မြို့ရှိ Chatrium Hotel ၌ကျင်းပခဲ့သည်။ ဆွေးနွေးပွဲသို့ တပ်မတော်(လေ)မှ စစ်ဦးစီးအရာရှိချုပ်(လေ)ဒု-ဗိုလ်ချုပ်ကြီးဇော်ဝင်းမြင့်နှင့်အဖွဲ့ဝင်များ၊ ထိုင်းဘုရင့်လေတပ်မှ Air Marshal Anurak Romnarak နှင့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းဘုရင့်လေတပ်စစ်သံမှူးနှင့်တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြပြီးနောက် (၁၀)ကြိမ်မြောက် မြန်မာ-ထိုင်း နှစ်နိုင်ငံလေတပ်ချင်းတွေ့ဆုံဆွေးနွေးပွဲ၏ အစည်းအဝေးဆုံးဖြတ်ချက်များကို အတည်ပြုလက်မှတ်ရေးထိုးခဲ့ကြသည်။ ထိုင်းဘုရင့်လေတပ်မှတာဝန်ရှိသူများသည် ဇွန် ၂ ရက်က ရန်ကုန်လေဆိပ်သို့ရောက်ရှိခဲ့ကြပြီးနောက် ရွှေတိဂုံစေတီတော်မြတ်ကြီး၊ ဗိုလ်တထောင်ဘုရား၊ ဆူးလေဘုရားနှင့် ကမ္ဘာအေးဘုရားတို့ကိုဖူးမြော်ကြည်ညိုခဲ့ကြပြီး ဗိုလ်ချုပ်အောင်ဆန်းဈေး၊ ဝန် ကြီးများရုံးနှင့်...

ဘုရင့်နောင်တံတားအဆင်းတွင် ဆီဘောက်ဆာနှင့် ကုန်တင်တွဲကားတို-က်ပြီး ဆီယိုစိမ့်မှုဖြစ်ပွားခဲ့

ရန်ကုန်တိုင်း၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ဇွန် ၆ ရက်ည ၁၁ နာရီ ၅၀ မိနစ်ခန့်က ဆီဘောက်ဆာကားနှင့် ကုန်တင်တွဲကားတို-က်မိမှုဖြစ်ပွားခဲ့ကြောင်း မီးသ-တ်တပ်ဖွဲ့ထံမှ သိရသည်။ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ရန်ကုန်-ပုသိမ်လမ်းမကြီးပေါ်ရှိ ဘုရင့်နောင်တံတားအဆင်းတွင် ဆီဘောက်ဆာကားနှင့် ကုန်တင်တွဲကားတိုက်မိကာ ဆီယိုစိမ့်မှုဖြစ်ပွားနေသဖြင့် မြောက်ပိုင်းခရိုင်မီးသတ်စခန်း၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်မီး သ-တ်စခန်းတို့မှတပ်ဖွဲ့ဝင်များက မီးလေ-ာင်မှုမဖြစ် ပွားစေရေးအတွက် အအေးပေးခြင်းနှင့် ကူညီကယ် ဆယ်ခြင်းများပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071