Wednesday, June 4, 2025

မန်ယူအသင်းကို အနိုင်ဂိုးသွင်းယူခဲ့သည့် မောင်မောင်လွင်အား ဂုဏ်ပြုဆုငွေကျပ်သိန်း(၁,၀၀၀)ချီးမြှင့်

မန်ယူအသင်းနှင့်ယှဥ်ပြိုင်ကစားခဲ့သော ASEAN ALL STAR အသင်းတွင်ပါဝင်ခဲ့ပြီး အနိုင်ဂိုးသွင်းယူခဲ့သည့် မြန်မာ့လက်ရွေးစင်အသင်းကစားသမား မောင်မောင်လွင်အား MFF အလုပ်အမှုဆောင်အဖွဲ့မှ ဂုဏ်ပြုဆုငွေကျပ်သိန်း(၁,၀၀၀)နှင့်အမှတ်တရဆုချီးမြှင့်ခဲ့သည်။ မြန်မာ့လက်ရွေးစင်ကစားသမား မောင်မောင်လွင်အား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အလုပ်အမှုဆောင်အစည်းအဝေး(၂/၂၀၂၅)ကျင်းပရာ၌...

မြန်မာသင်္ဘောမြုပ်၍ ဖူးခက်သန္တာကျောက်တန်းပျ-က်စီးနိုင်ခြေစစ်ဆေး     

   မြန်မာနိုင်ငံမှ သင်္ဘောတစ်စီး နစ်မြုပ်ခဲ့ သောကြောင့် ထိုင်းနိုင်ငံမူကိုဆူရင် အမျိုးသားဥယျာဉ်ကမ်းလွန်ရှိ သန္တာကျောက်တန်း၏ ပျ-က်စီးနိုင်ခြေကို ဥယျာဉ်နှင့် ရေတပ်ရေငုပ်သမားများက စစ်ဆေးအကဲဖြတ်နေကြောင်း သိရသည်။           ကုန်သင်္ဘော အမ်ဗီဧရာလင်း...

ဗိုလ်တထောင်စေတီတော်မြတ်ကြီးအား ထိုင်းဘုရင့်လေတပ်မှ ဒု-ဗိုလ်ချုပ်ကြီးဖူးမြှော်ကြည်ညို

ဗိုလ်တထောင်စေတီတော်မြတ်ကြီးအား ထိုင်းဘုရင့်လေတပ်မှ ဒု-ဗိုလ်ချုပ်ကြီး Air Marshal Anurak Romnarak ဦးဆောင်သောအဖွဲ့ဝင်များက ယနေ့ ဇွန် ၃ ရက်နေ့လည် ၃...

ထိုင်းတွင်ကိုဗစ်လူနာသစ် ၆၅,၀၀၀ ကျော်ရှိ၊ ‌ေ-သဆုံးသူသည်သုံးဦးရှိပြီဖြစ်

     ထိုင်းနိုင်ငံတွင် မေလနောက်ဆုံးအပတ်က ကိုဗစ်-၁၉ ကူးစက်သူသည် ၆၅,၈၈၀ ဦး အထိရှိလာပြီး‌ေ-သဆုံးသူသည် သုံးဦးအထိရှိလာသော်လည်း ရောဂါဖြစ်ပွားမှုသည် နှစ်အလိုက် အထွတ်အထိပ်အခြေအနေအောက် လျော့နည်းသွားသည်ဟု ပြည်သူ့ကျန်းမာရေးဝန်ကြီးက...
HomeInternationalအီရန်၌ငလျင်လှုပ်ခတ်မှုကြောင့် သုံးဦးသေဆုံးကာ ရာချီဒဏ်ရာရ

အီရန်၌ငလျင်လှုပ်ခတ်မှုကြောင့် သုံးဦးသေဆုံးကာ ရာချီဒဏ်ရာရ

တေရန်၊ဇန်နဝါရီ ၂၉

စနေနေ့နှောင်းပိုင်းက တူကီယေးနယ်စပ်အနီး အီရန်အနောက်မြောက်ပိုင်းတွင် ပြင်းအား ၅ ဒသမ ၉ ရစ်ခ်တာစကေးရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ရာ လူ ၃ ဦး ထက်မနည်း သေဆုံးပြီး ၈၁၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာကဖော်ပြခဲ့သည်။

ငလျင်လှုပ်ခတ်မှုအပြီးတွင် အပျက်အစီးအတိုင်းအတာကိုအကဲဖြတ်ပြီး ကယ်ဆယ်ရေးဆောင်ရွက်ရန် အဖွဲ့ ၁၅ ဖွဲ့စေလွှတ်ထားကြောင်းလည်း အာဏာပိုင်များကပြောကြားခဲ့သည်။ငလျင်ဒဏ်ခံခဲ့ရသည့်ဒေသသို့ ပြည်ထဲရေးဝန်ကြီးလည်းသွားရောက်ခဲ့ကြောင်းသိရှိရသည်။

အီရန်၌ငလျင်လှုပ်ခတ်မှုသည် မကြာခဏဖြစ်ပေါ်လေ့ရှိပြီး ဇန်နဝါရီလ ၁၈ ရက်နေ့ကလည်း လူရာချီဒဏ်ရာရစေခဲ့သော အင်အား ၅ ဒသမ ၈ ရစ်ခ်တာစကေးအဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့သေးသည်။ ၂၀၂၀ ပြည့်နှစ်ကလှုပ်ခတ်ခဲ့သည့် ငလျင်၌လည်း လူ ၉ ဦးခန့်သေဆုံးခဲ့ပြီး ၂၀၁၃ ခုနှစ်ကလှုပ်ခဲ့သည့်ငလျင်သည် အဆိုးရွားဆုံးဖြစ်ကာ လူ ၃၄,၀၀၀ ထက်မနည်းဆုံးသေဆုံးခဲ့ကြောင်းသိရသည်။

၂၀၁၃ ခုနှစ်ထက်ပိုဆိုးသော ငလျင်သည် ၁၉၉၀ ပြည့်နှစ်ကလှုပ်ခတ်ခဲ့ပြီး လူပေါင်း ၄၀,၀၀၀ ကိုသေဆုံးစေခဲ့ကာ သုံးသိန်းနီးပါးဒဏ်ရာရရှိခဲ့ပြီး သန်းချီသောလူများ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်ဟုသိရသည်။

Source : AFP

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မန်ယူအသင်းကို အနိုင်ဂိုးသွင်းယူခဲ့သည့် မောင်မောင်လွင်အား ဂုဏ်ပြုဆုငွေကျပ်သိန်း(၁,၀၀၀)ချီးမြှင့်

မန်ယူအသင်းနှင့်ယှဥ်ပြိုင်ကစားခဲ့သော ASEAN ALL STAR အသင်းတွင်ပါဝင်ခဲ့ပြီး အနိုင်ဂိုးသွင်းယူခဲ့သည့် မြန်မာ့လက်ရွေးစင်အသင်းကစားသမား မောင်မောင်လွင်အား MFF အလုပ်အမှုဆောင်အဖွဲ့မှ ဂုဏ်ပြုဆုငွေကျပ်သိန်း(၁,၀၀၀)နှင့်အမှတ်တရဆုချီးမြှင့်ခဲ့သည်။ မြန်မာ့လက်ရွေးစင်ကစားသမား မောင်မောင်လွင်အား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အလုပ်အမှုဆောင်အစည်းအဝေး(၂/၂၀၂၅)ကျင်းပရာ၌ ချီးမြှင့်ပေးအပ်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် အစည်းအဝေး၌ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပွဲတော်(ဆီးဂိမ်းစ်)ပြိုင်ပွဲဝင် မြန်မာယူ-၂၂ အသင်း၊ အမျိုးသမီးလက်ရွေးစင်အသင်း၊ အမျိုးသားနှင့် အမျိုးသမီး ဖူဆယ်လက်ရွေးစင်အသင်းများ အောင်မြင်ရေးကြိုတင်ပြင်ဆင်မှုများ၊ မြန်မာ့လက်ရွေးစင်အမျိုးသား၊ အမျိုးသမီး၊ လူငယ်သက်တမ်းအလိုက်အသင်းများနှင့် ဖူဆယ်အသင်းများအားလုံး အာရှ၊ အာဆီယံ ပြိုင်ပွဲများအတွက် ရည်မှန်းချက်များနှင့် ပြင်ဆင်မှုများကို သုံးသပ်ဆွေးနွေးခဲ့ကြသည်။ ထို့အတူ ငလျင်ဒဏ်ကြောင့်ပျ-က်စီးခဲ့သည့် မြန်မာဘောလုံးအကယ်ဒမီ(မန္တလေး)ရှင်းလင်းခြင်း၊ တည်ဆောက်ခြင်းနှင့် ၂၀၂၅ ပညာသစ်နှစ်...

မြန်မာသင်္ဘောမြုပ်၍ ဖူးခက်သန္တာကျောက်တန်းပျ-က်စီးနိုင်ခြေစစ်ဆေး     

   မြန်မာနိုင်ငံမှ သင်္ဘောတစ်စီး နစ်မြုပ်ခဲ့ သောကြောင့် ထိုင်းနိုင်ငံမူကိုဆူရင် အမျိုးသားဥယျာဉ်ကမ်းလွန်ရှိ သန္တာကျောက်တန်း၏ ပျ-က်စီးနိုင်ခြေကို ဥယျာဉ်နှင့် ရေတပ်ရေငုပ်သမားများက စစ်ဆေးအကဲဖြတ်နေကြောင်း သိရသည်။           ကုန်သင်္ဘော အမ်ဗီဧရာလင်း နစ်မြုပ်ခဲ့သော ရေပြင်ဧရိယာရှိ သန္တာကျောက်တန်းအခြေအနေကို စစ်ဆေးရန်အတွက် အဏ္ဏဝါဥယျာဉ်ဌာနနှင့် ဘုရင့်ရေတပ်မှ ရေငုပ်သမားများကို စေလွှတ်ထားသည်ဟု အဒ္ဒမန်ကမ်းရိုးတန်းကို ကြီးကြပ်ရသည့် ထိုင်းရေကြောင်း ကွပ်ကဲမှုစင်တာက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။          လူသုံးကုန်ပစ္စည်းများ အပြည့်တင်ဆောင်ထားပြီး သင်္ဘောသား ခုနှစ်ဦးလိုက်ပါခဲ့သော မြန်မာနိုင်ငံအလံတင်သင်္ဘောသည် ကြာသပတေးနေ့က ရနောင်းပြည်နယ်ရှိ ဆိပ်ခံတံတားတစ်ခုမှ မြန်မာနိုင်ငံ ဆိပ်ကမ်းများသို့ ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။ သင်္ဘောသည် ကော့သောင်းတွင်...

ဗိုလ်တထောင်စေတီတော်မြတ်ကြီးအား ထိုင်းဘုရင့်လေတပ်မှ ဒု-ဗိုလ်ချုပ်ကြီးဖူးမြှော်ကြည်ညို

ဗိုလ်တထောင်စေတီတော်မြတ်ကြီးအား ထိုင်းဘုရင့်လေတပ်မှ ဒု-ဗိုလ်ချုပ်ကြီး Air Marshal Anurak Romnarak ဦးဆောင်သောအဖွဲ့ဝင်များက ယနေ့ ဇွန် ၃ ရက်နေ့လည် ၃ နာရီတွင် လာရောက်ဖူးမြှော်ကြည်ညိုခဲ့ကြကြောင်း သိရသည်။ ဒု-ဗိုလ်ချုပ်ကြီးသည် ဆံတော်မြတ်ရတနာ၊ ဆံတော်တိုက်ပြခန်း၊ နန်းဦးဘုရားကြီးတို့အား ဖူးမြှော်ကြည်ညိုပြီးနောက် ရွှေသင်္ကန်းအလှူတော်ငွေကျပ်( ၁၀၀,၀၀၀)အားပေးအပ်လှူဒါန်းရာ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆံတော်မြတ်ရတနာဓာတ်ပုံတို့အား ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ဒု-ဗိုလ်ချုပ်ကြီးသည် ဗိုလ်တထောင်စေတီတော်မြတ်ကြီး၏ တန်ဆောင်းအသီးသီးတွင်ရှိသော ဘုရားများကိုလည်း လှည့်လည်ဖူးမြှော်ကြည် ညိုခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071