အရှေ့အလယ်ပိုင်းတွင် ခြွင်းချက်မရှိ အပ-စ်အခ-တ်ရပ်စဲရေးကို တောင်းဆိုသော ဆုံးဖြတ်ချက်အတွက် ရုရှား၊ တရုတ်နှင့် ပါကစ္စတန်နိုင်ငံများက အဖွဲ့ဝင် ၁၅ နိုင်ငံပါကောင်စီကို အဆိုပြုခဲ့မှုအရ အီရန်နျူကလီးယားနယ်မြေများကို အမေရိက,က တို-က်ခို-က်ခဲ့ခြင်းကို ဆွေးနွေးရန် တနင်္ဂနွေနေ့တွင် လုံခြုံရေးကောင်စီက အစည်းအဝေးကျင်းပ ပြုလုပ်ခဲ့သည်။
ဆုံးဖြတ်ချက်အပေါ် မည်သည့်အချိန်တွင် မဲခွဲဆုံးဖြ-တ်မည်ဆိုသည်ကိုမူ လတ်တလောတွင် မသိရသေးပေ။
အစ္စရေးက အီရန်ကို တို-က်ခို-က်ခဲ့မှုများအတွင်း ေ-သဆုံးသူ ၈၆၅ ဦးနှင့် ဒဏ်ရာရသူ ၃,၃၉၆ ဦး ရှိခဲ့သည်ဟု ဝါရှင်တန်အခြေစိုက် လူအခွင့်အရေးတက်ကြွလှုပ်ရှားသူများအဖွဲ့က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။
ဆုံးဖြတ်ချက်မူကြမ်းစာသားကို သုံးနိုင်ငံက ဖြန့်ဝေထားကြောင်း သံတမန်များက ပြောကြားခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများအနေဖြင့် တနင်္လာနေ့ညနေပိုင်းတွင် တုန့်ပြန်မှတ်ချက်များပေးရန် တောင်းဆိုထားကြောင်း သိရသည်။ ဆုံးဖြတ်ချက် အောင်မြင်ရန် အနည်းဆုံး ထောက်ခံမဲကိုးမဲ လိုအပ်သကဲ့သို့ အမေရိကန်ပြည်ထောင်စု၊ ပြင်သစ်၊ ဗြိတိန်၊ ရုရှား သို့မဟုတ် တရုတ်နိုင်ငံတို့က ဗီတိုအာဏာဖြင့် မပယ်ချရန်လည်း လိုအပ်သည်။
ရိုက်တာသတင်းဌာနက မြင်တွေ့ခဲ့သည့် ဆုံးဖြတ်ချက်မူကြမ်းတွင် အီရန်နိုင်ငံ၏ နျူကလီးယားနယ်မြေများနှင့် စက်ရုံများကို တို-က်ခို-က်မှုကို ရှုတ်ချထားခဲ့ပြီး ယင်းမူကြမ်းကို အမေရိကန်ပြည်ထောင်စုက ဆန့်ကျင်ဖွယ်ရှိနေသည်။ မူကြမ်းစာသားတွင် အမေရိက သို့မဟုတ် အစ္စရေးကို အမည်တပ်ဖော်ပြထားခြင်း မရှိကြောင်း သိရသည်။
Ref: ဖရန့်၂၄