Wednesday, April 22, 2026

ဦးဝင်းမြင့်အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်လာမှုကို ကြိုဆိုကြောင်း...

မြန်မာနှစ်သစ်ကူး အထိမ်းအမှတ်အဖြစ် ဦးဝင်းမြင့်နှင့် မရှင်ဒေဝီတို့ အပါအဝင် နိုင်ငံရေးအကျဉ်းသားများ ပြန်လည်လွတ်မြောက်လာသည်ကို ကြိုဆိုကြောင်း အမေရိကန်သံရုံးက သတင်းထုတ်ပြန်သည်။ ယနေ့ (ဧပြီ ၂၂) ရက်နေ့တွင်...

ပြဋ္ဌာန်းထားသည့်ဥပဒေများကိုကျူးလွန်ခဲ့သော တရုတ်နိုင်ငံသား (၅) ဦးကို...

မြန်မာနိုင်ငံအတွင်းသို့ဝင်ရောက်လာပြီး ပြဋ္ဌာန်းထားသည့်ဥပဒေများကိုကျူးလွန်ခဲ့သော တရုတ်နိုင်ငံသား (၅) ဦးကို တရားစွဲဆိုနိုင်ရန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ တရုတ်နိုင်ငံသား (၂) ဦးအား ပြည်ဝင်ခွင့်ဗီဇာစည်းကမ်းဖေ-ာက်ဖျ-က်ခဲ့၍ ၁၉၄၇ ခုနှစ်၊ မြန်မာနိုင်ငံလူဝင်မှုကြီး...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရန် ထိုင်းနိုင်ငံ...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်တွေ့ဆုံဆွေး နွေးမှုများပြုလုပ်ရန် ထိုင်းနိုင်ငံ ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆီဟဆက်ဖူဝန်ကေ့ကဲ့ဝို့ ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် ဧပြီ ၂၁ ရက်ညနေပိုင်းက အထူးလေယာဥ်ဖြင့်...

အီရန်စစ်ပွဲနှင့် ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှုတို့ကြောင့် ကွန်ဒုံးများ...

အီရန်စစ်ပွဲကြောင့် ကမ္ဘာ့ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်များ ထိခိုက်ပြတ်တောက်မှုများ ဆက်လက်ဖြစ်ပွားနေပါက ဘေးကင်းလုံခြုံသော လိင်ဆက်ဆံမှုအတွက် ကုန်ကျစရိတ်များ ပိုမိုမြင့်တက်လာနိုင်ကြောင်း ကမ္ဘာ့အကြီးဆုံး ကွန်ဒုံးထုတ်လုပ်သည့်ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ်က အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။ Karex...
HomeInternationalအီရန်နှင့် အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုး‌ကြောင်း...

အီရန်နှင့် အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုး‌ကြောင်း ထရမ့် ကြေညာပြန်၊ ပိတ်ဆို့မှုများ ဆက်လက်ရှိနေမည်ဟုဆို

အီရန်နှင့် အပစ်အခတ်ရပ်စဲရေးကို သက်တမ်းတိုးမြှင့်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထပ်မံကြေညာလိုက်ပြီး၊ စစ်ပွဲကို အဆုံးသတ်ရန်အတွက် တီဟီရန်ဘက်မှ အဆိုပြုချက်တစ်ရပ် တင်ပြနိုင်ရေး အချိန်ပိုပေးသည့်အနေဖြင့် အမေရိကန်စစ်တပ်က စီစဉ်ထားသော တိုက်ခိုက်မည့် ကိစ္စများကို ဆိုင်းငံ့ထားမည်ဟု ပြောကြားသည်။

အင်္ဂါနေ့တွင် ပြုလုပ်ခဲ့သော ဤခြေလှမ်းမှာ ပါကစ္စတန်ကြားဝင်စေ့စပ်သူများ၏ တောင်းဆိုချက်အရ ဖြစ်ကြောင်း ထရမ့်၏ ပြောကြားချက်အရ သိရသည်။ မူလကမူ အပစ်အခတ်ရပ်စဲရေး (ယာယီစစ်ရပ်စဲမှု) မှာ ယနေ့ ဗုဒ္ဓဟူးနေ့တွင် သက်တမ်းကုန်ဆုံးရန် သတ်မှတ်ထားခြင်းဖြစ်သည်။

“ဒါကြောင့်မို့လို့ ကျွန်တော်တို့ရဲ့ စစ်တပ်အနေနဲ့ ဆိပ်ကမ်းပိတ်ဆို့မှုတွေကို ဆက်လက်လုပ်ဆောင်ဖို့နဲ့ အခြားကဏ္ဍအားလုံးမှာလည်း အဆင်သင့်ရှိနေဖို့ ကျွန်တော် ညွှန်ကြားထားပါတယ်။ သူတို့ဘက်က အဆိုပြုချက်ကို တင်သွင်းပြီး ဆွေးနွေးမှုတွေ တစ်နည်းမဟုတ်တစ်နည်းနဲ့ ပြီးပြတ်သွားတဲ့အချိန်အထိ အပစ်အခတ်ရပ်စဲရေးကို သက်တမ်းတိုးသွားမှာပါ” ဟု အမေရိကန်သမ္မတက ဆိုရှယ်မီဒီယာပို့စ်တစ်ခုတွင် ရေးသားခဲ့သည်။

သတ်မှတ်ရက် အတိအကျ ဖော်ပြထားခြင်း မရှိသောကြောင့် ထရမ့်၏ ထုတ်ပြန်ချက်သည် အနည်းဆုံး အမေရိကန်ဘက်မှကြည့်လျှင် အပစ်အခတ်ရပ်စဲရေးမှာ အကန့်အသတ်မရှိ (Open-ended) သက်တမ်းတိုးထားသည့် သဘောမျိုး သက်ရောက်နေသည်။

ထရမ့်၏ ထုတ်ပြန်ချက်အပေါ် အီရန်ဘက်မှ ချက်ချင်းတုံ့ပြန်ခြင်း မရှိသေးပေ။ အီရန်၏ တစ်စိဝ်တစ်ပိုင်း အစိုးရပိုင် သတင်းဌာနဖြစ်သော Tasnim ကမူ တီဟီရန်၏ ရပ်တည်ချက်ကို “နောက်ပိုင်းတွင် တရားဝင် ထုတ်ပြန်ကြေညာမည်” ဟု ဖော်ပြခဲ့သည်။

ယခု သက်တမ်းတိုးမှုသည် ထရမ့်အိမ်ဖြူတော်၏ နောက်ဆုံးပေါ် ရုတ်တရက် ရပ်တည်ချက်ပြောင်းလဲမှု တစ်ခုလည်း ဖြစ်သည်။

သူ၏ လူမှုမီဒီယာပို့စ် မတင်မီ နာရီပိုင်းအလိုကပင် ထရမ့်သည် အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးရန် ကန့်ကွက်ထားပြီး၊ အီရန်၏ အခြေခံအဆောက်အအုံများကို အမေရိကန်က အကြီးအကျယ် မတိုက်ခိုက်‌တော့မည်ဖြစ်ကြောင်း အီရန်ကို သတိပေးခဲ့သေးသည်။

အီရန်တာဝန်ရှိသူများက နိုင်ငံ၏ ဆိပ်ကမ်းများအပေါ် အမေရိကန်၏ ရေတပ်ပိတ်ဆို့မှုကို ရှုတ်ချနေချိန်တွင် ယခုကဲ့သို့ ရပ်တည်ချက်ပြောင်းလဲမှု ပေါ်ပေါက်လာခြင်းဖြစ်ပြီး၊ ဗုဒ္ဓဟူးနေ့တွင် ပြုလုပ်မည့် ဆွေးနွေးပွဲများ၌ ၎င်းတို့ ပါဝင်တက်ရောက်ခြင်း ရှိ၊ မရှိမှာ သံသယဖြစ်ဖွယ် ရှိနေသည်။

ယင်းနောက်တွင် ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ရှရစ်ဖ်က အပစ်အခတ်ရပ်စဲရေးကို သက်တမ်းတိုးရန် သဘောတူညီခဲ့သည့်အတွက် ထရမ့်အား ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပြီး၊ ပဋိပက္ခကို ညှိနှိုင်းအဖြေရှာနိုင်ရန် အစ္စလာမ်မာဘတ်အနေဖြင့် ဆက်လက်တွန်းအားပေးသွားမည်ဟု ဆိုသည်။

“နှစ်ဖက်စလုံးအနေနဲ့ အပစ်အခတ်ရပ်စဲရေးကို ဆက်လက်လိုက်နာကြပြီး၊ ပဋိပက္ခကို အမြဲတမ်းအဆုံးသတ်ဖို့ အစ္စလာမ်မာဘတ်မှာ ကျင်းပမယ့် ဒုတိယအကျော့ ဆွေးနွေးပွဲအတွင်း ဘက်စုံလွှမ်းခြုံတဲ့ ‘ငြိမ်းချမ်းရေးသဘောတူညီချက်’ တစ်ရပ်ကို ချမှတ်နိုင်လိမ့်မယ်လို့ ကျွန်တော် စိတ်ရင်းမှန်နဲ့ မျှော်လင့်ပါတယ်” ဟု ရှရစ်ဖ်က X လူမှုမီဒီယာတွင် ရေးသားခဲ့သည်။

ရေတပ်ပိတ်ဆို့မှုများ ဆက်လက်ရှိနေသဖြင့် အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးရုံမျှဖြင့် အီရန်ကို အစ္စလာမ်မာဘတ် ဆွေးနွေးပွဲစားပွဲဝိုင်းသို့ ခေါ်ဆောင်နိုင်ခြင်း ရှိ၊ မရှိမှာ မသေချာသေးပေ။

အင်္ဂါနေ့အစောပိုင်းက အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရတ်ခ်ချီ က အီရန်ဆိပ်ကမ်းများကို ပိတ်ဆို့ထားခြင်းသည် “စစ်မီးမွှေးသည့် လုပ်ရပ်”ဖြစ်ပြီး လက်ရှိအပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ကန့်သတ်ချက်တွေကို ဘယ်လိုချေဖျက်ရမလဲ၊ မိမိရဲ့ အကျိုးစီးပွားကို ဘယ်လိုကာကွယ်ရမလဲနဲ့ ဗိုလ်ကျစိုးမိုးမှုကို ဘယ်လိုခုခံရမလဲဆိုတာ အီရန်က သိပါတယ်” ဟု အာရတ်ခ်ချီက ရေးသားခဲ့သည်။

အီရန်၏ ရပ်တည်ချက်မှာ အမေရိကန်၏ ခြိမ်းခြောက်မှုများနှင့် ရေတပ်ပိတ်ဆို့မှုများကို လူသိရှင်ကြား ငြင်းပယ်ရန် ဖြစ်သော်လည်း၊ ထရမ့်ကမူ တီဟီရန်ရှိ ခေါင်းဆောင်ပိုင်းအတွင်း သဘောထားကွဲလွဲမှုများက သံတမန်ရေးရာ ကြိုးပမ်းမှုများကို နှောင့်နှေးစေသည်ဟု အရိပ်အမြွက် ပြောကြားခဲ့သည်။

“အီရန်အစိုးရဟာ ဆိုးဆိုးရွားရွား ပြိုကွဲနေတယ်ဆိုတဲ့ အချက်အပေါ် အခြေခံပြီး (ဒါကလည်း မထင်မှတ်ထားတဲ့ အရာတော့ မဟုတ်ပါဘူး)၊ ပါကစ္စတန် စစ်သေနာပတိချုပ် အာဆင်မူနီယာနဲ့ ဝန်ကြီးချုပ် ရှာဘတ်ရှရစ်ဖ်တို့ရဲ့ တောင်းဆိုချက်အရ၊ သူတို့ရဲ့ ခေါင်းဆောင်တွေနဲ့ ကိုယ်စားလှယ်တွေ စုစည်းညီညွတ်တဲ့ အဆိုပြုချက်တစ်ရပ် မတင်ပြနိုင်မချင်း အီရန်နိုင်ငံအပေါ် ကျွန်တော်တို့ရဲ့ တိုက်ခိုက်မှုကို ဆိုင်းငံ့ထားဖို့ တောင်းဆိုခံထားရပါတယ်” ဟု အမေရိကန်သမ္မတက အင်္ဂါနေ့က ပို့စ်တွင် ရေးသားခဲ့သည်။

ဖေဖော်ဝါရီ ၂၈ ရက်က အမေရိကန်နှင့် အစ္စရေးတို့သည် အီရန်အပေါ် ပထမဆုံး စတင်တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း၊ အဓိပတိ အယာတိုလာ အလီခါမေနီ အပါအဝင် အီရန်ထိပ်တန်းအရာရှိ အများအပြား သေဆုံးခဲ့သည်။

သို့သော်လည်း အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) က စစ်ရေးကြိုးပမ်းမှုများကို ဦးဆောင်နေသဖြင့် တီဟီရန်၏ အုပ်ချုပ်ရေးယန္တရားအတွင်း ကြီးကြီးမားမား ဖောက်ထွက်ဘက်ပြောင်းမှုမျိုး မရှိသေးပေ။

ခါမေနီ၏နေရာတွင် ၎င်း၏သားဖြစ်သူ မိုတာဘာက အစားထိုးဝင်ရောက်ခဲ့သော်လည်း၊ ၎င်းသည် ပြီးခဲ့သည့်လက အဓိပတိအဖြစ် ရွေးချယ်ခံရပြီးကတည်းက လူမြင်ကွင်းသို့ ထွက်ပေါ်လာခြင်း မရှိသေးပေ။တီဟီရန်မှ သတင်းပေးပို့ရာတွင် Al Jazeera သတင်းထောက် အလီဟာရှင် ကမူ အီရန်ခေါင်းဆောင်ပိုင်း ပြိုကွဲနေသည်ဟူသော ထရမ့်၏ အခိုင်အမာပြောဆိုချက်မှာ “အထင်မှားမှု” ဖြစ်နိုင်ခြေရှိကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

“ယခင် အဓိပတိ အယာတိုလာ အလီခါမေနီ လုပ်ကြံခံရပြီးကတည်းက အီရန်ဟာ အလွန်စည်းလုံးတဲ့ ခေါင်းဆောင်မှု ရှိနေပါတယ်။ ဘာကြောင့်လဲဆိုတော့ ခေါင်းဆောင်သစ် မိုတာဘာ ခါမေနီနဲ့ သူ့ဘေးနားက လူတွေဟာ ပြီးခဲ့တဲ့ ၁၅ နှစ်လုံးလုံး အတူတူ အလုပ်လုပ်လာခဲ့တဲ့ အဖွဲ့ဖြစ်လို့ပါပဲ။ ဒီအဖွဲ့ဝင်တွေဟာ လက်ရှိ တီဟီရန်ရဲ့ ဆုံးဖြတ်ချက်ချမှတ်တဲ့ နေရာတွေမှာ ရှိနေကြပါတယ်” ဟု အလီဟာရှင် က ဆိုသည်။

အီရန်နှင့် အမေရိကန်တို့သည် ဧပြီလ ၈ ရက်နေ့တွင် ကနဦး နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေးကို သဘောတူညီခဲ့ကြသော်လည်း၊ အဆိုပါသဘောတူညီချက်မှာ လက်ဘနွန်နိုင်ငံကို အပစ်ရပ်မှုတွင် ထည့်သွင်းရန်နှင့် ဟော်မုဇ်ရေလက်ကြား ထိန်းချုပ်မှုဆိုင်ရာ သဘောထားကွဲလွဲမှုများကြောင့် အခက်အခဲဖြစ်နေကာ တင်းမာမှုများ ဆက်လက်ရှိနေခြင်းဖြစ်သည်။

စစ်ပွဲကို အဆုံးသတ်ရန်အတွက် အမေရိကန်သည် အီရန်၏ နျူကလီးယားအစီအစဉ်ကို အပြီးတိုင် ရပ်တန့်ရန်၊ ဒုံးကျည်ထုတ်လုပ်မှုကို ကန့်သတ်ရန်နှင့် ဟစ်ဇဘိုလာနှင့် ဟားမတ်စ်တို့ အပါအဝင် ဒေသတွင်း မဟာမိတ်များအပေါ် ထောက်ပံ့နေမှုများကို ကန့်သတ်ရန် ကြိုးပမ်းနေသည်။သို့သော် အီရန်ဘက်ကမူ အရပ်ဘက်နျူကလီးယား အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ယူရေနီယမ်ကို ပြည်တွင်း၌ သန့်စင်ခွင့်ရှိကြောင်း အခိုင်အမာ ပြောဆိုထားသည်။ထို့ပြင်

၎င်းတို့၏ စစ်ရေးစွမ်းဆောင်ရည်နှင့် ဒေသတွင်း မဟာမိတ်ဖွဲ့မှုများကို အလျှော့ပေး ဆွေးနွေးရမည့်အရာများမဟုတ်ဟု ငြင်းပယ်ထားသည်။အခြားသော အငြင်းပွားဖွယ်အချက်မှာ အီရန်၌ လက်ရှိရှိနေသော အဆင့်မြင့်သန့်စင်ထားသည့် ယူရေနီယမ် သိုလှောင်မှုများ ဖြစ်သည်။ဗုံးကြဲခံထားရသော နေရာများမှ နျူကလီးယားပစ္စည်းများကို ထုတ်ယူရန် အမေရိကန်အား အီရန်က သဘောတူခဲ့သည်ဟု ထရမ့်က ဆိုသော်လည်း၊ အီရန်ဘက်ကမူ ၎င်းတို့၏ ယူရေနီယမ်များကို ပြည်ပသို့ အထွက်ခံမည်မဟုတ်ကြောင်း ပြောကြားထားသည်။

Stimson Center အဖွဲ့မှ ပညာရှင် ဘာဘရာဆယ်လ်ဗင်ကမူ ထရမ့်၏ အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးသည့် ထုတ်ပြန်ချက်မှာ လိပ်ခဲတည်းလည်း ဖြစ်နေသော ဆွေးနွေးပွဲများ၏ “အရှက်ရစရာ အခြေအနေကို ဖုံးကွယ်ရန် နည်းလမ်းတစ်ခု” သာဖြစ်ကြောင်း ပြောကြားခဲ့သည်။ထရမ့်သည် ဒုတိယသမ္မတ ဂျေဒီဗန့်စ် ကို ပါကစ္စတန်သို့ စေလွှတ်၍ အီရန်နှင့် ညှိနှိုင်းရန် ဆန္ဒရှိခဲ့သော်လည်း၊ အီရန်ဘက်က ဆွေးနွေးပွဲသို့ တက်ရောက်ရန် အသင့်ဖြစ်ပုံမရကြောင်း သူမက ထောက်ပြခဲ့သည်။

“ဒီစစ်ပွဲဟာ အစကတည်းက သူ (ထရမ့်) မျှော်လင့်ထားသလို ဖြစ်မလာခဲ့ပါဘူး။ အီရန်ဟာ ဟော်မုဇ်ရေလက်ကြားကို ထိန်းချုပ်ထားနိုင်တဲ့အတွက် အသာစီးရနိုင်မယ့် အခွင့်အရေးသစ်ကို ရှာဖွေတွေ့ရှိသွားခဲ့ပါတယ်” ဟု ဆယ်လ်ဗင် က Al Jazeera သို့ ပြောကြားခဲ့သည်။အမေရိကန်အနေဖြင့် ၎င်း၏ “အမြင့်ဆုံး တောင်းဆိုချက်များ”ကို စွန့်လွှတ်သင့်ပြီး၊ အဖြေရှာရန် အလေးအနက်ထားကြောင်း ပြသသည့်အနေဖြင့် အီရန်အပေါ် တစ်စုံတစ်ရာသော အပြုသဘောဆောင်သည့် ကမ်းလှမ်းမှုမျိုး ပြုလုပ်သင့်သည်ဟုလည်း သူမက ဆက်လက်ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဦးဝင်းမြင့်အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်လာမှုကို ကြိုဆိုကြောင်း အမေရိကန်သံရုံးထုတ်ပြန်

မြန်မာနှစ်သစ်ကူး အထိမ်းအမှတ်အဖြစ် ဦးဝင်းမြင့်နှင့် မရှင်ဒေဝီတို့ အပါအဝင် နိုင်ငံရေးအကျဉ်းသားများ ပြန်လည်လွတ်မြောက်လာသည်ကို ကြိုဆိုကြောင်း အမေရိကန်သံရုံးက သတင်းထုတ်ပြန်သည်။ ယနေ့ (ဧပြီ ၂၂) ရက်နေ့တွင် ထုတ်ပြန်ခြင်း ဖြစ်ကာအမေရိကန်ပြည်ထောင်စုအနေဖြင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် ဆက်လက်တိုက်တွန်းသွားမည်ဖြစ်သည်ဟု ဆိုသည်။ ထို့အပြင်မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးဖြစ်စဉ်ကိုလည်း ဆက်လက်ပံ့ပိုးကူညီသွားမည် ဖြစ်ကြောင်းထုတ်ပြန်ထားသည်။

ပြဋ္ဌာန်းထားသည့်ဥပဒေများကိုကျူးလွန်ခဲ့သော တရုတ်နိုင်ငံသား (၅) ဦးကို တရားစွဲဆိုနိုင်ရန်ဆောင်ရွက်နေ

မြန်မာနိုင်ငံအတွင်းသို့ဝင်ရောက်လာပြီး ပြဋ္ဌာန်းထားသည့်ဥပဒေများကိုကျူးလွန်ခဲ့သော တရုတ်နိုင်ငံသား (၅) ဦးကို တရားစွဲဆိုနိုင်ရန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ တရုတ်နိုင်ငံသား (၂) ဦးအား ပြည်ဝင်ခွင့်ဗီဇာစည်းကမ်းဖေ-ာက်ဖျ-က်ခဲ့၍ ၁၉၄၇ ခုနှစ်၊ မြန်မာနိုင်ငံလူဝင်မှုကြီး ကြပ်ရေး (လတ်တလော) ပြဌာန်းချက်များအက်ဥပဒေပုဒ်မ ၃ (၁) /၁၃ (၁) အရ ဧပြီ ၁၂ ရက်၊ တရုတ်နိုင်ငံသား (၂) ဦးအား မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်မှုဖြင့် ဧပြီ ၁၅ ရက်၊ တရုတ် (ထိုင်ဝမ်) နိုင်ငံသား (၁) ဦးအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရန် ထိုင်းနိုင်ငံ ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး နေပြည်တော်ရောက်ရှိလာ

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်တွေ့ဆုံဆွေး နွေးမှုများပြုလုပ်ရန် ထိုင်းနိုင်ငံ ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆီဟဆက်ဖူဝန်ကေ့ကဲ့ဝို့ ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် ဧပြီ ၂၁ ရက်ညနေပိုင်းက အထူးလေယာဥ်ဖြင့် နေပြည်တော်လေဆိပ်သို့ရောက်ရှိလာခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန ဒု-ဝန် ကြီးနှင့် တာဝန်ရှိသူများကကြိုဆိုခဲ့ကြသည်။ ထိုင်းနိုင်ငံ ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆီဟဆက်ဖူဝန်ကေ့ကဲ့ဝို့ ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ယနေ့ ဧပြီ ၂၂ ရက်အထိခရီးစဥ်ရောက်ရှိခဲ့ကြခြင်းဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071