Monday, March 23, 2026

မြန်မာနိုင်ငံမှ မလေးရှားနိုင်ငံသွားရောက်မည့် အလုပ်သမားများအားလုံး အသက်ရှူလမ်းကြောင်းဆိုင်ရာကျန်းမာရေးအသိပေးချက်များကို...

မြန်မာနိုင်ငံမှ မလေးရှားနိုင်ငံသွားရောက်မည့် အလုပ်သမားများအားလုံး အသက်ရှူလမ်းကြောင်းဆိုင်ရာကျန်းမာရေးအသိပေးချက်များကို ဂရုပြုလိုက်နာရန် အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက သတိပေးခဲ့သည်။ မလေးရှားနိုင်ငံအတွင်း ကျန်းမာရေးနှင့်အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးစည်းကမ်းချက်များကိုလိုက်နာရန်၊ လတ်တလောတွင် တီဘီရောဂါဖြစ်ပွားသူပိုမိုများပြားနေ၍ ထိရောက်သောကုသမှုနှင့်...

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်တွင် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျုးလွန်နေသည့်...

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်၊ ခိုဟိုင်းကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ကိုင်နေသည့် တရားမဝင် ပြည်ပနိုင်ငံသားများကို မတ်လ ၂၂ ရက်နေ့ က ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့်...

တာချီလိတ်မြို့နယ်တွင် ၂ ရက်အတွင်း ကျပ်...

တာချီလိတ်မြို့နယ်၊ ပုန်းထွန်ရပ်ကွက်၊ မယ်ဆိုင်ချောင်းဘေး၌ ကျပ် ၂ ဒသမ ၈ ဘီလီယံဝန်းကျင် တန်ဖိုးရှိ အိုက်စ် ၂၆၀ ကီလိုဂရမ် ကို...

ခရိုင်မြို့အင်္ဂါရပ်နှင့်အညီ ကျုံပျော်မြို့အဝင်၌ Landscape တည်ဆောက်နေ

ကျုံပျော်မြို့ခံ ပြည်သူများ၏ စုပေါင်းလှူဒါန်းမှုနှင့်ဌာနဆိုင်ရာများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ကျုံပျော်မြို့အဝင်မြေယာရှုခင်းအလှ (Landscape) တည်ဆောက်ခြင်းကို စတင်အကောင်အထည်ဖော်နေကြောင်း သိရသည်။ "ခရိုင်မြို့အင်္ဂါရပ်နဲ့အညီပေါ့ ။ ကျွန်တော်ကနေ ဆော်သြပေးမှုနဲ့ မြို့ခံအလှူရှင်တွေက...
HomeInternationalအီရန်နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် အကြိုညှိနှိုင်းမှုများ...

အီရန်နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် အကြိုညှိနှိုင်းမှုများ အမေရိကန် စတင်နေကြောင်း သတင်းထွက်ပေါ်

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်၏ အစိုးရအဖွဲ့သည် အီရန်နိုင်ငံနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ မည်သို့ဖြစ်လာနိုင်သည်ဆိုသည့် အချက်အပေါ် အခြေခံ၍ အကြိုညှိနှိုင်းမှုများ စတင်နေပြီဖြစ်ကြောင်း အမေရိကန်သတင်းဝက်ဘ်ဆိုက် Axios က အစိုးရအရာရှိတစ်ဦးနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ခုကို ကိုးကား၍ ဖော်ပြခဲ့သည်။

ပြီးခဲ့သည့် စနေနေ့က Axios ၏ ဖော်ပြချက်အရ ဝါရှင်တန်နှင့် တီဟီရန်အကြား မကြာသေးမီရက်ပိုင်းအတွင်း တိုက်ရိုက်ဆက်သွယ်မှု မရှိသေးသော်လည်း အီဂျစ်၊ ကာတာနှင့် ဗြိတိန် နိုင်ငံတို့မှတစ်ဆင့် နှစ်ဖက်အကြား အမှာစကားများ ပါးလျက်ရှိကြောင်း သိရသည်။

အီဂျစ်နှင့် ကာတာနိုင်ငံတို့၏ အဆိုအရ အီရန်သည် ဆွေးနွေးညှိနှိုင်းရန် စိတ်ဝင်စားသော်လည်း အလွန်တင်းကြပ်သော တောင်းဆိုချက်များကို တင်ပြထားသည်။ ၎င်းတို့အထဲတွင်

  • စစ်ပွဲကြောင့် ထိခိုက်မှုများအတွက် လျော်ကြေးပေးရန် နှင့်
  • နောင်တွင် စစ်ပွဲပြန်လည်မဖြစ်ပွားစေရန် အာမခံချက်ပေးရန် တို့ ပါဝင်သည်။

အမေရိကန်အစိုးရဘက်ကလည်း အီရန်ဘက်မှ အောက်ပါ အချက် (၆) ချက်ကို လိုက်နာရန် အလိုရှိနေကြောင်း Axios က ဖော်ပြထားသည်။

၁။ လာမည့် ၅ နှစ်အတွင်း ဒုံးကျည်ထုတ်လုပ်မှု အစီအစဉ် မရှိစေရ။

၂။ ယူရေနီယံသန့်စင်မှု လုပ်ငန်းစဉ်များကို သုညအဆင့်ထိ လျှော့ချရန်။

၃။ ပြီးခဲ့သည့်နှစ်က အမေရိကန်နှင့် အစ္စရေးတို့ ဗုံးကြဲတိုက်ခိုက်ခဲ့သော အီရန်အလယ်ပိုင်းရှိ Natanz၊ Isfahan နှင့် Fordow နျူကလီးယားစခန်းများကို အပြီးတိုင် ဖျက်သိမ်းရန်။

၄။ နျူကလီးယားလက်နက် ထုတ်လုပ်ရာတွင် အသုံးပြုနိုင်သည့်စက်များနှင့် ဆက်စပ်စက်ပစ္စည်းများ ထုတ်လုပ်မှုကို ပြင်ပမှ တင်းကြပ်စွာ စောင့်ကြည့်စစ်ဆေးသည့် လုပ်ထုံးလုပ်နည်းများကို လက်ခံရန်။

၅။ ဒေသတွင်းနိုင်ငံများနှင့် လက်နက်ထိန်းချုပ်ရေးစာချုပ် ချုပ်ဆိုရန် (ဒုံးကျည်ပိုင်ဆိုင်မှု အရေအတွက် ၁,၀၀၀ ထက် မကျော်လွန်စေရ)။

၆။ လက်ဘနွန်ရှိ ဟစ်ဇ်ဘိုလာ၊ ယီမင်ရှိ ဟူသီ နှင့် ဂါဇာရှိ ဟားမတ်စ်အဖွဲ့များအား ငွေကြေးထောက်ပံ့မှု လုံးဝမပြုလုပ်ရန်။

သမ္မတထရမ့်၏ အကြံပေးများကမူ အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi ကို အမှန်တကယ် သဘောတူညီချက်ရအောင် လုပ်ဆောင်ပေးနိုင်သူဟု မယူဆဘဲ အမိန့်ပေးချက်ကိုသာ ပြန်လည်ပို့ဆောင်ပေးသည့် “Fax Machine” (ဖက်စ်စက်) တစ်ခုကဲ့သို့သာ မြင်နေကြကြောင်း အမေရိကန်အရာရှိများက ဆိုသည်။

လက်ရှိတွင် ထရမ့်၏ အကြံပေးများသည် အီရန်နိုင်ငံတွင် အမှန်တကယ် ဆုံးဖြတ်ချက်ချနိုင်သူမှာ မည်သူဖြစ်သည်နှင့် ၎င်းတို့နှင့် မည်သို့ဆက်သွယ်ရမည်ကို သိရှိနိုင်ရန် ကြိုးပမ်းနေကြသည်ဟု သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာနိုင်ငံမှ မလေးရှားနိုင်ငံသွားရောက်မည့် အလုပ်သမားများအားလုံး အသက်ရှူလမ်းကြောင်းဆိုင်ရာကျန်းမာရေးအသိပေးချက်များကို ဂရုပြုလိုက်နာရန်သတိပေး

မြန်မာနိုင်ငံမှ မလေးရှားနိုင်ငံသွားရောက်မည့် အလုပ်သမားများအားလုံး အသက်ရှူလမ်းကြောင်းဆိုင်ရာကျန်းမာရေးအသိပေးချက်များကို ဂရုပြုလိုက်နာရန် အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက သတိပေးခဲ့သည်။ မလေးရှားနိုင်ငံအတွင်း ကျန်းမာရေးနှင့်အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးစည်းကမ်းချက်များကိုလိုက်နာရန်၊ လတ်တလောတွင် တီဘီရောဂါဖြစ်ပွားသူပိုမိုများပြားနေ၍ ထိရောက်သောကုသမှုနှင့် ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်လုပ်ဆောင်ရန် သတိပေးခဲ့သည်။ မလေးရှားနိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာန၏ လူမှုကွန်ယက်စာမျက်နှာတွင် သတင်းထုတ်ပြန်ထားမှုအရ မြန်မာနိုင်ငံမှ မလေးရှားနိုင်ငံသွားရောက်မည့် အလုပ်သမားများအားလုံး တီဘီရောဂါကဲ့သို့ အသက်ရှူလမ်းကြောင်းဆိုင်ရာကျန်းမာရေးအသိပေးချက်များကို ဂရုပြုလိုက်နာရန်လည်း သတိပေးခဲ့သည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်တွင် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျုးလွန်နေသည့် ပြည်ပနိုင်ငံသားများကို (၃)ရက်ဆက်တိုက်ဖမ်းမိ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်၊ ခိုဟိုင်းကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ကိုင်နေသည့် တရားမဝင် ပြည်ပနိုင်ငံသားများကို မတ်လ ၂၂ ရက်နေ့ က ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် မတ်လ ၂၀ ရက် နှင့် ၂၁ ရက်နေ့က လဲချားမြို့နယ် ကောင်းစံကျေးရွာအနီးတစ်ဝိုက်တွင် နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ချိန် ကျေးရွာ၏ အနောက်ဘက်မီတာ ၃၀၀၀ အကွာတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျုးလွန်နေသည့် လူနေအဆောက်အုံများနှင့် ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဖမ်းဆီးရမိတွင် တရားမဝင်အွန်လိုင်းလိမ်လည် လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား ၄၉ ဦး နှင့်...

တာချီလိတ်မြို့နယ်တွင် ၂ ရက်အတွင်း ကျပ် ၁၂ ဘီလီယံနီးပါး တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများ ဖမ်းမိ

တာချီလိတ်မြို့နယ်၊ ပုန်းထွန်ရပ်ကွက်၊ မယ်ဆိုင်ချောင်းဘေး၌ ကျပ် ၂ ဒသမ ၈ ဘီလီယံဝန်းကျင် တန်ဖိုးရှိ အိုက်စ် ၂၆၀ ကီလိုဂရမ် ကို မတ်၂၂ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် မတ်လ ၂၁ ရက်ကလည်း တာချီလိတ်မြို့ ၊မကာဟိုခမ်းရပ်ကွက်၊ ပိတောက်လမ်း မြလင်းပွင့်မိုတယ်အနီး၌ ကျပ် ၉ ဘီလီယံ နီးပါးတန်ဖိုးရှိ WY ဆေးပြားများ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ၂ ရက်အတွင်း တာချီလိတ်မြို့နယ်တွင် ကျပ် ၁၂ ဘီလီယံနီးပါး တန်ဖိုးရှိသည်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071