အစ္စရေးနှင့် အီရန်တို့ အပြန်အလှန်တို-က်ခို-က်မှုသည် ဇွန်လ၁၇ ရက် နေ့တွင် ငါးရက်မြောက်နေ့ ဖြစ်လာခဲ့ပြီး အီရန်သည် နျူကလီးယားလက်နက်များ ထုတ်လုပ်မှုကို ရပ်တန့်ရေး သဘောတူညီချက်ကို ပယ်ချခဲ့သဖြင့် မြို့တော်တေရန်နေ အီရန်နိုင်ငံသားများ အနေဖြင့် ဘေးလွတ်ရာရှောင်ကြရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တို-က်တွန်းခဲ့သည်။
အရှေ့အလယ်ပိုင်းအခြေအနေကြောင့် မစ္စတာထရမ့်ပ်သည် ကနေဒါနိုင်ငံတွင် ကျင်းပနေသည့် ဂျီ-၇ နိုင်ငံများ ထိပ်သီးအစည်းအဝေးမှ တစ်ရက်စောကာ ဇွန်လ ၁၆ ရက်အနှောင်းပိုင်းတွင် ပြန်လည်ထွက်ခွာခဲ့သည်ဟု အိမ်ဖြူတော်က ပြောကြားခဲ့သည်။ သူသည် နိုင်ငံတော် လုံခြုံရေးကောင်စီ အစည်းအဝေးကို ကျင်းပပြုလုပ်သွားလိမ့်မည်ဟု FOX သတင်းဌာနက ဖော်ပြသည်။
“သူတို့ကို လက်မှတ်ထိုးလိုက်ပါလို့ ငါပြောထားတဲ့ သဘောတူညီချက်ကို အီရန် လက်မှတ်ထိုးသင့်တယ်၊ ရှက်ဖို့ကောင်းတယ်၊ လူ့အသက်တွေကို ဖြုန်းတီးပစ်နေတယ်။ ရှင်းရှင်း ပြောပါမယ် အီရန်ဟာ နျူကလီးယားလက်နက် ရမှာမဟုတ်ပါဘူး။ ငါ ဒါကို ထပ်ခါတလဲလဲ ပြောခဲ့တယ်။ လူတိုင်း တေရန်ကနေ ဘေးလွတ်ရာကို ချက်ချင်း ရှောင်ကြပါ” ဟု မစ္စတာထရမ့်ပ်က သူ၏ Truth ဆိုရှယ်မီဒီယာပလက်ဖောင်းတွင် ရေးသားခဲ့သည်။
မစ္စတာ ထရမ့်ပ်က ဂျီ-၇ ထိပ်သီးအစည်းအဝေးမှ စောစီးစွာ ပြန်သွားခြင်းသည် အပြုသဘောဆောင်ပါကြောင်း၊ လတ်တလော ရည်မှန်းချက်မှာ အမေရိက က အဆိုပြုထားသည့် အပ-စ်အခ-တ်ရပ်စဲရေးကို အစ္စရေးနှင့် အီရန်တို့က သဘောတူညီကြရေးဖြစ်ကြောင်း ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က ပြောကြားခဲ့သည်။
မကြာမီပင် ဇွန်လ ၁၇ ရက် နေ့နံနက်ပိုင်းတွင် တေရန်၌ ပေါ-က်ကွဲမှုများဖြစ်ပွားခဲ့ကာ လေကြောင်းကာကွယ်ရေးပ-စ်ခ-တ်မှုများစွာ လုပ်ဆောင်ခဲ့သည်ဟု အီရန်မီဒီယာများက ဖော်ပြခဲ့သည်။ မြို့တော်နှင့် ကီလိုမီတာ ၃၂၀ ကွာဝေးပြီး အဓိက နျူကလီးယားအဆောက်အဦးများရှိရာ နာတန့်ဇ်တွင်လည်း လေကြောင်းကာကွယ်ရေးစနစ်များ အလုပ်လုပ်နေသည်ဟု Asriran သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။
အမေရိကသည် အီရန်ကို တို-က်ခို-က်နေပြီဆိုခြင်းမှာ မမှန်ကန်ဟု အိမ်ဖြူတော် လက်ထောက်အရာရှိတစ်ဦးက ပြောသည်။ မစ္စတာ ထရမ့်ပ်အနေဖြင့် အီရန်နှင့် နျူကလီးယားသဘောတူညီချက်ရရေး ကိုရည်မှန်းချက်ထားဆဲဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး Pete Hegseth က Fox News ကို ပြောဆိုခဲ့ပြီး အမေရိကသည် ဒေသတွင်းရှိ ၎င်း၏ ပိုင်ဆိုင်မှုများကို ခုခံကာကွယ်သွားမှာဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
Ref: သည်စထရိတ်တိုင်းမ်စ်