အီရန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ဦးဇော်ဦးကို ခန့်အပ်ထားကြောင်း သိရသည်။
၎င်းသည် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ဆောင်ရွက်ခဲ့သူတစ်ဦးလည်း ဖြစ်သည်။
ဩဂုတ်လ (၁၀) ရက်က ဦးဇော်ဦးသည် ၎င်း၏ သံတမန် ခန့်အပ်လွှာကို တီဟီရန်မြို့၌ ရှိသည့် အီရန်သမ္မတအိမ်တော်၌ အီရန်သမ္မတထံ ပေးအပ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဌာနက သတင်းထုတ်ပြန်ထားသည်။
