NETA Thailand သည် ၎င်း၏ NETA V-II အီးဗီလျှပ်စစ်ကားများကို အပူတပြင်း ရောင်းချနေကာ တစ်စီးလျှင် ဘတ် ၂၉၉,၀၀၀ (ဒေါ်လာ ၉,၁၃၅)ထိ စျေးနှုန်းများကို လျှော့ချလျှက်ရှိသည်။ အခွန် VAT အပါအဝင် ဘတ် ၃၁၉,၀၀၀ ($၉,၇၄၅)၊ ဒေါ်လာတသောင်းခန့် ဖြင့် ရောင်းချနေသည်။
အရောင်းကိုယ်စားလှယ်များသည် ဝန်ထမ်းများ အစုလိုက်အပြုံလိုက်နုတ်ထွက်မှုကြောင့်ကိုယ်စားလှယ်ယူခြင်းများ ကို ရပ်တန့်ကြတော့မည်ဖြစ်သည်။
ဇွန်လ ၄ ရက်နေ့တွင် စျေးနှုန်းကို သိသိသာသာ လျှော့ချလိုက်ကာ ၂၀ ရာခိုင်နူန်းလျော့စျေး၊ ၄ စီးဝယ် တစ်စီးအခမဲ့ရအပါအဝင်လက်ကားပရိုမိုးရှင်းများကို လုပ်ဆောင်ခဲ့သည်။
အရောင်းကိုယ်စားလှယ်ကွန်ရက် ပြိုကျပြီးနောက်ထိုင်းနိုင်ငံတွင် NETA အမှတ်တံဆိပ်၏အနာဂတ်နှင့် ပတ်သက်၍ မသေချာမရေရာမှုများရှိလာနေသည်။
Ref: ခေါင်ဆော့တ်