Wednesday, June 10, 2026

မြန်မာ့ရုပ်ရှင်ဖလင်များ ရေရှည်ထိန်းသိမ်းနိုင်ရေး အိန္ဒိယ Prasad...

အိန္ဒိယနိုင်ငံ Prasad Group မှ တာဝန်ရှိသူများသည် ပြန်ကြားရေးဝန်ကြီးဌာနသို့ လာရောက်၍ မြန်မာ့ရုပ်ရှင်ဖလင်များနှင့် သတင်းမှတ်တမ်းဖလင်များကို ရေရှည်ထိန်းသိမ်းနိုင်ရေး နည်းပညာဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ ဆွေးနွေးမှုတွင်...

ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းတစ်လျှောက် ရှုပ်ထွေးနေသော ဖိုင်ဘာကြိုးများအား...

ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းတစ်လျှောက် ရှုပ်ထွေးနေသော ဖိုင်ဘာကြိုးများအား ယခုဇွန်လကုန်အပြီး ရှင်းလင်းရမည် ဖြစ်ကာ အပြီးဆောင်ရွက်နိုင်ရေးအတွက် အဖွဲ့ (၂) ဖွဲ့ခွဲ၍ အရှိန်အဟုန်မြှင့် လည်ပတ်ဆောင်ရွက်သွားမည်ဟု...

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ(၄၃)ချက် အား လွှတ်တော်သို့တင်ပြနိုင်ရေးဆောင်ရွက်လျက်ရှိဟု NSPNC...

 ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် နိုင်ငံတကာအကူအ ညီများရရှိနိုင်ရေးကိုလည်း နှစ်ဖက်ဆွေးနွေးခဲ့ကြ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ(၄၃)ချက် အား လွှတ်တော်သို့တင်ပြနိုင်ရေးဆောင်ရွက်လျက်သည်ဟု အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီးရာပြည့်က အထက်ပါအတိုင်းပြောကြားခဲ့ကြောင်း သိရသည်။ NSPNC နှင့် NCA...

တရုတ်(တိုင်ပေ)နိုင်ငံသားများအပါအဝင် ပြည်ပနိုင်ငံ သား(၁၉)ဦးကို သက်ဆိုင်ရာနိုင်ငံများသို့...

တရုတ်(တိုင်ပေ)နိုင်ငံသားများအပါအဝင် ပြည်ပနိုင်ငံ သား(၁၉)ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ထပ်မံလွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေတွင် တ ရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ် လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် တရုတ်...
HomeNewsLocal Newsအိမ်အရောက်ပို့စနစ်ဖြင့် ဆန်ရောင်းချမှုတွင် ငွေကြေးလိ-မ်လည်မှု...

အိမ်အရောက်ပို့စနစ်ဖြင့် ဆန်ရောင်းချမှုတွင် ငွေကြေးလိ-မ်လည်မှု (၆) မှုကြုံခဲ့ရ

ဇူလိုင် (၁) ရက်မှစတင်ပြီး အိမ်အရောက်ပို့စနစ်ဖြင့် ဆန်ရောင်းချမှုတွင် ငွေကြေးလိ-မ်လည်မှု (၆) မှုကြုံခဲ့ရကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က အသိပေးထုတ်ပြန်ထားသည်။

ပြည်တွင်းစားသုံးမှုများသည့် ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်းများ ဈေးနှုန်းတည်ငြိမ်စေရေးနှင့် စားသုံးသူများ၏ နေအိမ်အရောက်ဆန်အိတ်များဖြန့်ဖြူးနိုင်ရေးအတွက် ဇူလိုင် (၁) ရက်မှ စတင်ဆောင်ရွက်ခဲ့ပြီး နေပြည်တော်၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့ရှိ အိမ်ထောင်စု (၃၉၁) စုထံ အရောက်ပို့ပေးခဲ့ကြောင်း သိရသည်။

အိမ်အရောက်ပို့စနစ်အား အွန်လိုင်းမှတစ်ဆင့် စီမံဆောင်ရွက်ခြင်း၊ ဆက်သွယ်ခြင်းနှင့် KBZ Pay ၊ AYA Pay ၊ At Wallet တို့ဖြင့် ငွေလက်ခံခြင်းတို့ကို ဆောင်ရွက်ရာတွင် မသမာသူများမှ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် Facebook Page အတုများ ဖွင့်လှစ်၍ ဖုန်းနံပါတ်များ ပြောင်းလဲပြီး ငွေကြေးလိမ်လည် လှည့်ဖြားဆောင်ရွက်မှု (၆) ခု ကြုံ‌တွေ့ခဲ့ရသဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

သို့ဖြစ်ပါ၍ အိမ်အရောက်ပို့ အစီအစဉ်အား ပိုမိုလွယ်ကူ ထိရောက်စေရန်နှင့် မှန်ကန်မြန်ဆန်စေရန် အလို့ငှာ မြို့နယ်အလိုက် ဆန်ဆိုင်များ ခွဲဝေတာဝန်ပေးပြီး၊ အဆိုပါ မြို့နယ်ရှိ ဆန်ဆိုင်များမှတစ်ဆင့် သက်ဆိုင်ရာ မြို့နယ်အနီးတစ်ဝိုက်ရှိ အိမ်ထောင်စုများထံ အိမ်အရောက် ဖြန့်ဖြူးရောင်းချခြင်းအား ၂၀၂၄ခုနှစ် ဇူလိုင် (၁၀) ရက်မှ စတင်ပြီး ရန်ကုန်တိုင်းဒေသကြီးတွင် ဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင် ငွေပေးချေမှုသည်လည်း Cash on Delivery (ပစ္စည်းရောက်ငွေချေ) စနစ်ဖြစ်ကြောင်းနှင့် ဈေးနှုန်းများ ပြောင်းလဲမှုမရှိဘဲ ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ၁၅၂,၀ဝဝ ကျပ်၊ ဧရာဝတီပေါ်ဆန်း တစ်အိတ်လျှင် ၁၃၀,၀၀၀ ကျပ်တို့ ဖြင့်ဆက်လက် ရောင်းချမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

နေပြည်တော်၊ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီးတို့တွင် အိမ်အရောက်ပို့စနစ်ဆောင်ရွက်နေပြီဖြစ်၍ လိုအပ်ပါက ဆက်သွယ်မှာကြားနိုင်ကြောင်းလည်း ဆန်စပါးအသင်းချုပ်က အသိပေးထားသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ အိမ်အရောက်ပို့ အစီအစဉ်တွင် ပူးပေါင်းဆောင်ရွက်လိုသော ဆန်ဆိုင်များ အနေဖြင့် အသင်းချုပ်နှင့် ဆက်သွယ်ဆောင်ရွက်နိုင်‌ကြောင်းနှင့် စားသုံးသူ မိဘပြည်သူများအနေဖြင့် ဝယ်ယူရန် အခက်အခဲရှိလျှင်ဖြစ်စေ၊ သတ်မှတ်ဈေးနှုန်းထက် ပို၍ ရောင်းချမှုကို ကြုံတွေ့လျှင်ဖြစ်စေ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ရုံးဖုန်းများ ၀၁-၂၃၀၁၁၂၈-၂၉၊ ၀၁-၂၁၈၂၆၆-၆၈ သို့ ဆက်သွယ်အကြောင်းကြားရန် အသိပေး ထုတ်ပြန်ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ့ရုပ်ရှင်ဖလင်များ ရေရှည်ထိန်းသိမ်းနိုင်ရေး အိန္ဒိယ Prasad Group နှင့် ပူးပေါင်းဆွေးနွေး

အိန္ဒိယနိုင်ငံ Prasad Group မှ တာဝန်ရှိသူများသည် ပြန်ကြားရေးဝန်ကြီးဌာနသို့ လာရောက်၍ မြန်မာ့ရုပ်ရှင်ဖလင်များနှင့် သတင်းမှတ်တမ်းဖလင်များကို ရေရှည်ထိန်းသိမ်းနိုင်ရေး နည်းပညာဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ ဆွေးနွေးမှုတွင် ဖလင်များကို စနစ်တကျထားသိုထိန်းသိမ်းခြင်းနှင့် ခေတ်မီဒီဂျစ်တယ်နည်းပညာများ အသုံးပြု၍ ရေရှည်ထိန်းသိမ်းနိုင်ရေးနည်းလမ်းများကို အဓိကထား ဆွေးနွေးခဲ့ကြောင်း သိရသည်။ ထို့အပြင် မြန်မာ့ဂန္ထဝင်ရုပ်ရှင်ဖလင်ဟောင်းများ ပျက်စီးဆုံးရှုံးမှုမဖြစ်စေရန် နောက်ဆုံးပေါ်နည်းပညာများဖြင့် ဒီဂျစ်တယ်ပုံစံသို့ ပြောင်းလဲမြှင့်တင်နိုင်ရေးနှင့် ရေရှည်ပူးပေါင်းဆောင်ရွက်နိုင်ရေး အလားအလာများကိုလည်း ဆွေးနွေးခဲ့ကြသည်။ Prasad Group (Prasad Corporation) သည် နှစ်ပေါင်း ၆၀ ကျော် သက်တမ်းရှိ အိန္ဒိယနိုင်ငံ၏ နာမည်ကြီး...

ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းတစ်လျှောက် ရှုပ်ထွေးနေသော ဖိုင်ဘာကြိုးများအား ယခုဇွန်လကုန်အပြီး ရှင်းလင်းရမည်

ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းတစ်လျှောက် ရှုပ်ထွေးနေသော ဖိုင်ဘာကြိုးများအား ယခုဇွန်လကုန်အပြီး ရှင်းလင်းရမည် ဖြစ်ကာ အပြီးဆောင်ရွက်နိုင်ရေးအတွက် အဖွဲ့ (၂) ဖွဲ့ခွဲ၍ အရှိန်အဟုန်မြှင့် လည်ပတ်ဆောင်ရွက်သွားမည်ဟု သိရသည်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော်မှ တဆင့် သိရခြင်း ဖြစ်သည်။ ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆက်သွယ်ရေးအခြေခံအဆောက်အဦများ စနစ်တကျရှိစေရေးနှင့် အမြင်မတင့်တယ်သော ကမ္ဘာအေးဘုရားလမ်းတစ်လျှောက် ဆက်သွယ်ရေးဖိုင်ဘာကြိုးများ ရှင်းလင်းခြင်း၊ မြေအောက်သို့ ချခင်းခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကိုလည်း ပြုလုပ်ခဲ့သည်။ အစည်းအဝေးတွင် အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်း (၁)၊ ဆက်သွယ်ရေးအော်ပရေတာကြီး (၄) ခု၊...

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ(၄၃)ချက် အား လွှတ်တော်သို့တင်ပြနိုင်ရေးဆောင်ရွက်လျက်ရှိဟု NSPNC ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီးရာပြည့်ပြော

 ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် နိုင်ငံတကာအကူအ ညီများရရှိနိုင်ရေးကိုလည်း နှစ်ဖက်ဆွေးနွေးခဲ့ကြ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ(၄၃)ချက် အား လွှတ်တော်သို့တင်ပြနိုင်ရေးဆောင်ရွက်လျက်သည်ဟု အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီးရာပြည့်က အထက်ပါအတိုင်းပြောကြားခဲ့ကြောင်း သိရသည်။ NSPNC နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ(NCA-S EAOs)ဆွေးနွေးညှိနှိုင်းရေးအဖွဲ့တို့ ဇွန် ၉ ရက်က အ လွတ်သဘောတွေ့ဆုံဆွေးနွေးစဥ်ပြောကြားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်း ချမ်းရေးတွေ့ဆုံဆွေးနွေးနိုင်ရန်ဖိတ်ခေါ်ထားကာ အ လွတ်သဘောတွေ့ဆုံဆွေးနွေးမှုများနှင့် တရားဝင်တွေ့ ဆုံဆွေးနွေးမှုများဆက်လက်ဆောင်ရွက်သွားမည်ဟုပြောကြားခဲ့ကြောင်း သိရသည်။ ထို့နောက် နှစ်ဖက်တာဝန်ရှိသူများသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အကောင်အထည်ဖော်ရာတွင် ဖြေလျှော့မှုများ၊ ငြိမ်းချမ်းရေးဆိုင်ရာမူဝါဒနှင့် လုပ်ငန်းစဉ်များ၊ ယန္တရားများကို အဆင့်ဆင့်ချမှတ်ဆောင်ရွက်နိုင်ရေး၊ ကြိုတင်သတ်မှတ်ချက်များမပါသော...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071