Thursday, May 14, 2026

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကူးပြောင်းမှုသည် မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းဖြစ်လာဟု...

လက်ရှိကမ္ဘာ့အခြေအနေများအရ စွမ်းအင်လုံခြုံရေးအတွက် တွင်းထွက်စွမ်းအင်မှ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သို့ ကူးပြောင်းရေးသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းတစ်ရပ် ဖြစ်လာကြောင်း လန်ဒန်မြို့ရှိ မြန်မာသံရုံး၏ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးဝင်းဇေယျာထွန်းက...

ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏...

ယနေ့ မေလ ၁၃ ရက်တွင် အိန္ဒိယလူမျိုး ကမ္ဘာကျော်ငြိမ်းချမ်းရေးသံတမန်နှင့် လူမှုရေးခေါင်းဆောင်တစ်ဦး ဖြစ်သည့် ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏ နှစ်(၇၀)ပြည့်မွေးနေ့...

မက်မန်းမြို့နယ်နှင့် မြဝတီမြို့တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသား(၁၁၀)...

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မက်မန်းမြို့နယ်ရှိ သံလွင်မြစ်အနီးနှင့် ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တ ရုတ်နိုင်ငံသား(၁၁၀)ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ယမန်နေ့ မေ ၁၂ ရက်နံနက်ပိုင်းနှင့်...

သာကေတ ဇိနမာရ်အောင်စေတီတော်မြတ်ကြီး ရွှေသင်္ကန်းကပ်လှူရန် အလှူငွေ...

အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ရွှေသင်္ကန်းအလှူရှင်များ လှူဒါန်းသည့် အလှူငွေများကို လက်ခံရယူခဲ့ကြသည်။ ဇိနမာရ်အောင်စေတီတော်မြတ်ကြီး...
HomeCelebrities' Newsအိမ်ထောင်ပြုမယ် ဆိုရင် ပရိသတ်တွေကို...

အိမ်ထောင်ပြုမယ် ဆိုရင် ပရိသတ်တွေကို ကြိုတင်ပြီး အသိပေးမယ်ဝတ်မှုံရွှေရည်

‘တရားလား’ ရုပ်ရှင်ဇာတ်ကား မှာ ပါဝင်သရုပ်ဆောင်မယ့် ဝတ်မှုံရွှေ ရည်က ဒီဇာတ်ကားမှာ သရုပ်ဆောင် အလုပ်တွေ မလုပ်ကိုင်ဖြစ်တာကြာပြီ ဖြစ်တဲ့ အကယ်ဒမီစိုးသူလည်း ပါဝင် မှာ ဖြစ်တဲ့အတွက် ထူးခြားမယ့် ဇာတ်ကားတစ်ကားဖြစ်မယ်လို့ ထင် ကြောင်း ပြောပါတယ်။ ဒီဇာတ်ကား မှာတော့ သူ့ရဲ့ ကာရိုက်တာက ခပ်ကြမ်း ကြမ်းသရုပ်ဆောင်ရမှာဖြစ်ပြီး ဒီလိုကာရိုက်တာမျိုး သရုပ်မဆောင် ရတာကြာပြီလို့လည်း ဆိုပါတယ်။

“ကိုပေါက်စ (စိုးသူ)အမေရိက က ပြန်ပြန်လာချင်းတုန်းကတောင်မှ ကစ်တို့ ဓာတ်ပုံတွေ ရိုက်ကူးဖြစ် တယ်။ ကြော်ငြာတွေ ရိုက်ကူးဖြစ် တယ်။ ရုပ်ရှင်လည်း တွဲရိုက်ချင်ခဲ့ပါတယ်။ ဒါပေမဲ့ အကြောင်း ကြောင်း ကြောင့် မရိုက်ကူးဖြစ်ခဲ့ဘူး။ နှစ်တွေ အများကြီး ကြာပြီးမှ ဒီဇာတ်ကားမှာ ပြန်တွေ့တာပေါ့။ ကိုပေါက်စရဲ့ ပထမဦးဆုံး ဇာတ်ကားမှာပထမဦး ဆုံးအတူတူရိုက်ကူးဖြစ်တယ်ပေါ့။ ပရိသတ် တွေကိုလည်း အားပေးစေ ချင်ပါတယ်”လို့ ပြောပါတယ်။

အနုပညာသက်တမ်းလည်း ကြာလာပြီဖြစ်တဲ့ ဝတ်မှုံရွှေရည်က အခုနောက်ပိုင်းမှာ ဇာတ်လမ်းတွေ တော်တော်ရွေးချယ်ဖြစ်နေပြီး ငြင်း လိုက်တဲ့ဇာတ်ကားတွေလည်း အများ ကြီးပဲ ရှိနေပါတယ်။ အနုပညာ သက်တမ်းကြာလာတာနဲ့အမျှ ရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းတွေ၊ ကာရိုက်တာတွေ များနေတဲ့အတွက် စိန်ခေါ်မှုမရှိတဲ့ ဇာတ်ကားတွေဆိုရင် မရိုက်ဖြစ်တော့ ပါဘူး။ ဇာတ်ကားတစ်ကားရိုက်ကူး ပြီဆိုရင်လည်း အရင်တုန်းကထက် ပိုပြီးအချိန်ပေးချင်လာတယ်လို့ ဆိုတဲ့ ဝတ်မှုံရွှေရည်က …
“အလုပ်တစ်ခုလုပ်ရင် သေသေချာချာလေး အချိန်ပေးချင်တယ်။ ကိုယ့်ဘက်က အားထုတ်ချင်တယ်။ အရင်တုန်းကလည်း အားထုတ်ခဲ့ပါ တယ်။ ဒါပေမဲ့ အဲဒီထက်ကို ပိုပြီး တော့ လေးနက်မှုရှိ ပြီးတော့ သေသေ ချာချာ အချိန်ပေးချင်တယ်။ အခု ဆိုရင် ဇာတ်ကားကောင်းရင် ပြီးရော ကြိုက်သလောက်ရိုက်၊ အဲဒီလိုမျိုးပေါ့။ အလုပ်တစ်ခုလုပ်ရင် သေချာလေး စိတ်နှစ်ပြီးတော့လုပ်ချင်တယ်။ ထွက်လာ တဲ့ရလဒ်ကလည်းထူးထူးခြားခြားနဲ့ ထိထိ ရောက်ရောက်လေးဖြစ်စေချင်တယ်။ ဇာတ်ကား ဆိုလည်း ဇာတ်ကားအလျောက် ပရိသတ်တွေ က ဒီဇာတ်ကား လေးက ကြည့်လို့ ကောင်းလိုက်တာ၊ ဘာပဲလုပ်လုပ် အချိန်ပေးပြီး စိတ်နှစ်ပြီးလုပ်ပေးချင် တဲ့စိတ်တော့ ရှိတယ်” လို့ ပြောပါ တယ်။

ညီမဖြစ်သူ နဒီရွှေရည်က အိမ် ထောင် ကျပြီး သားလေးမွေးဖွားလိုက် တဲ့အတွက် ဝတ်မှုံရွှေရည်က အဒေါ် ရာထူးကို ရသွားပါပြီ။ တူလေး ရတဲ့အတွက်လည်း ပျော်နေသလိုမိသားစုတွေအားလုံး ပျော်နေကြ တယ်လို့ ဝတ်မှုံရွှေရည်က ဆိုပါတယ်။ ဝတ်မှုံ ရွှေရည် အနေနဲ့ အခုလတ်တလောမှာ အိမ်ထောင်ပြုတော့မလားဆိုတဲ့ မေး ခွန်းကို ခဏခဏဖြေနေရပါတယ်။ အိမ်ထောင်ပြုမယ်ဆိုရင် ပရိသတ် တွေ ကို ကြိုတင်ပြီးအသိပေးသွားပါ့ မယ်လို့ ဖြေကြားခဲ့ပါတယ်။

ခိုင်ဝေလွင်၊

ဓာတ်ပုံ-မင်းမင်းထွန်း

Ads Space Available


Continue reading

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကူးပြောင်းမှုသည် မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းဖြစ်လာဟု လန်ဒန်မြို့ရှိ မြန်မာသံအမတ်ပြော

လက်ရှိကမ္ဘာ့အခြေအနေများအရ စွမ်းအင်လုံခြုံရေးအတွက် တွင်းထွက်စွမ်းအင်မှ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သို့ ကူးပြောင်းရေးသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းတစ်ရပ် ဖြစ်လာကြောင်း လန်ဒန်မြို့ရှိ မြန်မာသံရုံး၏ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးဝင်းဇေယျာထွန်းက ပြောကြားခဲ့သည်။ အဆိုပါပြောကြားချက်ကို မေ ၁၂ ရက်က ကျင်းပသည့် အာဆီယံ-လန်ဒန်ကော်မတီ (ASEAN London Committee-ALC) နှင့် ယူကေ-အာဆီယံစီးပွားရေးကောင်စီ (UK-ASEAN Business Council-UKABC) တို့၏ တွေ့ဆုံဆွေးနွေးပွဲတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ မြန်မာသံအမတ်က စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍကို ဦးစားပေးဆောင်ရွက်သင့်ကြောင်းနှင့် မြန်မာကျောင်းသားလူငယ်များ၏ အနာဂတ်အတွက် ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကိုလည်း ပိုမိုတိုးမြှင့်လုပ်ဆောင်လိုကြောင်း ပြောကြားခဲ့သည်။ ထို့ပြင်...

ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏ နှစ်(၇၀)ပြည့်မွေးနေ့ဂုဏ်ပြုပွဲ ရန်ကုန်မြို့တွင် ကျင်းပ

ယနေ့ မေလ ၁၃ ရက်တွင် အိန္ဒိယလူမျိုး ကမ္ဘာကျော်ငြိမ်းချမ်းရေးသံတမန်နှင့် လူမှုရေးခေါင်းဆောင်တစ်ဦး ဖြစ်သည့် ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏ နှစ်(၇၀)ပြည့်မွေးနေ့ ဂုဏ်ပြုပွဲကို ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားသို့ သံတမန်များ၊ The Art of Living (ရန်ကုန်)မှ တာဝန်ရှိသူများနှင့် ဧည့်သည်တော်များ စွာတက်ရောက်ခဲ့သည်။ ရှေးဦးစွာ အခမ်းအနားအား မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ နီပေါသံအမတ်ကြီး နှင့် The Art of Living ဒါရိုက်တာများမှ ဆီမီးထွန်းညှိဖွင့်လှစ်ခဲ့သည်။ ထို့နောက် The...

မက်မန်းမြို့နယ်နှင့် မြဝတီမြို့တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသား(၁၁၀) ဦးကို ဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မက်မန်းမြို့နယ်ရှိ သံလွင်မြစ်အနီးနှင့် ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တ ရုတ်နိုင်ငံသား(၁၁၀)ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ယမန်နေ့ မေ ၁၂ ရက်နံနက်ပိုင်းနှင့် ညနေပိုင်းတို့က လုံ ခြုံရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ဝင်များ သည် မက်မန်းမြို့နယ်ရှိ သံလွင်မြစ်အနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများလုပ်ကိုင်နေသည့် တ ရုတ်နိုင်ငံသား(၉၀)ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများစွာနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ဖမ်းဆီးရမိသူများအား ဥပဒေနှင့်အညီ ထိရောက်အရေးယူခြင်း၊ နောက်ကွယ်မှပါဝင်ပတ်သက်သူများကိုစိစစ်ဖော်ထုတ်ကာ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်ခြင်း၊ သိမ်းဆီးရမိပစ္စည်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီဆောင်ရွက်ခြင်းတို့ကိုပြုလုပ်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်ရှိ ဆိုဒ်များအတွင်းသို့ တရားမဝင်ဝင်ရောက်ခဲ့သည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071