Monday, February 2, 2026

အိန္ဒိယနိုင်ငံသံအမတ်ကြီး တာချီလိတ်ရှိ မြန်မာ-ထိုင်း-လာအိုနယ်စပ်ကုန်သွယ်ရေးဖွံ့ဖြိုးတိုးတက်မှုကိုလေ့လာ

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H. E. Mr. Shri Abhary Thakur သည် ဖေဖော်ဝါရီ ၁ ရက်က ရှမ်း...

ရက်ချိန်းယူထားသော နိုင်ငံကူးလက်မှတ် နှင့် ဗီဇာဝန်ဆော...

အမေရိကန်ပြည်ထောင်စုနှင့် ပြည်ပရှိအမေရိကန်သံရုံးများ၊ ကောင်စစ်ဝန်ရုံးများတွင် ရက်ချိန်းယူထားသော နိုင်ငံကူးလ က်မှတ် (passport)နှင့် ဗီဇာ (visa) ဝန်ဆောင်မှုများကို အ ခြေအနေခွင့်ပြုချက်အရ ဆက်လက်ဆောင်ရွက်သွားမည်ဖြ...

ပေါင်းစည်းခြင်း အဓိပ္ပာယ်ဖြင့် “ပြည်ထောင်စုနေ့” အထိမ်းအမှတ်...

မြန်မာ့ယဉ်ကျေးမှုထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့နှင့် လက်ဖက်စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်းတို့ ပူးပေါင်းကာ "ပြည်ထောင်စုနေ့" အထိမ်းအမှတ်အဖြစ် လက်ဖက်ပွဲတော်ကို စိမ်းလန်းစိုပြေ၌ ဖေဖော်ဝါရီလ ၁၁ ရက်မှ ၁၄ ရက်ထိ (၄)ရက်ကြာကျင်းပမည်။ အဆိုပါ...

ပဲခူးမြို့တော်ခန်းမ၌ (၇၉) ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကျင်းပ

မွန်တိုင်းရင်းသားမျာအနေဖြင့် မြန်မာနိုင်ငံတော်ကြီး ထာဝစဉ်အေးချမ်းသာယာဖွံ့ဖြိုးတိုးတက်စေရေးပူး ပေါင်းကြိုးစားကြစေလိုဟု ပဲခူးတိုင်းဝန်ကြီးချုပ်ပြော ယနေ့ ဖေဖော်ဝါရီ ၂ ရက်တွင်ကျရောက်သည့် (၇၉) ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို ပဲခူးတိုင်း၊ ပဲခူးမြို့ရှိ...
HomeCelebrities' Newsအိမ်ထောင်ဦးစီးမရှိတဲ့ အမျိုးသမီးတွေအတွက် ကူညီထောက်ပံ့နေသူခိုင်နှင်းဝေ

အိမ်ထောင်ဦးစီးမရှိတဲ့ အမျိုးသမီးတွေအတွက် ကူညီထောက်ပံ့နေသူခိုင်နှင်းဝေ

အနုပညာအလုပ်နဲ့ မအား လပ်တဲ့ကြားထဲက ပရဟိတလုပ်ငန်း တွေအတွက် အချိန်ပေးပြီး လုပ် ဆောင်ဖြစ်နေတာကတော့ သရုပ် ဆောင် ခိုင်နှင်းဝေပါ။ အောက်တို ဘာလ ၄ရက်နေ့တုန်းကလည်း ယောက်ျားမရှိဘဲ တစ်ဦးတည်း ရပ်တည်လျက်ရှိတဲ့ ဒေါ်သင်းသင်း မော်၊ ဒေါ်ယဉ်မာလှိုင်၊ ဓား စန်းရီတို့ အတွက် လိုအပ်တာတွေကို ရွှေပြည်သာမြို့နယ်အထိ သွား ရောက်လှူဒါန်းခဲ့ပါတယ်။ အလှူအ တန်းတွေ အမြဲလုပ်ဖြစ်နေတာနဲ့ ပတ်သက်ပြီး မေးမြန်းကြည့်တဲ့အခါ ခိုင်နှင်းဝေက အခုလို ပြောပါတယ်။

”မျှော်လင့်ချက်မဲ့နေတဲ့ အိမ် ထောင်ဦးစီးမရှိတဲ့ အမျိုးသမီးတွေ၊ သားသမီးတွေနဲ့ တစ်ကိုယ်တည်း ရပ်တည်လျက်ရှိတဲ့ အမျိုးသမီးတွေ၊ သားသမီးကျောထောက်နောက်ခံမ ရှိတဲ့ အဘိုး၊အဘွားတွေကို အနာ ဂတ်ဘဝလှပဖို့အတွက် အစ်မလိုက် ပြီးတော့ လှူဖြစ်တာပါ။ ဒီလမှာတော့ အစ်မ အိမ်ထောင်စုသုံးခုကို လှူဖြစ် တယ်။ သူတို့တွေ ရေရှည်ဘဝရပ် တည်နိုင်အောင် ဈေးဆိုင်တည်ဖို့အ တွက်လိုအပ်တဲ့ အိမ်ထောင်စုတစ်စု ကို ငါးခြောက်၊ ငါးခြမ်းတွေ၊ နောက် အိမ်ထောင်စုတစ်စုကို ကိုရီးယား အကင်ရောင်းဖို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေ၊ နောက်ထပ်အိမ် ထောင်စုတစ်စုကို အဝတ်အစားတွေ အစ်မလှူဒါန်း ခဲ့တယ်။ အရင်လက လည်း သာကေတဘက်မှာ အဘိုး တစ်ယောက် လေဖြတ်သွားတာ သားသမီးကျောထောက်နောက်ခံ မရှိတဲ့ အိမ်ထောင်စုအဘိုးအိုကို အစ်မတို့ သွားလှူဖြစ်တယ်”လို့ ခိုင်နှင်းဝေက ပြောပြပါတယ်။ ဒါ့ အပြင် ခိုင်နှင်းဝေက ဓားစန်းရီကို လည်း ငွေလှူဒါန်း ဖြစ်ခဲ့ပါသေးတယ်။

ခိုင်ဝါဝင်း

ဓာတ်ပုံ- မင်းမင်းထွန်း

Ads Space Available


Continue reading

အိန္ဒိယနိုင်ငံသံအမတ်ကြီး တာချီလိတ်ရှိ မြန်မာ-ထိုင်း-လာအိုနယ်စပ်ကုန်သွယ်ရေးဖွံ့ဖြိုးတိုးတက်မှုကိုလေ့လာ

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H. E. Mr. Shri Abhary Thakur သည် ဖေဖော်ဝါရီ ၁ ရက်က ရှမ်း ပြည်နယ်၊ တာချီလိတ်မြို့သို့လာရောက်၍  မြန်မာ- ထိုင်း-လာအိုနယ်စပ်ကုန်သွယ်ရေးဖွံ့ဖြိုးတိုးတက်မှုကိုလေ့လာခဲ့ကြောင်း သိရသည်။ အိန္ဒိယသံအမတ်ကြီးသည် တာချီလိတ်မြို့၊ တာလော့ဈေးနှင့် ရွှေနန်းတော်ကုန်တိုက်၊ မြန်မာ-ထိုင်းအမှတ်(၁) ချစ်ကြည်ရေးတံတားတွင် နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော် ကူသန်းသွားလာမှုများ၊ မြန်မာ-ထိုင်းအမှတ်(၂)ချစ်ကြည်ရေးတံတားတွင် နှစ်နိုင်ငံကုန်စည်စီးဆင်းမှုများကို ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။ ထို့ပြင် တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စုရှိ မိုင်းဖုန်းဆရာတော်ကြီး၏ သာသနာ့နယ်မြေမှ ဗုဒ္ဓဂါယာဘုရားအားဖူးမြှော်ကြည်ညိုပြီး မဲခေါင်အပြည်ပြည်ဆိုင်ရာမြစ်တွင်းဆိပ်ကမ်း(ဝမ်ပုံ)ကိုလည်းကြည့်ရှုလေ့လာကာ တာချီလိတ်ကုန်သွယ်ရေးစခန်း(မယ်ယန်း)တွင် တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ နယ်စပ်ကုန်သွယ်ရေးကိစ္စများကိုဆွေးနွေးခဲ့ကြောင်း သိရသည်။ Photo-ရှမ်းအရှေ့သတင်းမဏ္ဍိုင်

ရက်ချိန်းယူထားသော နိုင်ငံကူးလက်မှတ် နှင့် ဗီဇာဝန်ဆော င်မှုများကို အခြေအနေခွင့်ပြုချက်အရ ဆက်လက်ဆောင် ရွက်သွားမည်ဟု အမေရိကန်သံရုံး အသိပေး

အမေရိကန်ပြည်ထောင်စုနှင့် ပြည်ပရှိအမေရိကန်သံရုံးများ၊ ကောင်စစ်ဝန်ရုံးများတွင် ရက်ချိန်းယူထားသော နိုင်ငံကူးလ က်မှတ် (passport)နှင့် ဗီဇာ (visa) ဝန်ဆောင်မှုများကို အ ခြေအနေခွင့်ပြုချက်အရ ဆက်လက်ဆောင်ရွက်သွားမည်ဖြ စ်ကြောင်း ယနေ့တွင် အမေရိကန်သံရုံး - ရန်ကုန်က ထုတ်ပြန်အသိပေးထားသည်။ ထို့ပြင် အမေရိကန်သံရုံး၏ အသိပေးချက်၌ ဘဏ္ဍာငွေလျာ ထားမှု အတည်ပြုချက်မရသေးသည့် ကြားကာလ(lapse in appropriations)တွင် ပုံမှန်လုပ်ငန်း ဆောင်တာများအပြည့် အဝမဆောင်ရွက်နိုင်သေးသည့် အတွက်ကြောင့် ဘေးအန္တ ရာယ်နှင့် လုံခြုံရေးဆိုင်ရာ အရေးပေါ်သတင်းအချက်အလ က်များမှအပ သံရုံး၏ Facebook အကောင့်တွင်...

ပေါင်းစည်းခြင်း အဓိပ္ပာယ်ဖြင့် “ပြည်ထောင်စုနေ့” အထိမ်းအမှတ် လက်ဖက်ပွဲတော်ကို ၄ ရက်ကြာကျင်းပမည်

မြန်မာ့ယဉ်ကျေးမှုထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့နှင့် လက်ဖက်စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်းတို့ ပူးပေါင်းကာ "ပြည်ထောင်စုနေ့" အထိမ်းအမှတ်အဖြစ် လက်ဖက်ပွဲတော်ကို စိမ်းလန်းစိုပြေ၌ ဖေဖော်ဝါရီလ ၁၁ ရက်မှ ၁၄ ရက်ထိ (၄)ရက်ကြာကျင်းပမည်။ အဆိုပါ (၄)ရက်တာအတွင်း တိုင်းရင်းသားအသီးသီး၏လက်မှုပညာပြပွဲ၊ ရိုးရာအစားအစာပြပွဲတို့အပြင် အထူးပြပွဲအစီအစဉ်အနေဖြင့် ဖေဖော်ဝါရီလ ၁၁ ရက် နှင့် ၁၃ ရက်တို့တွင် လက်ဖက်စကားဝိုင်းနှင့် လက်ဖက်အား နိုင်ငံတကာတွင် လက်ဖက်ဖြင့်တွဲဖက်စားသုံးနိုင်တဲ့အမျိုးအစား ၁၂ မျိုးခင်းကျင်းပြသမည် ဖြစ်ကြောင်းသိရသည်။ မြန်မာ့လက်ဖက်ပွဲတော်ကျင်းပရခြင်းရည်ရွယ်ချက်မှာ တောင်ပေါ်ဒေသမှထွက်သော လက်ဖက်စိုနှင့် မြေပြန့်ဒေသမှထွက်သော နှမ်းဆီ၊ ပဲဆီ၊ အကြော်စုံများကို တွဲဖက်စားသုံးသောကြောင့် ပေါင်းစည်းခြင်းဟု အဓိပ္ပာယ်ရ၍...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071