အိန္ဒိယနိုင်ငံတောင်ပိုင်းရှိ ဆေးဝါးစက်ရုံတစ်ရုံ သည်တနင်္လာနေ့က ပေါက်ကွဲကာမီးလောင်ခဲ့သဖြင့် ေ-သဆုံးသူဦးရေသည် ၃၉ ဦးအထိ မြင့်တက်လာခဲ့သည်ဟုတာဝန်ရှိသူများက ပြောကြားခဲ့သည်။
နိုင်ငံတောင်ပိုင်း တယ်လန်ဂါနာပြည်နယ်ရှိ Sigachi Industries ၏ ဓါတုစက်ရုံတွင် မီးလောင်ခဲ့ခြင်း ဖြစါသည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။
အောက်တွင် အလုပ်သမားများ ပိတ်မိနေသေးခြင်း ရှိ မရှိကို သိရှိရန် ပြိုကျသွားသည့် စက်ရုံ၏ အပျက်အစီးများကို ဖယ်ရှားရှင်းလင်းနေဆဲဖြစ်ကြောင်း ပြည်နယ်မီးသတ်ဌာန ညွှန်ကြားရေးမှူး ဂျီဗီ နာရာယန်နာရာအိုက အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။
“စက်ရုံရဲ့ တည်ဆောက်ပုံတစ်ခုလုံးက ပြိုကျသွားခဲ့ပါတယ်။မီးငြိမ်းသွားပါပြီ။နောက်နာရီပိုင်းအတွင်း အပျက်အစီးတွေကို အပြီးသတ် ရှင်းလင်းနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ရာအိုကအင်္ဂါနေ့မနက်ပိုင်းတွင် ပြောဆိုခဲ့သည်။
ပေါက်ကွဲ မီးလောင်မှုဖြစ်ရခြင်းအကြောင်းရင်းကို Sigachi Industries က ထုတ်ဖော်ပြောဆိုခြင်းမရှိသော်လည်း စက်ရုံ၏ ပင်မ ထုတ်လုပ်မှုအခြေခံအဆောက်အအုံပျက်စီးသွားခဲ့ကာစက်ရုံလည်ပတ်မှုကိုရက် ၉၀ ကြာ ရပ်နားထားရမည်ဟု ဆိုခဲ့သည်။စက်ရုံသည် ဆေးဝါးများ ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဓါတုဒြပ်ပေါင်းတစ်မျိုးဖြစ်သော microcrystalline cellulose ကို ထုတ်လုပ်သည်။
စက်ရုံပေါက်ကွဲမှုဖြစ်ချိန်က စက်ရုံအတွင်း အလုပ်သမား ၁၀၈ ဦး ရှိနေခဲ့သည်ဟု တယ်လန်ဂါနာပြည်နယ် ကျန်းမာရေးဝန်ကြီး ဒါမိုဒါ ရာဂျာနာရာဆင်ဟာက ပြောကြားခဲ့သည်။ Ref: ယဟျူးနူးစ်
