နူးဒေလီ၊ဇွန် ၄
အိန္ဒိယနိုင်ငံတောင်ပိုင်း ဘန်ဂယ်လ်လူရူမြို့ရှိ ခရစ်ကက်အားကစားရုံအပြင်ဘက်၌ ဗုဒ္ဓဟူးနေ့က လူအုပ်ပြိုကျရာ လူ ၁၁ ဦးထက်မနည်းေ-သဆုံးပြီး ၅၀ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းမီဒီယာများကဖော်ပြခဲ့သည်။
Royal Challengers Bengaluru (RCB) ၏ ပထမဆုံး အိန္ဒိယပရီးမီးယားလိဂ် ချန်ပီယံဖလားအနိုင်ရ၍ အောင်ပွဲခံရန် ထောင်ပေါင်းများစွာသော ခရစ်ကတ်ပရိသတ်များစုဝေးရောက်ရှိလာချိန်တွင် လူအုပ်ပြိုခဲ့ခြင်း ဖြစ်သည်။
“ဒဏ်ရာရသူတွေကို Bowring and Lady Curzon ဆေးရုံနဲ့ Vaidehi ဆေးရုံတွေမှာတင်ထားပါတယ်။ ခုနှစ်ဦးကတော့ Bowring ဆေးရုံမှာေ-သဆုံးသွားခဲ့ပြီး ကျန်လေးဦးကတော့ Vaidehi ဆေးရုံအရောက်မှာအသ-က်ဆုံးရှုံးခဲ့တာပါ” ဟု နူးဒေလီအခြေစိုက် သတင်းချန်နယ်က ပြောကြားခဲ့သည်။
အဆိုပါပွဲကျင်းပရာ အားကစားရုံအတွင်းသို့ လက်မှတ်နှင့်ဝင်ခွင့်ရှိသူများသာဝင်ရောက်ရန် စီစဉ်ထားသော်လည်း ခရစ်ကက်ဝါသနာအိုးများက ဆုဖလားရအားကစားသမားများကို ခေတ္တမြင်တွေ့ခွင့်ရရန် ရုံအပြင်၌ စုဝေးလာစဉ် ယခုကဲ့သို့ လူအုပ်ပြိုခဲ့ခြင်းဖြစ်သည်။
Source : ရှင်းဟွာ