Tuesday, June 3, 2025

အမေရိကန်-အီရန် နျူကလီးယား သဘောတူညီချက်အောက်ဝယ် အီရန်တွင်...

အီရန်၏ နျူကလီးယားအစီအစဉ်နှင့် ပတ်သက်၍ ဖြစ်နိုင်ခြေရှိသော သဘောတူညီချက်အရ ဝါရှင်တန်အစိုးရသည် အီရန်ကို ယူရေနီယမ် များစွာသိုလှောင်မှု ပြုလုပ်ခွင့်ပြုမည် မဟုတ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က...

ပြည်နယ်အဆင့် မုန်တိုင်းအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေးလေ့ကျင့်မှုပြုလုပ်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ သံလွင်မြစ်အတွင်း ယ‌နေ့ဇွန်လ(၃)ရက် နံနက်ပိုင်း၌ ပြည်နယ်အဆင့် မုန်တိုင်းအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေး လေ့ကျင့်မှုတစ်ခု ပြုလုပ်လျက်ရှိကြောင်း သိရသည်။ အဆိုပါ လေ့ကျင့်မှုကို...

IBEC ကျောင်းတော်ကြီး၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်...

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတောင်ရိုးပေါ်ရှိ အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာ(IBEC)ကျောင်းတော်ကြီး၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပထမဆုံးကျောင်းဖွင့်ရက်ဖြစ်သော ဇွန် ၂ ရက်တွင် တက်ရောက်ပညာသင်ကြားကြမည့် ကျောင်းသား၊ ကျောင်းသူများအား IBEC...

ရက်ကန်းနှင့် အသက်မွေး ပညာသင်တန်းကျောင်း (တောင်ကြီး)...

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှု လုပ်ငန်းရုံးဌာနတွင် ရက်ကန်းနှင့်အသက် မွေးပညာသင်တန်းကျောင်း (တောင်ကြီး) ၌ ၂၀၂၅ ခုနှစ်၊ ပညာသင်နှစ်အတွက် သင်တန်းသားများခေါ်ယူထားကြောင်း...
HomeNewsLocal Newsအိန္ဒိယသံရုံးမှ ကင်ဆာရောဂါကုသစက်များကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့...

အိန္ဒိယသံရုံးမှ ကင်ဆာရောဂါကုသစက်များကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လှူဒါန်း

ယနေ့ ဇူလိုင်လ ၁၈ရက်နေ့၌ အိန္ဒိယသံရုံး၊ ရန်ကုန်သည် ကင်ဆာရောဂါကုသမည့်စက်များအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး Abhay Thakur သည် အဆင့်မြင့် Telecobalt ကင်ဆာကုထုံးစက် Bhabhatron II နှင့် Digital Radiotherapy Simulator ကိုလွှဲပြောင်းပေးအပ်ခဲ့ပြီး အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ မြို့တော်ဝန် ဦးဘိုဌေး၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း အပါအဝင် ဌာနဆိုင်ရာအသီးသီးမှ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် Bhabhatron II နှင့် Imagin လှူဒါန်းသည့် ကဗ္ဗည်းမော်ကွန်းကြေးပြားအား အမွှေးနံ့သာရည်များပက်ဖျန်းကာ အိန္ဒိယသံအမတ်ကြီးမှ စက်လှူဒါန်းရသည့် အကြောင်းအရင်းပြောကြားပြီး ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ ကျေးဇူးတင်ဝမ်းမြောက်ကြောင်း ပြန်လည်ပြောကြားကာ လှူဒါန်းမှုအတွက် ဂုဏ်ပြုမှတ်တမ်းလွှာအား အိန္ဒိယနိုင်ငံသံအမတ်ကြီးထံသို့ ပေးအပ်ခဲ့သည်။

Bhabhatron II သည် အထူးကုသရန်လိုအပ်နေသော ကင်ဆာဝေဒနာရှင်များအား ဓာတ်ရောင်ခြည်ဖြင့်ကုသခြင်းအတွက် နောက်ဆုံးပေါ် အထိရောက်ဆုံးနည်းပညာဖြစ်ကာ၊ ခန္ဓာကိုယ်၏အစိတ်အပိုင်းအသီးသီးတွင် ကင်ဆာရောဂါကို ကုသနိုင်စေပြီး အိန္ဒိယနိုင်ငံနှင့် နိုင်ငံတကာရှိ ကင်ဆာဌာနအသီးသီးမှ ထိရောက်သော ကုသမှုပုံစံဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အမေရိကန်-အီရန် နျူကလီးယား သဘောတူညီချက်အောက်ဝယ် အီရန်တွင် ယူရေနီယမ်များစွာသိုလှောင်မှုကို “လုံးဝ” ခွင့်ပြုမည်မဟုတ်ဟု ထရမ့်ဆို

အီရန်၏ နျူကလီးယားအစီအစဉ်နှင့် ပတ်သက်၍ ဖြစ်နိုင်ခြေရှိသော သဘောတူညီချက်အရ ဝါရှင်တန်အစိုးရသည် အီရန်ကို ယူရေနီယမ် များစွာသိုလှောင်မှု ပြုလုပ်ခွင့်ပြုမည် မဟုတ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်။ "Autopen(ယခင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အလိုအလျောက်လက်မှတ်ထိုးစက်ဖြင့် လက်မှတ်များရေးထိုးခဲ့ခြင်းကို ရည်ညွှန်းပြောဆိုခြင်း)ဟာ အီရန်ကို ယူရေနီယမ် များစွာသိုလှောင်မှုလုပ်တာကို လွန်ခဲ့တဲ့အချိန်ကတည်းက ရပ်တန့်ခဲ့သင့်တယ်။ ကျွန်တော်တို့ရဲ့ ဖြစ်နိုင်ခြေရှိတဲ့ သဘောတူညီချက်အောက်မှာ - အီရန်ကို ယူရေနီယမ် များစွာသိုလှောင်မှုကို လုံးဝခွင့်ပြုမှာ မဟုတ်ဘူး!" ဟု သူက Truth Social လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။ မေလ...

ပြည်နယ်အဆင့် မုန်တိုင်းအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေးလေ့ကျင့်မှုပြုလုပ်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ သံလွင်မြစ်အတွင်း ယ‌နေ့ဇွန်လ(၃)ရက် နံနက်ပိုင်း၌ ပြည်နယ်အဆင့် မုန်တိုင်းအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေး လေ့ကျင့်မှုတစ်ခု ပြုလုပ်လျက်ရှိကြောင်း သိရသည်။ အဆိုပါ လေ့ကျင့်မှုကို ကယ်ဆယ်ရေး စက်တပ်လှေ (၁၀)စီးဖြင့် လေ့ကျင့်ပြင် ဆင်နေခြင်းဖြစ်ပြီး၊ မော်လမြိုင်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသတွင်း လူမှုကယ်ဆယ်ရေးအဖွဲ့များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များပူးပေါင်း လေ့ကျင့်ပြင်ဆင်ကြခြင်းဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သော မေ(၂၈)ရက်ကလည်း ချောင်းဆုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်တို့တွင် မုန်တိုင်းအန္တရာယ်နှင့် သဘာဝဘေး အန္တရာယ် ရှာဖွေကယ်ဆယ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

IBEC ကျောင်းတော်ကြီး၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပထမဆုံးကျောင်းဖွင့်ရက်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတောင်ရိုးပေါ်ရှိ အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာ(IBEC)ကျောင်းတော်ကြီး၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပထမဆုံးကျောင်းဖွင့်ရက်ဖြစ်သော ဇွန် ၂ ရက်တွင် တက်ရောက်ပညာသင်ကြားကြမည့် ကျောင်းသား၊ ကျောင်းသူများအား IBEC ဆရာတော်က နွေးထွေးစွာကြိုဆိုနှုတ်ဆက်တော်မူခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071