Home News Local News အိန္ဒိယရောက် မြန်မာများ ကြိုတင်မဲများ လာရောက်ပေးနေပြီဖြစ်

အိန္ဒိယရောက် မြန်မာများ ကြိုတင်မဲများ လာရောက်ပေးနေပြီဖြစ်

0
65

အိန္ဒိယနိုင်ငံရောက် မြန်မာနိုင်ငံသားများ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးနိုင်ရေး နယူးဒေလီမြို့ရှိ မြန်မာသံရုံးတွင် မဲရုံဖွင့်လှစ်ဆောင်ရွက်နေပြီး လာရောက် ဆန္ဒမဲပေးမှုများ လုပ်ဆောင်နေပြီးဖြစ်ကြောင်း သိရသည်။

နယူးဒေလီမြို့ရှိ မြန်မာသံရုံးတွင် ယမန်နေ့ ဒီဇင်ဘာ(၄)ရက်ကစတင်ပြီး ကြိုတင်မဲပေးခြင်းဆောင်ရွက်နေပြီးဖြစ်ပြီး ဒီဇင်ဘာ(၆)ရက်နေ့ထိ မဲပေးနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။

အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဦးက မဲရုံမှူးအဖြစ် ကြီးကြပ်ဆောင်ရွက်ခဲ့ပြီး သံရုံးဝန်ထမ်းများမှ မဲဆန္ဒရှင်ပြည်သူများ၏ ဆန္ဒမဲလက်မှတ်များကို စိစစ်ထုတ်ပေးခြင်း၊ မဲပေးခြင်းလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လာမည့် ၂၀၂၅ အထွေထွေရွေးကောက်ပွဲတွင် ပြည်ပနိုင်ငံများသို့ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ ကြိုတင်မဲပေးခြင်းကို ဒီဇင်ဘာလအစောပိုင်းတွင် သက်ဆိုင်ရာနိုင်ငံများ၌ ကျင်းပနေပြီဖြစ်ကြောင်းလည်းသိရသည်။

ရွေးကောက်ပွဲ အပိုင်း(၁)ကို ဒီဇင်ဘာ(၂၈)ရက်နေ့၌ စတင်ကျင်းပမည်ဖြစ်ပြီး အပိုင်း(၂)ကို ၂၀၂၆ ဇန်နဝါရီ(၁၁)ရက်နေ့၌ ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အသိပေးထုတ်ပြန်ထားသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here