Wednesday, June 4, 2025

မန်ယူအသင်းကို အနိုင်ဂိုးသွင်းယူခဲ့သည့် မောင်မောင်လွင်အား ဂုဏ်ပြုဆုငွေကျပ်သိန်း(၁,၀၀၀)ချီးမြှင့်

မန်ယူအသင်းနှင့်ယှဥ်ပြိုင်ကစားခဲ့သော ASEAN ALL STAR အသင်းတွင်ပါဝင်ခဲ့ပြီး အနိုင်ဂိုးသွင်းယူခဲ့သည့် မြန်မာ့လက်ရွေးစင်အသင်းကစားသမား မောင်မောင်လွင်အား MFF အလုပ်အမှုဆောင်အဖွဲ့မှ ဂုဏ်ပြုဆုငွေကျပ်သိန်း(၁,၀၀၀)နှင့်အမှတ်တရဆုချီးမြှင့်ခဲ့သည်။ မြန်မာ့လက်ရွေးစင်ကစားသမား မောင်မောင်လွင်အား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အလုပ်အမှုဆောင်အစည်းအဝေး(၂/၂၀၂၅)ကျင်းပရာ၌...

မြန်မာသင်္ဘောမြုပ်၍ ဖူးခက်သန္တာကျောက်တန်းပျ-က်စီးနိုင်ခြေစစ်ဆေး     

   မြန်မာနိုင်ငံမှ သင်္ဘောတစ်စီး နစ်မြုပ်ခဲ့ သောကြောင့် ထိုင်းနိုင်ငံမူကိုဆူရင် အမျိုးသားဥယျာဉ်ကမ်းလွန်ရှိ သန္တာကျောက်တန်း၏ ပျ-က်စီးနိုင်ခြေကို ဥယျာဉ်နှင့် ရေတပ်ရေငုပ်သမားများက စစ်ဆေးအကဲဖြတ်နေကြောင်း သိရသည်။           ကုန်သင်္ဘော အမ်ဗီဧရာလင်း...

ဗိုလ်တထောင်စေတီတော်မြတ်ကြီးအား ထိုင်းဘုရင့်လေတပ်မှ ဒု-ဗိုလ်ချုပ်ကြီးဖူးမြှော်ကြည်ညို

ဗိုလ်တထောင်စေတီတော်မြတ်ကြီးအား ထိုင်းဘုရင့်လေတပ်မှ ဒု-ဗိုလ်ချုပ်ကြီး Air Marshal Anurak Romnarak ဦးဆောင်သောအဖွဲ့ဝင်များက ယနေ့ ဇွန် ၃ ရက်နေ့လည် ၃...

ထိုင်းတွင်ကိုဗစ်လူနာသစ် ၆၅,၀၀၀ ကျော်ရှိ၊ ‌ေ-သဆုံးသူသည်သုံးဦးရှိပြီဖြစ်

     ထိုင်းနိုင်ငံတွင် မေလနောက်ဆုံးအပတ်က ကိုဗစ်-၁၉ ကူးစက်သူသည် ၆၅,၈၈၀ ဦး အထိရှိလာပြီး‌ေ-သဆုံးသူသည် သုံးဦးအထိရှိလာသော်လည်း ရောဂါဖြစ်ပွားမှုသည် နှစ်အလိုက် အထွတ်အထိပ်အခြေအနေအောက် လျော့နည်းသွားသည်ဟု ပြည်သူ့ကျန်းမာရေးဝန်ကြီးက...
HomeInternationalအိန္ဒိယနှင့် ပါကစ္စတန်တို့ နျူကလီးယားစစ်ပွဲ...

အိန္ဒိယနှင့် ပါကစ္စတန်တို့ နျူကလီးယားစစ်ပွဲ ဖြစ်ခါနီးအထိ တင်းမာခဲ့သည်ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်းက ပြောလာ

ဇန်နဝါရီလ ၂၄ ရက် အင်္ဂါနေ့ တွင်ထုတ်ဝေခဲ့သော အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း မိုက်ခ်ပွမ်ပေယို၏ ကိုယ်တွေ့မှတ်တမ်းစာအုပ်၌ မိုက်ခ်က အိန္ဒိယနှင့် ပါကစ္စတန်ကြားရှိ အခြေအနေသည် ၂၀၁၉ ခုနှစ်တွင် နျူကလီးယားစစ်ပွဲ ဖြစ်ခါနီးအထိ တင်းမာခဲ့ကြောင်း၊ သို့ရာတွင် အမေရိက၏ ကြားဝင်ဖြေရှင်းပေးမှုကြောင့် တင်းမာမှုများ ဖြေလျော့သွားကြောင်း ဖော်ပြထားသည်။

မိုက်ခ် ပွမ်ပေယိုသည် စီအိုင်အေ အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးရုံသာမက သမ္မတဟောင်း ဒေါ်နယ်ထရမ့် လက်ထက်၌လည်း ထိပ်တန်းသံတမန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

ထိုသို့ ကြီးလေးသည့် တာဝန်များကို ထမ်းဆောင်စဉ် ကြုံတွေ့ခဲ့ရသော အတွေ့အကြုံများကို မိုက်ခ်က စာအုပ်တစ်အုပ်အဖြစ် ရေးသားကာ “Never Give an Inch” အမည်ဖြင့် မနေ့က ထုတ်ဝေခဲ့သည်။

“အိန္ဒိယနဲ့ ပါကစ္စတန်ကြားက ပြိုင်ဆိုင်မှုဟာ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလအရောက်မှာ နျူကလီးယား စစ်ပွဲဖြစ်ခါနီးအထိ နီးစပ်လာခဲ့တာကို လူတွေကောင်းကောင်းသိမယ် မထင်ပါဘူး” ဟု မိုက်ခ်က ရေးသားခဲ့သည်။

အဆိုပါ တင်းမာမှုမှာ ၂၀၁၉ ခုနှစ်တွင် ကက်ရှ်မီးယားဒေသရှိ အိန္ဒိယတပ်များကို ပါကစ္စတန် စစ်သွေးကြွများက တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် ဒေလီက လေကြောင်းတိုက်ခိုက်မှုများဖြင့် ပြန်လည်တုံ့ပြန်ခဲ့ရာမှ ပေါက်လာခြင်းဖြစ်သည်ဟု သိရသည်။

ထိုသို့ တင်းမာမှုများ ဖြစ်ပွားနေချိန်တွင် သူသည် မြောက်ကိုရီးယားအရေးဖြင့် ဟနွိုင်းမြို့သို့ ရောက်ရှိနေသည်ဟု ပွမ်ပီယို က ဆိုသည်။

ဟနွိုင်းသို့ ရောက်ရှိနေစဉ် အမည်မဖော်လိုသူ အိန္ဒိယမှ နိုင်ငံခြားရေးဝန်ကြီးက သူ့ထံ ဆက်သွယ်လာပြီး ပါကစ္စတန်သည် အိန္ဒိယအား တိုက်ခိုက်ရန်အတွက် နျူလက်နက်များ စတင်ပြင်ဆင်နေသည်ဟု သတင်းရထားကြောင်း ပြောကာ ၎င်းတို့သည်လည်း နျူလက်နက်များ စတင်ပြင်ဆင်ရန် စဉ်းစားနေကြောင်း ပြောကြားခဲ့သည်ဟု သူ၏ စာအုပ်တွင် ရေးသားထားသည်။

ထို့နောက် မိုက်ခ်သည် ပါကစ္စတန်စစ်တပ်၏ ဗိုလ်ချုပ်ကြီး ကမားဂျာဗေ့ဘဂျဝါထံ ဆက်သွယ်၍ မေးမြန်းခဲ့ရာ ကမားက ထိုသတင်းမှာ မမှန်ကန်ကြောင်းနှင့် အိန္ဒိယသည်သာ နျူလက်နက်များ ပြင်ဆင်နေသည်ဟု သိထားကြောင်း ပြန်လည်ဖြေကြားခဲ့သည်ဟု သိရသည်။

သို့ဖြစ်ပါ၍ မိုက်ခ်သည် နှစ်နိုင်ငံစလုံးအား မည်သည့်ဘက်ကမှ နျူလက်နက်များ မပြင်ဆင်နေကြောင်း ဖြောင့်ဖြကာ အဆိုပါတင်းမာမှုအား အဆုံးသတ်စေခဲ့သည်ဟု ဆိုသည်။

“အမှန်တော့ နျူကလီးယားစစ်ပွဲဖြစ်ဖို့ ဘယ်လောက်ထိ နီးစပ်ခဲ့သလဲဆိုတဲ့ အဖြေကို ကျွန်တော်လဲ တိတိကျကျ မသိပါဘူး၊ ကျွန်တော်သိတာတော့ အရမ်းကို နီးစပ်ခဲ့တာပါပဲ” ဟု မိုက်ခ်က ရေးသားထားသည်။

Source: WION ၊BBC

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မန်ယူအသင်းကို အနိုင်ဂိုးသွင်းယူခဲ့သည့် မောင်မောင်လွင်အား ဂုဏ်ပြုဆုငွေကျပ်သိန်း(၁,၀၀၀)ချီးမြှင့်

မန်ယူအသင်းနှင့်ယှဥ်ပြိုင်ကစားခဲ့သော ASEAN ALL STAR အသင်းတွင်ပါဝင်ခဲ့ပြီး အနိုင်ဂိုးသွင်းယူခဲ့သည့် မြန်မာ့လက်ရွေးစင်အသင်းကစားသမား မောင်မောင်လွင်အား MFF အလုပ်အမှုဆောင်အဖွဲ့မှ ဂုဏ်ပြုဆုငွေကျပ်သိန်း(၁,၀၀၀)နှင့်အမှတ်တရဆုချီးမြှင့်ခဲ့သည်။ မြန်မာ့လက်ရွေးစင်ကစားသမား မောင်မောင်လွင်အား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အလုပ်အမှုဆောင်အစည်းအဝေး(၂/၂၀၂၅)ကျင်းပရာ၌ ချီးမြှင့်ပေးအပ်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် အစည်းအဝေး၌ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပွဲတော်(ဆီးဂိမ်းစ်)ပြိုင်ပွဲဝင် မြန်မာယူ-၂၂ အသင်း၊ အမျိုးသမီးလက်ရွေးစင်အသင်း၊ အမျိုးသားနှင့် အမျိုးသမီး ဖူဆယ်လက်ရွေးစင်အသင်းများ အောင်မြင်ရေးကြိုတင်ပြင်ဆင်မှုများ၊ မြန်မာ့လက်ရွေးစင်အမျိုးသား၊ အမျိုးသမီး၊ လူငယ်သက်တမ်းအလိုက်အသင်းများနှင့် ဖူဆယ်အသင်းများအားလုံး အာရှ၊ အာဆီယံ ပြိုင်ပွဲများအတွက် ရည်မှန်းချက်များနှင့် ပြင်ဆင်မှုများကို သုံးသပ်ဆွေးနွေးခဲ့ကြသည်။ ထို့အတူ ငလျင်ဒဏ်ကြောင့်ပျ-က်စီးခဲ့သည့် မြန်မာဘောလုံးအကယ်ဒမီ(မန္တလေး)ရှင်းလင်းခြင်း၊ တည်ဆောက်ခြင်းနှင့် ၂၀၂၅ ပညာသစ်နှစ်...

မြန်မာသင်္ဘောမြုပ်၍ ဖူးခက်သန္တာကျောက်တန်းပျ-က်စီးနိုင်ခြေစစ်ဆေး     

   မြန်မာနိုင်ငံမှ သင်္ဘောတစ်စီး နစ်မြုပ်ခဲ့ သောကြောင့် ထိုင်းနိုင်ငံမူကိုဆူရင် အမျိုးသားဥယျာဉ်ကမ်းလွန်ရှိ သန္တာကျောက်တန်း၏ ပျ-က်စီးနိုင်ခြေကို ဥယျာဉ်နှင့် ရေတပ်ရေငုပ်သမားများက စစ်ဆေးအကဲဖြတ်နေကြောင်း သိရသည်။           ကုန်သင်္ဘော အမ်ဗီဧရာလင်း နစ်မြုပ်ခဲ့သော ရေပြင်ဧရိယာရှိ သန္တာကျောက်တန်းအခြေအနေကို စစ်ဆေးရန်အတွက် အဏ္ဏဝါဥယျာဉ်ဌာနနှင့် ဘုရင့်ရေတပ်မှ ရေငုပ်သမားများကို စေလွှတ်ထားသည်ဟု အဒ္ဒမန်ကမ်းရိုးတန်းကို ကြီးကြပ်ရသည့် ထိုင်းရေကြောင်း ကွပ်ကဲမှုစင်တာက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။          လူသုံးကုန်ပစ္စည်းများ အပြည့်တင်ဆောင်ထားပြီး သင်္ဘောသား ခုနှစ်ဦးလိုက်ပါခဲ့သော မြန်မာနိုင်ငံအလံတင်သင်္ဘောသည် ကြာသပတေးနေ့က ရနောင်းပြည်နယ်ရှိ ဆိပ်ခံတံတားတစ်ခုမှ မြန်မာနိုင်ငံ ဆိပ်ကမ်းများသို့ ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။ သင်္ဘောသည် ကော့သောင်းတွင်...

ဗိုလ်တထောင်စေတီတော်မြတ်ကြီးအား ထိုင်းဘုရင့်လေတပ်မှ ဒု-ဗိုလ်ချုပ်ကြီးဖူးမြှော်ကြည်ညို

ဗိုလ်တထောင်စေတီတော်မြတ်ကြီးအား ထိုင်းဘုရင့်လေတပ်မှ ဒု-ဗိုလ်ချုပ်ကြီး Air Marshal Anurak Romnarak ဦးဆောင်သောအဖွဲ့ဝင်များက ယနေ့ ဇွန် ၃ ရက်နေ့လည် ၃ နာရီတွင် လာရောက်ဖူးမြှော်ကြည်ညိုခဲ့ကြကြောင်း သိရသည်။ ဒု-ဗိုလ်ချုပ်ကြီးသည် ဆံတော်မြတ်ရတနာ၊ ဆံတော်တိုက်ပြခန်း၊ နန်းဦးဘုရားကြီးတို့အား ဖူးမြှော်ကြည်ညိုပြီးနောက် ရွှေသင်္ကန်းအလှူတော်ငွေကျပ်( ၁၀၀,၀၀၀)အားပေးအပ်လှူဒါန်းရာ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆံတော်မြတ်ရတနာဓာတ်ပုံတို့အား ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ဒု-ဗိုလ်ချုပ်ကြီးသည် ဗိုလ်တထောင်စေတီတော်မြတ်ကြီး၏ တန်ဆောင်းအသီးသီးတွင်ရှိသော ဘုရားများကိုလည်း လှည့်လည်ဖူးမြှော်ကြည် ညိုခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071