Saturday, June 7, 2025

အငြင်းပွားနယ်စပ်တလျှောက် ထိုင်းနှင့် ကမ္ဘောဒီးယားတပ်အင်အား တိုးချဲ့

နှစ်နိုင်ငံ အငြင်းပွားနယ်စပ်တလျှောက်တွင် ကမ္ဘောဒီးယားဘက်က တပ်ဖွဲ့ဝင်အင်အား တိုးမြှင့်ချထားခဲ့မှုကြောင့် ထိုင်းဘက်ကလည်း ၎င်း၏ တပ်အင်အားကို တိုးမြှင့်ခဲ့သည်ဟု ထိုင်းကာကွယ်ရေးဝန်ကြီးက စနေနေ့တွင် ပြောကြားခဲ့သည်။ နယ်စပ်တွင်...

ပုဒ်မ ၃၃ နှင့်ပတ်သက်၍ မြန်မာအား...

၁၁၃ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားညီလာခံ (အိုင်အယ်လ်စီ)တွင်  မြန်မာနိုင်ငံကို ကွန်ဗန်းရှင်း နှစ်ခု လိုက်နာမှုအားနည်း သဖြင့် ​အိုင်အယ်လ်အိုပုဒ်မ ၃၃ ဖြင့် စောင့်ကြည့်စစ်​ဆေး​သွားမည်ဖြစ်​ကြောင်းသိရသည်။ ပုဒ်မ...

ပန်းလှိုင်မြစ်ဝတွင် သောင်တူးလုပ်ငန်းများလုပ်ဆောင်မည်ဖြစ်၍ ရေလမ်းကြောင်းယာယီပိတ်မည်

ဧရာဝတီမြစ်နှင့် ပန်းလှိုင်မြစ်ဆုံရာ ပန်းလှိုင်မြစ်ဝ၊ ညောင်တုန်းရေလမ်းပိုင်းတွင် ဇွန်လ ၉ ရက်နေ့မှ ဇူလိုင်လ ၈ ရက်နေ့အထိ သောင်တူးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်သည်ဟု သိရသည်။ ထို့ကြောင့်...

ICC တရားသူကြီးများအပေါ် အမေရိကန်၏ ပိ-တ်ဆို့အရေးယူမှုများ...

နိုင်ငံတကာ ရာဇ၀တ်မှုခုံရုံး (ICC) မှ တရားသူကြီးလေးဦးအပေါ် အမေရိကန်အစိုးရက ချမှတ်ထားသည့် ပိ-တ်ဆို့အရေးယူမှုများ ပြန်လည်ရုပ်သိမ်းပေးရန် ကုလသမဂ္ဂ၏ လူ့အခွင့်အရေးအကြီးအကဲက တောင်းဆိုလိုက်သည်။ “တရားသူကြီးတွေကို တို-က်ခို-က်တာဟာ...
HomeInternationalအိန္ဒိယနိုင်ငံ တရားရုံးတွင် ကျားသစ်တစ်ကောင်...

အိန္ဒိယနိုင်ငံ တရားရုံးတွင် ကျားသစ်တစ်ကောင် ဝင်ရောက်သောင်းကျန်းရာ လူ ၁၀ ဦး ထက်မနည်း ဒဏ်ရာရရှိ

အိန္ဒိယနိုင်ငံ မြို့တော် နူးဒေလီအနီးရှိ ဂါဇီရာဘတ်ခရိုင် တရားရုံးတွင် ကျားသစ်တစ်ကောင် ဝင်ရောက်သောင်းကျန်းခဲ့ရာ လူ ၁၀ ဦး  ထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အသက် ၇ နှစ် သို့မဟုတ် ၈ နှစ်ဝန်းကျင် ရှိပြီဖြစ်သော ကျားသစ်အထီးသည် အင်္ဂါနေ့ကတည်းက ဂါဇီရာဘတ်ခရိုင် တရားရုံး အဆောက်အအုံထဲသို့ ဝင်ရောက်နေခဲ့သည်ဟု ယူဆရသော်လည်း ဗုဒ္ဓဟူးနေ့ရောက်မှသာ လူအများရှိရာသို့ ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု အိန္ဒိယနေ့စဉ် သတင်းစာ ဟိန္ဒူစတန် တိုင်းမ် က ဖော်ပြထားသည်။

ကျားသစ်၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသော ညီအစ်ကိုသုံးဦးသည် တရားရုံးရှိ ဒုတိယထပ်တွင် စောင့်ဆိုင်းနေစဉ် ကျားသစ်က သူတို့၏ ရှေ့တည့်တည့်သို့ ရောက်ရှိလာခဲ့ကြောင်း ပြောကြားထားသည်။

“ကျွန်တော်တို့ တကယ် တုန်လှုပ်သွားတာ။ ကျားသစ်က ကျွန်တော်တို့ သုံးယောက်ကို လာတိုက်ခိုက်တော့ အောက်ထပ်ကို ဆင်းပြေးခဲ့ရတယ်” ဟု ဒဏ်ရာရရှိခဲ့သူ တန်ဗီး အာမတ်က ပြောသည်။

အွန်လိုင်းပေါ်တွင် ပျံ့နှံနေသော ဗီဒီယိုတွင်လည်း ဒါဇင်နှင့်ချီသော လူများသည် ကျားသစ်ရန်မှ ကာကွယ်ရန်အတွက် သံတံခါးရှိသော အခန်းထဲတွင် ပုန်းခိုနေသည်ကို ပြသထားသည်။

ကျားသစ်အား တောရိုင်းတိရစ္ဆာန် တာဝန်ရှိသူများက မေ့ဆေး သေနတ်များဖြင့် ပစ်ခဲ့ပြီးနောက် ည ၈ နာရီ ၁၅ မိနစ်ခန့်ရောက်မှသာ ဖမ်းဆီးနိုင်ခဲ့သည်ဟု တိုက်ခိုက်ခံရသူ ညီအစ်ကို သုံးဦးက ဆိုသည်။

ကျားသစ်သည် အဆောက်အအုံ၏ အခြားအလွှာများရှိ လူများကိုပါ တိုက်ခိုက်ခဲ့ကြောင်း ဂါဇီရာဘတ် တရားရုံး၏ စီမံခန့်ခွဲရေး အရာရှိက ပြောထားသည်။ ဒဏ်ရာရရှိသူ အားလုံးကိုလည်း ဆေးရုံသို့ ပို့ဆောင်ထားကာ အခြေအနေ တည်ငြိမ်လျက်ရှိကြောင်း သိရသည်။

ကျားသစ်သည်လည်း ဒဏ်ရာအများအပြား ရရှိထားသဖြင့် သစ်တောဌာနမှ တိရစ္ဆာန်ဆေးကု ဆရာဝန်များက ပဋိဇီဝဆေးများ၊ ဗီတာမင်များဖြင့် ကုသပေးလျက်ရှိပြီး ပြန်ကောင်းလာသည်နှင့် တစ်ပြိုင်နက် သင့်လျော်ရာ တောများသို့ ပြန်လွှတ်ပေးသွားမည်ဟု တာဝန်ရှိသူများက ပြောထားသည်။

Source: Independent

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အငြင်းပွားနယ်စပ်တလျှောက် ထိုင်းနှင့် ကမ္ဘောဒီးယားတပ်အင်အား တိုးချဲ့

နှစ်နိုင်ငံ အငြင်းပွားနယ်စပ်တလျှောက်တွင် ကမ္ဘောဒီးယားဘက်က တပ်ဖွဲ့ဝင်အင်အား တိုးမြှင့်ချထားခဲ့မှုကြောင့် ထိုင်းဘက်ကလည်း ၎င်း၏ တပ်အင်အားကို တိုးမြှင့်ခဲ့သည်ဟု ထိုင်းကာကွယ်ရေးဝန်ကြီးက စနေနေ့တွင် ပြောကြားခဲ့သည်။ နယ်စပ်တွင် လူအ‌ေ-သအပျေ-ာက်ရှိသောပစ်ခတ်မှုဖြစ်ခဲ့ပြီး နှစ်နိုင်ငံအကြား တင်းမာမှုများ ပေါ်ပေါက်နေခြင်းဖြစ်သည်။         မေလ ၂၈ ရက် နေ့က ကမ္ဘောဒီးယားစစ်သားတစ်ဦး ‌ေ-သဆုံးခဲ့သော နယ်စပ်မျဉ်းမရှိသည့် ဧရိယာတွင် နှစ်ဖက်တပ်များ ခေတ္တတို-က်ပွဲဖြစ်ပြီးချိန်မှ စတင်ကာ အရှေ့တောင်အာရှ နှစ်နိုင်ငံ အစိုးရနှစ်ရပ်သည် ဆွေးနွေးဖြေရှင်းမှုကို ကတိပြုသည့် စကားလုံးများသုံးကာ အပြန်အလှန်ပြောဆိုခဲ့ကြသည်။                            သို့သော်လည်း ကြာသပတေးနေ့က ပြုလုပ်ခဲ့သော နှစ်ဖက်ဆွေးနွေးမှုများတွင် တင်းမာမှုလျော့ပါးစေမည့် အဆိုပြုချက်များကို...

ပုဒ်မ ၃၃ နှင့်ပတ်သက်၍ မြန်မာအား ပြည်သူ့ဘဝ မထိခိုက်စေသည့်နည်းလမ်းဖြင့် စောင့်ကြည့် ကြပ်မတ်မည်

၁၁၃ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားညီလာခံ (အိုင်အယ်လ်စီ)တွင်  မြန်မာနိုင်ငံကို ကွန်ဗန်းရှင်း နှစ်ခု လိုက်နာမှုအားနည်း သဖြင့် ​အိုင်အယ်လ်အိုပုဒ်မ ၃၃ ဖြင့် စောင့်ကြည့်စစ်​ဆေး​သွားမည်ဖြစ်​ကြောင်းသိရသည်။ ပုဒ်မ ၃၃ က အိုင်အယ်လ်အို အုပ်ချုပ်မှုအဖွဲ့ကို အဖွဲ့ဝင် နိုင်ငံ တစ်နိုင်ငံ ကစုံစမ်းရေးကော်မရှင် သို့မဟုတ် အပြည်ပြည်ဆိုင်ရာတရားရုံး၏ ဆုံးဖြတ်ချက်ကို လိုက်နာရန်ပျက်ကွက်လျှင် အဆိုပါ နိုင်ငံကို အရေးယူရန် ထောက်ခံ တင်ပြရမည့် လုပ်ထုံးလုပ်နည်းကို ပြဋ္ဌာန်းထားသည်။ ဤကဲ့သို့ အရေးယူရခြင်း၏ ရည်ရွယ်ချက်မှာ အပြည်ပြည်ဆိုင်ရာ အလုပ်သမား စံနှုန်းများ နှင့်...

ပန်းလှိုင်မြစ်ဝတွင် သောင်တူးလုပ်ငန်းများလုပ်ဆောင်မည်ဖြစ်၍ ရေလမ်းကြောင်းယာယီပိတ်မည်

ဧရာဝတီမြစ်နှင့် ပန်းလှိုင်မြစ်ဆုံရာ ပန်းလှိုင်မြစ်ဝ၊ ညောင်တုန်းရေလမ်းပိုင်းတွင် ဇွန်လ ၉ ရက်နေ့မှ ဇူလိုင်လ ၈ ရက်နေ့အထိ သောင်တူးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်သည်ဟု သိရသည်။ ထို့ကြောင့် ရန်ကုန်မြို့မှ ဧရာဝတီမြစ်သို့ ထွက်ခွာမည့် ရေယာဉ်များအားလုံး တွံတေးတူးမြောင်းမှတစ်ဆင့်သာ ဖြတ်သန်းမောင်းနှင်ရမည်ဖြစ်ကြောင်းလည်း သိရသည်။ ရေလမ်းကြောင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိုသို့ သောင်တူးလုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလအတွင်း ပန်းလှိုင်မြစ်ဝရှိ ညောင်တုန်းရေလမ်းကြောင်းကို ယာယီပိ-တ်ထားခြင်းဖြစ်ကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071