နူးဒေလီ၊ဇွန် ၃
အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းအာသံပြည်နယ်၌ ရေကြီးရေလျှံသဖြင့် လူပေါင်းသန်းတဝက်ကျော်ထိခို-က်ခဲ့ကြောင်း တာဝန်ရှိသူများက သတင်းထုတ်ပြန်ကြေငြာခဲ့သည်။ အဆိုပါရေကြီးမှုကြောင့် ပြည်နယ်အတွင်းရှိ ခရိုင်ပေါင်း ၂၂ ခုကိုထိခို-က်စေခဲ့ပြီး လက်ရှိအခြေအနေအထိ ဆိုးရွားနေဆဲဖြစ်သည်ဟုလည်း သိရသည်။
“အာသံမှာ လက်ရှိအချိန်အထိ အခြေအနေကဆိုးရွားနေဆဲပါ။ ခရိုင် ၂၂ ခုကို ရေလွှမ်းနေတာကြောင့် အဲ့ဒီခရိုင်တွေမှာရှိတဲ့ လူပေါင်း ၅၁၅,၀၃၉ ဦးထိခို-က်နစ်နာရပြီး ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း လူတစ်ဦးေ-သဆုံးပြီး နှစ်ဦးပျေ-ာက်ဆုံးနေပါတယ်” ဟုလည်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ရေကြီးရေလျှံမှုစတင်ဖြစ်ပွားချိန်မှစ၍ ယခုအချိန်အထိ စုစုပေါင်း လူ ၁၉ ဦးေ-သဆုံးကာ ၂ ဦးပျေ-ာက်ဆုံးလျက်ရှိပြီး ကျေးရွာပေါင်း ၁,၂၅၄ ရွာသည် ရေနစ်မြုပ်ကာ သီးနှံစိုက်ခင်း ၁၂,၆၁၀ ဒသမ ၂၇ ဟက်တာအထိ ပျ-က်စီးဆုံးရှုံးခဲ့သည်ဟုလည်း သိရသည်။
အာသံပြည်နယ်၏ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့ကမူ ၎င်းတို့အနေဖြင့် အစိုးရကယ်ဆယ်ရေးစခန် ၁၆၅ ခုနှင့် သဘာဝဘေးကယ်ဆယ်ရေး ပစ္စည်းများဝေငှရေးစခန်း ၁၅၇ ခုကိုဖွင့်လှစ်ထားသည်ဟုလည်း ဆိုသည်။
ရေကြီးရေလျှံမှုကြောင့် တာတမံများ၊ လမ်းများ၊ တံတားများနှင့် အခြားအခြေခံအဆောက်အဦးများလည်း ပျ-က်စီးခဲ့ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများက သတင်းထုတ်ပြန်ကြေငြာခဲ့သည်။
Source : ရှင်းဟွာ