အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံ ဒူဘိုင်းလေကြောင်းပြပွဲတွင် အိန္ဒိယလုပ်တို-က်လေယာဉ်တစ်စင်း မီးလေ-ာင်ပျ-က်ကျခဲ့ပြီး လေယာဉ်မှူးေ-သဆုံးခဲ့သည်။
ဒူဘိုင်းဝေါလ်စင်ထရယ်တွင် ပြုလုပ်ခဲ့သည့် လေကြောင်းပြပွဲ၏ နောက်ဆုံးနေ့တွင် ပြပွဲလာရောက်သူများကို သရုပ်ပြပျံသန်းနေခဲ့သည့် တို-က်ခိုက်ရေးလေယာဉ် HAL Tejas သည် သောကြာနေ့ ဒေသစံတော်ချိန်နေ့လည် ၂ နာရီထိုးပြီးစခန့်တွင် ပျ-က်ကျခဲ့ခြင်းဖြစ်သည်။
လေယာဉ်မှူးသည် အသ-က်ဆုံးရှုံးနိုင်လောက်သည့် ဒ-ဏ်ရာရရှိခဲ့သည်ဟု အိန္ဒိယလေတပ်က အတည်ပြုခဲ့ပြီး လေယာဉ်ပျ-က်ကျရသည့် အကြောင်းရင်းကို စတင်စုံစမ်းစစ်ဆေးနေဖြစ်ကြောင်း ပြောကြားခဲ့သည်။
အသ-က်ဆုံးရှုံးခဲ့ရမှုအတွက် အလွန်ဝမ်းနည်းရကြောင်းနှင့် ထိုဝမ်းနည်းဖွယ် အချိန်အခါတွင် ကျန်ရစ်သူ မိသားစုနှင့် ခိုင်မာစွာရပ်တည်ပါကြောင်း လေတပ်၏ သတင်းထုတ်ပြန်ချက်တွင် ပြောကြားထားသည်။
လေယာဉ်မှူးေ-သဆုံးရခြင်းအတွက် ဝမ်းနည်းရကြောင်း ဒူဘိုင်းအစိုးရ မီဒီယာရုံးက X ပေါ်တွင် ရေးသားခဲ့ပြီး လေယာဉ်ပျ-က်ကျရာနေရာတွင် ပြပွဲဝန်ထမ်းများက အပျ-က်အစီးများကို ရေပိုက်ဖြင့်ဖျန်းနေသည့် ပုံကို ဖော်ပြခဲ့သည်။
အရေးပေါ်ဝန်ထမ်းများက အခင်းဖြစ်ပွားရာနေရာကို ရှင်းလင်းပြီးနောက် နှစ်နာရီအတွင်း လေကြောင်းသရုပ်ပြမှုများကို ပြန်လည်စတင်ခဲ့သည်။
အိန္ဒိယအစိုးရပိုင် ဟင်ဒူစတန် အေရို နော့တစ် လစ်မစ်တက်က တည်ဆောက်ထားသော ဂျက်လေယာဉ်သည် နူးဒေလီ၏ လေတပ်ကို ခေတ်မီစေရေးကြိုးပမ်းမှု၏ အဓိကသင်္ကေတတစ်ခုဖြစ်သည်။
Ref: အယ်ဂျာဇီးယား
