Monday, December 15, 2025

ငါးနှစ်အတွင်း ဘီလီယံ ၅၃၀၀ ကျော်...

၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်ထိ စုစုပေါင်းတန်ဖိုးငွေကျပ် (၅၃၂၉) ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဓါတုပစ္စည်းများကို မီးရှို့ဖျ-က်ဆီးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ သိရသည်။ ၂၀၂၁...

အကြမ်းဖက်အဖွဲ့က မန္တလေး-မတ္တရာ-သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားကို မိုင်းခွဲဖျ-က်ဆီး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအနီးရှိ မန္တလေး-မတ္တရာ- သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ ဇရပ်ကွင်းကျေးရွာနှင့် လိပ်ကြကျေးရွာတို့အားဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်သံကူကွန်ကရစ်တံတားအား အကြမ်းဖက်အဖွဲ့မှ ယနေ့ ဒီဇင် ဘာ ၁၄...

ပြည်ကြီးတံခွန်မြို့နယ်၌ မီးလေ-ာင်မှုဖြစ်ပွား

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၄၁ (C)လမ်းနှင့် ၆၇ လမ်းတွင် ယနေ့ ဒီဇင်ဘာ ၁၄ ရက်ည ၇ နာရီကျော်ခန့်ကမီးလေ-ာင်မှုဖြစ်ပွား၍ ပြည်ကြီးတံခွန်မြို့...

ဗိုလ်တထောင်စေတီတော်မြတ်ကြီး၌ ဆရာတော်၊ သံဃာတော်နှင့် သီလရှင်များကို...

ဗိုလ်တထောင်စေတီတော်မြတ်ကြီး၏ (၅၂)ကြိမ်မြောက်ဗုဒ္ဓပူဇနိယပွဲတော်ရက်ဖြစ်သည့် ယနေ့ ဒီဇင် ဘာ ၁၄ ရက်က သံဃပူဇာအဖြစ် ဆရာတော်၊ သံဃာ တော်များနှင့် သီလရှင်များကို ဆွမ်းဆန်တော်များလောင်းလှူပူဇော်ခဲ့ကြကြောင်း...
HomeInternationalအိန္ဒိယက ဆည်ရေဖေ-ာက်လွှတ်၍ ရေကြီးနိုင်​ကြောင်း...

အိန္ဒိယက ဆည်ရေဖေ-ာက်လွှတ်၍ ရေကြီးနိုင်​ကြောင်း ပါကစ္စတန်ကို သတိပေး

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အိန္ဒိယသည် ၎င်းပိုင် ကက်ရှ်မီးယားဒေသရှိ အဓိကဆည်များ၏ ရေတံခါးအားလုံးကို သြဂုတ်လ ၂၇ ရက်‌နေ့တွင် ဖွင့်ချလိုက်ရသဖြင့် မြစ်အောက်ပိုင်းရှိ အိမ်နီးချင်းပါကစ္စတန်တွင် ရေကြီးနိုင်ခြေရှိကြောင်း သတိပေးခဲ့သည်ဟု အိန္ဒိယအစိုးရသတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။

အဆိုပါသတိပေးချက်ကို လက်ခံရရှိကြောင်း ပါကစ္စတန်က ပြောကြားခဲ့ပြီး အိန္ဒိယမှတဆင့် နိုင်ငံအတွင်းစီးဝင်သော မြစ်ကြောင်းသုံးခုတွင် ရေကြီးရေလျှံနိုင်ကြောင်း သတိပေးချက်ထုတ်ပြန်ခဲ့သည်။

မကြာသေးခင် ရက်သတ္တပတ်များအတွင်း ပြင်းထန်သော မုတ်သုံမိုးရွာသွန်းကာ ရေကြီးရေလျှံသောကြောင့် အိန္ဒိယနှင့် ပါကစ္စတန်တို့တွင် ပျ-က်စီးမှုများဖြစ်ခဲ့သည်။

ပါကစ္စတန်၏ ပန်ဂျပ်ပြည်နယ်သည် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် အိန္ဒိယဆည်များမှ ဖေ-ာက်ထုတ်လိုက်သော ရေများကြောင့် ရေလွှမ်းမိုးမှုအန္တရာယ်မှု နှစ်ဆရှိနေကြောင်း ပါကစ္စတန်တာဝန်ရှိသူများက ပြောကြားသည်။ ပန်ဂျပ်ပြည်နယ်သည် နိုင်ငံ၏ စားသောက်ကုန်သီးနှံ ကို အဓိကထုတ်လုပ်ရာနေရာဖြစ်ပြီး နိုင်ငံ့ လူဦးရေ သန်း ၂၄၀ ခန့်၏ ထက်ဝက်ခန့်နေထိုင်ရာဒေသလည်းဖြစ်သည်။

အိန္ဒိယသတင်းရင်းမြစ်တစ်ခု၏ အဆိုအရ ဆည်ရေ ကုဗစက္ကန့် ၂၀၀,၀၀၀ ကို ထုတ်လွှတ်ဖွယ်ရှိသည် ဟု ဆိုသည်။ တစ်ကုဗစက္ကန့် ဆိုသည်မှာသည် တစ်စက္ကန့်လျှင် ၂၈ ကုဗလီတာနှင့် ညီမျှသော ရေလွှတ်အားပမာဏဖြစ်သည်။ ဆည်ရေများကို တစ်ကြိမ်တည်းဖြင့် ဖေ-ာက်လွှတ်မည်လား၊ တစ်ဆင့်ချင်း ဖေ-ာက်လွှတ်မည်လားဆိုသည်ကိုမူ ရှင်းလင်းစွာမသိရပေ။

အိန္ဒိယသည် လာမည့်ရက်များအတွင်း ထိန်းချုပ်ထားသော ဆည်ရေပမာဏကို ထုတ်လွှတ်မည်ဖြစ်ကြောင်း ပါကစ္စတန် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအရာရှိတစ်ဦးက သြဂုတ်လ ၂၆ ရက် နေ့တွင် သတိပေးခဲ့သည်။

နျူကလီးယားလက်နက်ပိုင် နှစ်နိုင်ငံသည် မေလအတွင်းက ပဋိပက္ခကြောင့် ဆယ်စုနှစ်များစွာအတွင်း အဆိုးဝါးဆုံး တို-က်ခို-က်မှုများပေါ်ပေါက်ခဲ့ပြီးနောက်ပိုင်း ဆက်ဆံရေးတင်းမာနေခဲ့ပြီး အိန္ဒိယပရောဂကြောင့်သာ ပါကစ္စတန်တွင် ရေလွှမ်းမိုးမှုမျိုးဖြစ်ခဲ့ပါက ဆက်ဆံရေးပျက်ယွင်းသွားနိုင်သည်။

Ref: သည်စထရိတ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငါးနှစ်အတွင်း ဘီလီယံ ၅၃၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဓါတုပစ္စည်းများ မီးရှို့ဖျ-က်ဆီးနိုင်ခဲ့

၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်ထိ စုစုပေါင်းတန်ဖိုးငွေကျပ် (၅၃၂၉) ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဓါတုပစ္စည်းများကို မီးရှို့ဖျ-က်ဆီးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ သိရသည်။ ၂၀၂၁ ခုနှစ်တွင် ၁၀၆၈ ဒသမ ၆၆ ဘီလီယံကျော်၊ ၂၀၂၂ ခုနှစ်တွင် ၁၁၈၈ ဒသမ ၈၂၈ ဘီလီယံကျော်၊ ၂၀၂၃ ခုနှစ်တွင် ၉၃၆ ဒသမ ၇၂၃ ဘီလီယံကျော်၊ ၂၀၂၄ ခုနှစ်တွင် ၁၁၆၃ ဒသမ ၆၄၈ ဘီလီယံကျော်၊ ၂၀၂၅ ခုနှစ်တွင် ၉၇၁...

အကြမ်းဖက်အဖွဲ့က မန္တလေး-မတ္တရာ-သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားကို မိုင်းခွဲဖျ-က်ဆီး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအနီးရှိ မန္တလေး-မတ္တရာ- သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ ဇရပ်ကွင်းကျေးရွာနှင့် လိပ်ကြကျေးရွာတို့အားဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်သံကူကွန်ကရစ်တံတားအား အကြမ်းဖက်အဖွဲ့မှ ယနေ့ ဒီဇင် ဘာ ၁၄ ရက်နံနက်ပိုင်းကမိုင်းခွဲဖျ-က်ဆီးခဲ့ကြကြောင်း သိရသည်။ အကြမ်းဖက်အဖွဲ့ဝင်များသည် လုံခြုံရေးအဖွဲ့ဝင်များအား စတင်ပစ်ခတ်တိုက်ခိုက်ပြီးနောက် လုံခြုံရေးအဖွဲ့ဝင်များကပြန်လည်ပ-စ်ခတ်ရာထွက်ပြေးချိန်၌ တံတားအရှည်(၈၀)ပေ၊ အကျယ်(၁၅)ပေရှိ ကျေးရွာချင်းဆက် သံကူကွန်ကရစ်တံတားအား မိုင်းထောင်ဖေ-ာက်ခွဲခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် တံတားအောက်ခြေတိုင်များပြိုကျပျ-က်စီးခဲ့သဖြင့် လူနှင့် ယာဉ်များဖြတ်သန်းသွားလာမရဖြစ်နေ၍ လုံခြုံရေးအဖွဲ့ဝင်များက အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေးကို ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ပျ-က်ဆီးခဲ့သည့်တံတားအား ပုံမှန်အတိုင်းပြန်လည်အသုံးပြုနိုင်ရန် တာဝန်ရှိသူများနှင့်အတူဆောင်ရွက်နိုင်ရေးပြုလုပ်လျက်ရှိကြောင်း သိရသည်။

ပြည်ကြီးတံခွန်မြို့နယ်၌ မီးလေ-ာင်မှုဖြစ်ပွား

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၄၁ (C)လမ်းနှင့် ၆၇ လမ်းတွင် ယနေ့ ဒီဇင်ဘာ ၁၄ ရက်ည ၇ နာရီကျော်ခန့်ကမီးလေ-ာင်မှုဖြစ်ပွား၍ ပြည်ကြီးတံခွန်မြို့ နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ငြှိမ်းသတ်ခဲ့ကြသဖြင့် ည ၇ နာရီ ၄၄ မိနစ်၌မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071