Friday, May 16, 2025

ယူကရိန်းသို့ Taurus တာဝေးပစ် ခရုဇ်ဒုံးကျည်များပေးပို့ရန်...

ဂျာမနီနိုင်ငံသည် လက်ရှိအချိန်တွင် Taurus တာဝေးပစ် ခရုဇ်ဒုံးကျည်များကို ယူကရိန်းသို့ ပေးပို့ရန် အစီအစဉ်မရှိကြောင်း ဂျာမနီအမျိုးသားဒီမိုကရက်တစ်ပါတီ (CDU) ခေါင်းဆောင် Friedrich Merzက...

Print, Sign & ICT...

ရန်ကုန်မြို့၊ အင်းယားလိပ်ဟိုတယ်ဝင်းအတွင်းရှိ Yangon Convention Center (YCC)၌ Print, Sign & ICT Expo 2025 ပြပွဲကြီးအား...

ရှမ်းယူနိုက်တက် အသင်းခေါင်းဆောင် ထက်မြက်လွင်အား (၃)...

Yangon Royals အသင်းသည် လာမည့်မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုအနေဖြင့် မြန်မာယူ - ၁၉ အသင်းနှင့် ရှမ်းယူနိုက်တက် ယူ-၂၁ အသင်းခေါင်းဆောင်...

မိုးရာသီကာလ အဖြစ်များသည့် ရာသီတုပ်ကွေးရောဂါကာကွယ်ခြင်းဆိုင်ရာ အသိပညာပေးနှိုးဆော်

မိုးရာသီကာလအဖြစ်များသည့် ရာသီတုပ်ကွေးရောဂါ ကာကွယ်ခြင်းဆိုင်ရာ အသိပညာပေးမှုကို ပြည်သူကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေး အသိပညာမြှင့်တင်ရေးဌာနခွဲက နှိုးဆော်ခြင်းထားသည်။ အဆိုပါ တုပ်ကွေးရောဂါ ဗိုင်းရပ်စ်ပိုးသည် အသက်ရှုလမ်းကြောင်းမှတဆင့် ကူးစက်တတ်ပြီး၊ နှာချေ...
HomeInternationalအိန္ဒိယကဖိလစ်ပိုင်သို့ဒုံး-ကျည်ဒေါ်လာသန်း၂၀၀ကျော်ဖိုးရောင်းမည်

အိန္ဒိယကဖိလစ်ပိုင်သို့ဒုံး-ကျည်ဒေါ်လာသန်း၂၀၀ကျော်ဖိုးရောင်းမည်

အိန္ဒိယနိုင်ငံအနေဖြင့် ဖိလစ်ပိုင် သို့ ယခုနှစ်အတွင်း ဒေါ်လာသန်း၂၀၀ကျော်ဖိုးတာတိုပစ် ဒုံး-ကျည်များ ရောင်းချပေးရန် မျှော်လင့်ထားသည်ဟု အိန္ဒိယသတင်းရင်းမြစ်များက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။ တရုတ်နှင့် တင်းမာမှုမြင့်မားနေချိန်တွင် နူးဒေလီ၏ မနီလာနှင့် ဒုတိယမြောက် ကာကွယ်ရေးပို့ကုန်ဆိုင်ရာ သဘောတူညီချက်ဖြစ်သည်။

အိန္ဒိယ၏ ကာကွယ်ရေးသုတေသနဌာနက ဖန်တီး ထုတ်လုပ်သည့် Akash ဒုံး-ကျည်စနစ်ကို ဖိလစ်ကိုင်က စိတ်ဝင်စားခဲ့ပြီး ဧပြီလတွင် စတင်မည့် ဘဏ္ဍာရေးနှစ်တွင် ယင်းဒုံး-ကျည်များကို မှာယူသွားမည်ဟု နူးဒေလီကို ပြောဆိုထားကြောင်း သတင်းရင်းမြစ် သုံးခုက ပြောခဲ့သည်။

အဆိုပါကိစ္စသည် အတိမ်းအစောင်းမခံသော အကြောင်းအရာဖြစ်၍ သတင်းရင်းမြစ်အားလုံးက အမည်မဖော်ပြစေလိုခြင်းဖြစ်သည်။

အကွာအဝေး ၁၆ မိုင် အထိ ရောက်ရှိနိုင်သည့် မြေပြင်မှ ဝေဟင်ပစ် ဒုံး-ကျည်စနစ်ကို ယမန်နှစ်က ဒေါ်လာ သန်း ၂၃၀ တန်ဖိုးရှိ သဘောတူညီချက်ဖြင့် အာမေးနီးယားကို ရောင်းချခဲ့သည်ဟု သတင်းရင်းမြစ်များက ပြောသည်။ ဖိလစ်ပိုင်သို့ ရောင်းချပေးမည့် ဒုံးကျည်တန်ဖိုးသည် အာမေးနီးယားထက် ပိုများနိုင်သည်ဟုလည်း ၎င်းတို့က ဆိုသည်။

သို့သော်လည်း ရေဒါများ အပါအဝင် ဆက်စပ်စနစ်များ ပါဝင်မှုနှင့် ဒုံးကျည်အရေအတွက်မည်မျှဆိုသည်ကို ၎င်းတို့က ထုတ်‌ေဖါ်ပြောကြားခဲ့ခြင်း မရှိပေ။

ဒုံး-ကျည်များ ထုတ်လုပ်သည့် အိန္ဒိယကုမ္ပဏီ ဘာရတ်ဒိုင်နမစ်ကုမ္ပဏီ လီမိတက် သည် ယမန်နှစ်က မနီလာတွင် ပြုလုပ်ခဲ့သည့် အာရှ ကာကွယ်ရေးနှင့် လုံခြုံရေးပစ္စည်း ပြပွဲတွင် ပါဝင်ပြသခဲ့သည့် ကုမ္ပဏီတစ်ခုဖြစ်သည်။

ယခုသတင်းနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် တောင်းဆိုမှုကို ကုမ္ပဏီနှင့် အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာနတို့က လောလောဆယ်တွင် တုန့်ပြန်ဖြေကြားခဲ့ခြင်း မရှိသေးပေ။

ဖိလစ်ပိုင် ကာကွယ်ရေးဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်သည့် Arsenio Andolong က ဝယ်ယူရေးဆိုင်ရာ အစီအစဉ် သို့မဟုတ် သဘောတူညီချက်နှင့် ပတ်သက်၍ မှတ်ချက်ပေးရန် ငြင်းဆိုသော်လည်း နိုင်ငံ၏ စစ်တပ်သည် ယင်းလက်နက်စွမ်းရည်များ လိုအပ်သည်မှာ ထင်ရှားကြောင်း ပြောကြားခဲ့သည်။

Ref: ယူအက်စ်နူးစ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယူကရိန်းသို့ Taurus တာဝေးပစ် ခရုဇ်ဒုံးကျည်များပေးပို့ရန် လက်ရှိတွင် အစီအစဉ်မရှိဟု ဂျာမနီဆို

ဂျာမနီနိုင်ငံသည် လက်ရှိအချိန်တွင် Taurus တာဝေးပစ် ခရုဇ်ဒုံးကျည်များကို ယူကရိန်းသို့ ပေးပို့ရန် အစီအစဉ်မရှိကြောင်း ဂျာမနီအမျိုးသားဒီမိုကရက်တစ်ပါတီ (CDU) ခေါင်းဆောင် Friedrich Merzက ပြောကြားသည်။ "လက်ရှိအချိန်တွင် ဤမေးခွန်းသည် ဆွေးနွေးစရာမဟုတ်သေးပါ"ဟု သူက ZDF ရုပ်မြင်သံကြားဌာနသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ သူ၏အဆိုအရ၊ ဤဒုံးကျည်များကို အသုံးပြုရန် အထူးလေ့ကျင့်မှုများ လိုအပ်သောကြောင့် ပေးပို့ရန် အချိန်နှင့် ပြင်ဆင်မှုများစွာလိုအပ်နိုင်သည်၊ သို့သော် ယူကရိန်းသည် ဗြိတိန်နှင့် ပြင်သစ်တို့မှ ထံမှ အခြားသော ခရုဇ်ဒုံးကျည်များ ရရှိလိမ့်မည်ဟု Merz က ဖြည့်စွက်ပြောကြားခဲ့သည်။ Taurus ဒုံးကျည်များ၏...

Print, Sign & ICT Expo 2025 ပြပွဲကြီးအား ဆိုင်ခန်းပေါင်း(၁၃၆)ခန်းဖြင့်ခင်းကျင်းပြသလျက်ရှိ

ရန်ကုန်မြို့၊ အင်းယားလိပ်ဟိုတယ်ဝင်းအတွင်းရှိ Yangon Convention Center (YCC)၌ Print, Sign & ICT Expo 2025 ပြပွဲကြီးအား ဆိုင်ခန်းပေါင်း(၁၃၆)ခန်းဖြင့် ယနေ့ မေ ၁၆ ရက်မှစတင်၍ ခင်းကျင်းပြသလျက်ရှိကြောင်း သိရသည်။ အဆိုပါ ပြပွဲအားမြန်မာနိုင်ငံဒီဂျစ်တယ်ပုံနှိပ်နှင့်ဆိုင်းဘုတ်လုပ်ငန်းရှင်းများအသင်း၊ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းနှင့် မြန်မာနိုင်ငံကွန်ပျူ တာလုပ်ငန်းရှင်အသင်တို့ပူးပေါင်း၍ ယနေ့ မေ ၁၆ ရက်မှ မေ ၁၈ ရက်အထိ နေ့စဥ် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ခင်းကျင်းပြသလျက်ရှိကြောင်း...

ရှမ်းယူနိုက်တက် အသင်းခေါင်းဆောင် ထက်မြက်လွင်အား (၃) နှစ်စာချုပ်ဖြင့် Yangon Royals အသင်းခေါ်ယူ

Yangon Royals အသင်းသည် လာမည့်မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုအနေဖြင့် မြန်မာယူ - ၁၉ အသင်းနှင့် ရှမ်းယူနိုက်တက် ယူ-၂၁ အသင်းခေါင်းဆောင် ထက်မြက်လွင်အား (၃)နှစ် စာချုပ်ဖြင့် ခေါ်ယူလိုက်ပြီဖြစ်သည်။ အသက် (၂၁)နှစ်အရွယ် ထက်မြတ်လွင်သည် မန္တလေးအကယ်ဒမီမှ ထွက်ပေါ်ခဲ့သည့် လူငယ်လက်ရွေးစင် ကစားသမားတစ်ဦးဖြစ်ပြီး ဧရာဝတီတိုင်း ၊ ဒေးဒရဲမြို့ဇာတိဖွား တစ်ဦးဖြစ်သည်။ ၎င်းသည် ကွင်းလယ်မှ တို-က်စစ်ကို ဖော်ဆောင်ရာတွင် အကောင်းမွန်ဆုံး ပံ့ပိုးပေးနိုင်သူဖြစ်သလို ယခုနှစ် လူငယ်လိဂ်တွင် ရှမ်းယူနိုက်တက်လူငယ်အသင်းနှင့်အတူ အကောင်းဆုံးခြေစွမ်းပြ ကစားထားကာ ပွဲစဉ် (၃)ပွဲတွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071