Looking for something?

Explore the website

Looking for something?

Sunday, May 18, 2025

ဟိုက်ဒရာဘတ်တွင် မီးလောင်၍ လူ ၁၇...

အိန္ဒိယနိုင်ငံ ဟိုက်ဒရာဘတ်မြို့တွင် တနင်္ဂနွေနေ့က အဆောက်အအုံတစ်လုံး ဝါယာရှော့ဖြစ်ကာ မီးလောင်သဖြင့် လူ ၁၇ ဦးထက်မနည်း ‌ေ-သဆုံးခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ဒေသစံတော်ချိန် နံနက်...

မက္ကဆီကိုသင်္ဘောဘရွတ်ကလင်းတံတားဝင်တို-က်၊သင်္ဘောသားနှစ်ဦး ‌ေ-သဆုံး

ကမ္ဘာတစ်ဝန်း ချစ်ကြည်ရေးခရီးသွားနေသည့် မက္ကဆီကို ရေတပ် ရွက်သင်္ဘောတစ်စီးသည် စနေနေ့က နူးယော့ခ်မြို့ရှိ ဘရွတ်ကလင်တံတားကို ဝင်တို-က်မိခဲ့သောကြောင့် ရွက်တိုင်သုံးခု ကျိုးပဲ့ခဲ့ပြီး သင်္ဘောသားနှစ်ဦး ‌ေ-သဆုံးခဲ့ကြောင်း...

အခွန်ဆောင်ထားခြင်းမရှိသည့် ပြည်ပအလုပ်အကိုင် အေဂျင်စီအချို့ကို သတ်မှတ်ရက်အတွင်းအခွန်ဆောင်ရန်အသိပေး

၂၀၂၃ -၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် အခွန်ဆောင်ထားခြင်းမရှိသည့် ပြည်ပအလုပ်အကိုင် အေဂျင်စီအချို့ကို သတ်မှတ်ရက်အတွင်း အခွန်ဆောင်ရန် အလုပ်သမားဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။ ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီများအနေဖြင့် နိုင်ငံအလိုက် အလုပ်သမားစေလွှတ်မှုအပေါ် ပေးဆောင်ရမည့်...

အခမဲ့ဘောလုံးသင်တန်း မန္တလေးတွင် ဒုတိယအကြိမ် ထပ်ဖွင့်မည်

ဘောလုံးဝါသနာပါသည့် လူငယ်များအတွက် မန္တလေးမြို့၌ နွေရာသီအခမဲ့ ဘောလုံးသင်တန်း ဒုတိယ အသုတ်ထပ်ဖွင့်ရန်ရှိကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ထံမှ သိရသည်။ ယခု ဒုတိယအသုတ် သင်တန်းကို မနက်ဖြန် မေ...
HomeMoviesအားလုံးၿပီးသြားတဲ့ အခ်ိန္မွာ တကယ္ကုိ...

အားလုံးပြီးသွားတဲ့ အချိန်မှာ တကယ်ကို ရင်ထဲ ဘာမှမရှိကြတော့ပါဘူး ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)

mg-myo-min-copy

ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)နဲ့ ဇနီးဖြစ်သူ (ပါရမီဖြည့်ဖက်) ဒေါ်သန်းသန်းဌေးတို့ရဲ့ မင်္ဂလာသက်တမ်းဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ၁၁ ရက် နေ့က ၂၉နှစ် တင်းတင်း ပြည့်သွားခဲ့ပြီဖြစ် ပါတယ်။ သာယာပျော်ရွှင်တဲ့မိသားစုရိပ်မြုံလေးကို ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)တို့ ဇနီးမောင်နှံနှစ် ဦးဟာ ၁၉၈၇ ခုနှစ် နိုဝင်ဘာလ၁၁ရက်နေ့မှာ စတင် တည်ဆောက်ခဲ့ကြတာဖြစ်ပါတယ်။

“ဦးမျိုး ဒီရက်တွေမှာ အလုပ်တွေ တအားများ ပါတယ်။ ရုပ်ရှင်ဇာတ်ကားကလည်း စရိုက်ကူးနေပြီ ဆိုတော့ အခုလို ဦးမျိုးတို့မိသားစု ဘဝရဲ့ နေ့ထူး နေ့မြတ်တွေ မှာ  တစ်ခါတလေကျရင် ဘယ်လောက် အထိ ဖြစ်သွားလဲဆိုရင် ကိုယ့်မွေးနေ့မှန်းတောင် ကိုယ်မသိခဲ့တဲ့နှစ်တွေ အများကြီးပဲ။  မနေ့ (နိုဝင် ဘာလ၁ဝရက်)နေ့ ကတော့ ကထိန် သင်္ကန်းလေး သွားကပ်ဖြစ်ခဲ့တယ်။ မှော်ဘီ မှာပေါ့။ မိသားစုတွေ အတူတူ ကပ်ခဲ့ကြတာပေါ့။ ဦးမျိုးရဲ့ အမျိုးသမီးကို  မင်္ဂလာနှစ်ပတ်လည်မှာ အမှတ်တရလက်ဆောင် အဖြစ်ဆိုရင် သမီးလေးတွေကပေးထားပြီးဖြစ် လိမ့် မယ်။ ဘာဖြစ်လို့ သမီးလေးတွေက ပေးထားကြ ပြီး ဖြစ်လိမ့်မလဲဆိုတော့ ဦးမျိုးအကြောင်းကို ဦးမျိုးရဲ့ အမျိုးသမီးကသိထားပြီးသားပါ။ ဦးမျိုးက အဲဒါတွေ ထက် အလုပ်ကို ပိုပြီး ချစ်မြတ်နိုးတယ်ဆိုတာ သူသိ ပါတယ်။ သူတို့ကို အစက တည်းကလည်း ပြောပြ ထားပါတယ်။

သား၊ သမီးနဲ့ ဇနီးတွေကိုလည်း သိပ်ချစ် ပါတယ်။ ဒါပေမဲ့ သူတို့ထက် ချစ်တာ တစ်ခုရှိပါတယ်။ အဲဒါဘာလဲ ဆိုရင် ဦးမျိုးရဲ့ အနုပညာပါပဲ။ ဘယ် လောက် အထိချစ်လဲဆိုရင် လူဆိုတာ ကိုယ့်ကိုယ် ကိုယ် အချစ်ဆုံးလို့ပဲ ရှိတယ်လေ။ ဒါပေမဲ့ ဦးမျိုးက တော့ အနုပညာကို ကိုယ့်ကိုယ်ကိုယ်ထက် ပိုချစ် တယ်လို့ ပြောထားပါ တယ်။ အဲဒီလိုပြောထားတော့ အနုပညာ လုပ်နေရင် ဘာမှကို မသိတော့ဘူးဆိုတာ သူတို့လေးတွေ သိနှင့်ပြီးသားပါ။ ကြားထဲမှာ အား ရက်တွေ ရှိလာရင်တော့ မိသားစုတွေအတူ ပျော်ရွှင် စွာနဲ့ ဖြတ်သန်းကြပါတယ်။ ဦးမျိုးကို အလုပ်တွေ များပြီး ဂရုမစိုက်တာမျိုး ဖြစ်မိတာကိုလည်း သူတို့လေးတွေက ခွင့်လွှတ်ပေးတယ်။ နားလည်ပေး တယ်။ ခွင့်လွှတ်နား လည်ပေးတာကိုက ဦးမျိုးအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ လက်ဆောင်တစ်ခု ဖြစ်ပါတယ်” လို့ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)က ပြော ပြပေးပါတယ်။ ဒါရိုက်တာမောင်မျိုးမင်း(ရင်တွင်း ဖြစ်) နဲ့ ရုပ်ရှင်ဥက္ကဋ္ဌ ဦးလူမင်းတို့အကြား ဖြစ်ပေါ်ခဲ့တဲ့ ကိစ္စရပ်တွေဟာလည်း ၂၉   နှစ်ပြည့် မင်္ဂလာနှစ်ပတ် လည် ရက်မြတ်မတိုင်ခင်မှာ အရာအားလုံးနိတ္ထိတံ သွားခဲ့ပြီ ဖြစ်ပါတယ်။

“ဘယ်လိုမျိုး ကျေအေးမှုရသွားလဲဆိုရင် ဦးမျိုး ရော၊ သူရော နှစ်ဦးစလုံးက တရားဥပဒေလမ်း ကြောင်းအရ အကုန်လုံး ပြင်ဆင်ထားပြီးသားပေါ့။ ကိုယ့်သိက္ခာ အတွက်၊ သူ့သိက္ခာအတွက် လုပ်ထား ကြတာပေါ့။ နှစ်ယောက်စလုံးကလည်း မလျှော့ကြ ဘူးပေါ့။ အဲဒီအချိန်မှာ ဘဘဗိုလ်ကလေးတင့်အောင် က ပြောပါတယ်။ ဘာပြောလဲဆိုတော့ ငါ့အသက် ၉၅နှစ်ရှိပြီတဲ့၊ ငါနောက်ထပ်နေရရင် ၅ နှစ်ပါပဲကွာတဲ့။ ငါမသေခင်မှာ အဲဒါမျိုးကို မမြင်ပါရစေနဲ့၊ မကြားပါရ စေနဲ့တဲ့။ ဘာဖြစ် လို့လဲဆိုရင် ငါတအား စိတ်ဆင်း ရဲလို့ နေလို့မရဘူးတဲ့။ မင်းတို့က တကယ်ဆိုရင် အနုပညာညီအစ်ကိုတွေပါပဲတဲ့။ အဲဒီလို ညီအစ်ကိုတွေဟာ ဘာဖြစ်လို့ ဒီလိုဖြစ်ကြမှာ လဲတဲ့။ အဲဒီလို မလုပ်ကြဖို့ နှစ်ယောက်စလုံးကို ပြောတယ်။ သူ (ရုပ်ရှင်ဥက္ကဋ္ဌ ဦးလူမင်း)က လည်း လုပ်ချင်လို့ လုပ်တာမဟုတ်ဘူး။ သူ့ သိက္ခာ အတွက်ပေါ့။ ဦးမျိုးကလည်း လုပ်ချင်လို့ လုပ်ရတာမဟုတ်ဘူး။ ကိုယ့်သိက္ခာအတွက်ပေါ့။ အဲဒီတော့ အရှိန်ပြင်းတဲ့ကားနှစ်စီး ခေါင်းချင်း ယှဉ်တိုက်သလိုပါပဲ။
တစ်ဖက်လူ နာကျင်မယ်ဆိုရင် ကိုယ်လည်း အတွင်းလူနာ ဖြစ်နေမယ်ဆိုတာ တွက်ထားရမှာ ပေါ့။ နောက်တစ်ခုကတော့ ရုပ်ရှင်အစည်းအရုံးရဲ့ သမိုင်းမှာ အစည်းအရုံးဆိုတာက ရုပ်ရှင်လောက သားတွေ အကျိုးစီးပွားနဲ့ အခွင့်အရေး ကာကွယ် ပေးဖို့လုပ်ထားတာ။ အစည်းအရုံးကိုယ်တိုင်က ပြန်တရားစွဲတယ်ဆိုရင် သမိုင်းရာဇဝင်မှာ ပထမ ဦးဆုံး ဖြစ်သွားလိမ့်မယ်။ နောက်တစ်ခုက ရုပ်ရှင်ကို တိုးတက်ဖွံ့ဖြိုးအောင် ကြိုးစားနေကြတဲ့ အချိန်မှာ ဒါမျိုးဟာ မဖြစ်သင့်ဘူးပေါ့။ အဲဒါနဲ့ ဒီအကြောင်းအရာတွေကို ရှေးရှုပြီးတော့ နှစ်ဦး စလုံးကနေပြီး နာယကကြီးတွေရဲ့သဘော ဆန္ဒအရ ကျေအေးပေးလိုက်ကြတာပါ။ အားလုံး ပြီးသွားတဲ့ အချိန်မှာတကယ်ကိုရင်ထဲမှာ ဘာမှ မရှိကြတော့ပါဘူး။ ခါတိုင်းလိုပဲ သွေးရင်း သားရင်း ညီအစ်ကိုလိုပဲ ပြန်ဖြစ်သွားကြပါပြီ။ တစ်ဦးနဲ့တစ်ဦး ရင်ထဲ မှာ ရှိတဲ့အ ရာတွေကိုရော၊  မကျေနပ်တာတွေကို ရော လူကြီးတွေရဲ့အရှေ့မှာ အကုန်ပြောလိုက် ကြတာ။ အခုစိတ်ထဲမှာ အားလုံးရှင်းသွားကြပြီ။ သူလည်း အရင်အတိုင်း   ပြန်ဖြစ်သွားပါပြီ။ စိတ်ထဲမှာ ဘာမှမရှိကြတော့ ပါဘူး။ တစ်ဦးနဲ့တစ်ဦးလက်ဆွဲနှုတ်ဆက်ပြီး အရင်အတိုင်း ပြန်ဖြစ်သွားပါပြီ” လို့ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)က ပြောပြပေးခဲ့ပါ တယ်။

ထက်လူ

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071