ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်တို့တွင်ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် လာမည့် ၂၄ နာရီအတွင်း ကုန်းတွင်းမုန်တိုင်းငယ်အဖြစ်ရောက်ရှိနိုင်သည်ဟု မိုးဇလက အသိပေးခဲ့သည်။
အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် အနောက်မြောက်ဘက်သို့ရွေ့လျား၍ ကုန်းတွင်းမုန် တိုင်းငယ်အဖြစ်ရောက်ရှိနိုင်ခြင်းဖြစ်သည်ဟု မိုးဇလကအသိပေးခဲ့သည်။
ထိုသို့ ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် မရောက်ရှိမီ လေဖိအားနည်းရပ်ဝန်းအဖြစ် ဘင်္ဂလားပင်လယ် အော်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းရိုးတန်း၊ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်နှင့် ဩရိဿပြည် နယ်မြောက်ပိုင်းကမ်းရိုးတန်းတို့၌ဖြစ်ပေါ်ခဲ့သည်ဟုလည်း မိုးဇလကအသိပေးခဲ့သည်။
