Tuesday, June 3, 2025

ပြည်နယ်အဆင့် မုန်တိုင်းအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေးလေ့ကျင့်မှုပြုလုပ်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ သံလွင်မြစ်အတွင်း ယ‌နေ့ဇွန်လ(၃)ရက် နံနက်ပိုင်း၌ ပြည်နယ်အဆင့် မုန်တိုင်းအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေး လေ့ကျင့်မှုတစ်ခု ပြုလုပ်လျက်ရှိကြောင်း သိရသည်။ အဆိုပါ လေ့ကျင့်မှုကို...

IBEC ကျောင်းတော်ကြီး၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်...

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတောင်ရိုးပေါ်ရှိ အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာ(IBEC)ကျောင်းတော်ကြီး၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပထမဆုံးကျောင်းဖွင့်ရက်ဖြစ်သော ဇွန် ၂ ရက်တွင် တက်ရောက်ပညာသင်ကြားကြမည့် ကျောင်းသား၊ ကျောင်းသူများအား IBEC...

ရက်ကန်းနှင့် အသက်မွေး ပညာသင်တန်းကျောင်း (တောင်ကြီး)...

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှု လုပ်ငန်းရုံးဌာနတွင် ရက်ကန်းနှင့်အသက် မွေးပညာသင်တန်းကျောင်း (တောင်ကြီး) ၌ ၂၀၂၅ ခုနှစ်၊ ပညာသင်နှစ်အတွက် သင်တန်းသားများခေါ်ယူထားကြောင်း...

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂ဝ၂၅-၂ဝ၂၆ ခုနှစ်ပညာသင်နှစ်တွင် ကျောင်းသား၊...

၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ပညာရေးဝန် ကြီးဌာန၏ အခြေခံပညာကျောင်းများအား ဇွန် ၂ ရက်က တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်စတင်ဖွင့်လှစ်ရာ ကျောင်းသား၊ ကျောင်းသူသိန်း(၆၀)ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။ နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ်အသီးသီးရှိ...
HomeNewsLocal Newsအာရှလမ်းမကြီးအားပိတ်ထားဆဲဖြစ်၍ မြဝတီမြို့အခြေစိုက်လူမှုကူညီရေးအသင်းများ နယ်ဝေးလူနာပို့ရန်အခက်အခဲများရှိနေ

အာရှလမ်းမကြီးအားပိတ်ထားဆဲဖြစ်၍ မြဝတီမြို့အခြေစိုက်လူမှုကူညီရေးအသင်းများ နယ်ဝေးလူနာပို့ရန်အခက်အခဲများရှိနေ

ကရင်ပြည်နယ်ရှိ မြဝတီ-ကော့ရိတ်သွားအာရှလမ်းမကြီးအား တိုက်ပွဲဖြစ်ပွားနေမှုကြောင့် ဖြတ် သန်းသွားလာခွင့်ပိတ်ထားဆဲဖြစ်ရာ မြဝတီမြို့အ ခြေစိုက်လူမှုကူညီရေးအသင်းများအနေဖြင့် နယ်ဝေးလူနာပို့ဆောင်ရန်အခက်အခဲများဖြစ်ပေါ်နေကြောင်း သိရသည်။

အာရှလမ်းမကြီးအား ပိတ်ထားဆဲဖြစ်၍ မဖြစ်မနေသွားလာရမည့်သူများသည် ထော့ကော်ကိုးလမ်းကိုသာ အားပြုသွားလာနေရသည်ဟု မြဝတီမြို့အခြေစိုက် လူမှုကူညီရေးအသင်းများမှ သိရသည်။

ယင်း ထော့ကော်ကိုးလမ်းသည် လမ်းညီညာမှုမရှိသည့်အပြင် မြေသားလမ်းဖြစ်၍ ကားကြီးများနှင့်အောက်ပိုင်းမြင့်သည့်ကားများသာသွားလာနိုင်ပြီး ဖြတ်သန်းချိန်တစ်လျှောက်လုံး၌ ဖုန်များစွာရှိသဖြင့် သွားလာမှုအဆင်မပြေကြောင်း သိရသည်။

“အခုဆိုရင် ကျွန်တော်တို့က နယ်ဝေးပို့ရမယ့်လူနာတွေရှိတယ် အာရှလမ်းကလည်းပိတ်ထားတယ် ထော့ကော်ကိုးလမ်းကလည်းမကောင်းတော့ ဘယ်လိုမှမပို့ပေးနိုင်ဘူး မြန်မာပြည်ပြန်ဝင်လာတဲ့လူတွေထဲက ကျန်းမာရေးမကောင်းတဲ့လူတွေဆိုရင်လည်း မြဝတီဆေးရုံမှာပဲထားတယ် တစ်ချို့ဆိုရင် ဆေးရုံမှာသေဆုံးသွားတာတွေရှိတယ်”ဟု မြဝတီမြို့အခြေစိုက်လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

လက်ရှိအချိန်၌ တိုက်ပွဲဖြစ်ပွားမှုများကြောင့် ဖြတ်သန်းသွားလာခွင့်ပိတ်ထားသည့် အာရှလမ်းမကြီးအား ပြန်လည်ဖြတ်သန်းခွင့်ပြုနိုင်ရန် လုံခြုံရေးအဖွဲ့ဝင်များက ဆောင်ရွက်လျက်ရှိကာ မိုင်းခွဲဖျက်ဆီးခံထားရသည့် တောနော်ရေတံခွန်အနီးရှိ ချောင်းကူးတံတားကိုလည်း ပြန်လည်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

“အာရှလမ်းမကြီးကိုလုံခြုံရေးအာမခံချက်ရှိမှပြန်ပြီးဖြတ်သန်းခိုင်းမယ်လို့ကြားတယ် ကြာအုံးမယ်လို့လည်းကြားတယ် အဲဒီအတောအတွင်းမှာ ထော့ကော်ကိုးလမ်းကနေပဲသွားရမှာပေါ့ ကျွန် တော်တို့လူမှုကူညီရေးအသင်းကားတွေကတော့ ထော့ကော်ကိုးလမ်းကနေဘယ်လိုမှသွားလို့မရတဲ့အတွက် တစ်စီးမှမဆင်းနိုင်ဘူး”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

လက်ရှိအချိန်၌ အာရှလမ်းမကြီးအား မြဝတီမြို့သို့သွားမည့်ကားများအား တံတားကျိုးစစ်ဆေးရေးဂိတ်နှင့်မြဝတီမြို့ဘက်မှ ကော့ကရိတ်မြို့ဘက်သို့သွားမည့်ကားများအား သင်္ဃန်းညီနောင်ရှိ အာရှလမ်းသစ်လမ်းဆုံတို့မှစ၍ ဖြတ်သန်းခွင့်ပိတ်ထားသဖြင့် စောင့်ဆိုင်းနေရသည့် ကုန်တင်ကားများ၊ခရီးသည်တင်ကားများနှင့်ကိုယ်ပိုင် ကားများရာချီရှိနေကာ ရောက်ရှိသည့်နေရာ၌ရပ်တန့်၍ ဖြတ်သန်းခွင့်ရမည့်အချိန်အား စောင့်ဆိုင်းလျက်ရှိကြောင်း သိရသည်။

ပုံစာ-ထော့ကော်ကိုးလမ်းတွင် ဖြတ်သန်းသွားလာနေကြသည့် ကားများအားတွေ့ရစဥ်။

Photo-ဘီဝမ်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြည်နယ်အဆင့် မုန်တိုင်းအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေးလေ့ကျင့်မှုပြုလုပ်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ သံလွင်မြစ်အတွင်း ယ‌နေ့ဇွန်လ(၃)ရက် နံနက်ပိုင်း၌ ပြည်နယ်အဆင့် မုန်တိုင်းအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေး လေ့ကျင့်မှုတစ်ခု ပြုလုပ်လျက်ရှိကြောင်း သိရသည်။ အဆိုပါ လေ့ကျင့်မှုကို ကယ်ဆယ်ရေး စက်တပ်လှေ (၁၀)စီးဖြင့် လေ့ကျင့်ပြင် ဆင်နေခြင်းဖြစ်ပြီး၊ မော်လမြိုင်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသတွင်း လူမှုကယ်ဆယ်ရေးအဖွဲ့များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များပူးပေါင်း လေ့ကျင့်ပြင်ဆင်ကြခြင်းဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သော မေ(၂၈)ရက်ကလည်း ချောင်းဆုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်တို့တွင် မုန်တိုင်းအန္တရာယ်နှင့် သဘာဝဘေး အန္တရာယ် ရှာဖွေကယ်ဆယ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

IBEC ကျောင်းတော်ကြီး၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပထမဆုံးကျောင်းဖွင့်ရက်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတောင်ရိုးပေါ်ရှိ အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာ(IBEC)ကျောင်းတော်ကြီး၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပထမဆုံးကျောင်းဖွင့်ရက်ဖြစ်သော ဇွန် ၂ ရက်တွင် တက်ရောက်ပညာသင်ကြားကြမည့် ကျောင်းသား၊ ကျောင်းသူများအား IBEC ဆရာတော်က နွေးထွေးစွာကြိုဆိုနှုတ်ဆက်တော်မူခဲ့သည်။

ရက်ကန်းနှင့် အသက်မွေး ပညာသင်တန်းကျောင်း (တောင်ကြီး) တွင်သင်တန်းသားများခေါ်ယူ

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှု လုပ်ငန်းရုံးဌာနတွင် ရက်ကန်းနှင့်အသက် မွေးပညာသင်တန်းကျောင်း (တောင်ကြီး) ၌ ၂၀၂၅ ခုနှစ်၊ ပညာသင်နှစ်အတွက် သင်တန်းသားများခေါ်ယူထားကြောင်း သိရသည်။ အဆိုပါ သင်တန်းသို့ တက်ရောက်လိုသူများအနေဖြင့် လက်ရက်ကန်းသင်တန်းကာလမှာ ဇူလိုင်လ (၁) ရက်မှ ဒီဇင်ဘာ (၃၁) ရက်အထိ (၆)လ သင်တန်းကာလဖြစ်ပြီး သင်တန်းသားဦးရေမှာ (၁၀) ဦးဖြစ်ကြောင်း ပညာအရည်အချင်းအနေဖြင့် အခြေခံပညာမူလတန်းအောင်မြင်ပြီးသူ ဖြစ်ရမည်ဖြစ်ပြီး အသက် (၁၆) နှစ်မှ (၂၅)နှစ်အတွင်း အိမ်ထောင်မရှိသူ အပျို/လူပျိုဖြစ်ရမည် ဖြစ်သည်။ အဆိုပါ သင်တန်းဝင်ခွင့်အတွက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071