ယနေ့ နိုဝင်ဘာလ (၂၄) ရက် ၊ ညနေ (၄) နာရီ အချိန်တွင် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌ အာရှယူ-၁၇ အမျိုးသားခြေစစ်ပွဲအဖြစ် နီပေါအသင်းနှင့် မြန်မာအသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။
နီပေါအသင်းသည် ခြေစစ်ပွဲအုပ်စုအဖွင့်ပွဲစဉ်၌ ဆီးရီးယားအသင်းကို (၄) ဂိုး (၂) ဂိုးဖြင့် ရှုံးနိမ့်ထားသလို့ မြန်မာအသင်သည် အုပ်စုအဖွင့်ပွဲစဉ်တွင် အာဖဂန်နစ္စတန်အသင်းကို (၃) ဂိုး(၁) ဂိုးဖြင့် အနိုင်ရလဒ်ထွက်ပေါ်ထားသည်။
မြန်မာအသင်းအနေဖြင့် နီပေါအသင်းကို အနိုင်ကစားနိုင်လိမ့်မည်ဟု ခန်းမှန်းထားကြသော်လည်း နီပေါအသင်း၏ စုဖွဲ့ပြင်ဆင်မှုအပေါ် သတိထားကစားရမည့် အခြေအနေဖြစ်သည်။
မြန်မာနိုင်ငံက အိမ်ရှင်အဖြင့် လက်ခံကျင်းပနေသည့် အဆိုပါခြေစစ်ပွဲတွင် မြန်မာ၊ အာဖဂန်နစ္စတန်၊ အိုမန်၊ နီပေါ၊ တရုတ်နှင့် ဆီးရီးယားအသင်းတို့ အုပ်စုပတ်လည်ယှဉ်ပြိုင်ကစားနေကြခြင်းလည်း ဖြစ်သည်။
ပုံစာ – မြန်မာ -အာဖဂန်နစ္စတန်အသင်းတို့ ယှဉ်ပြိုင်နေသည့် မြင်းကွင်းပုံရိပ် (MFF)
