ယနေ့ ဩဂုတ်(၂၈)ရက် ၊ ညနေ(၄)နာရီအချိန်၌ အမျိုးသမီးအာရှချန်ပီယံလိဂ် ဝင်ရောက်ခွင့် ခြေစစ်ပွဲအတွက် အုပ်စုဒု တိယပွဲစဉ်တွင် ISPE အမျိုးသမီးအသင်းက (၈)ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။
ယနေ့ပွဲစဉ်တွင် (၈)ဂိုးသွင်းယူသည့် အနက် (၂)ဂိုးမှာ ပယ်နတီသွင်းဂိုးဖြင့်ရရှိခဲ့ခြင်းဖြစ်ပြီး ပထမပိုင်းတွင် (၄) ဂိုး ဒုတိယပိုင်းတွင် (၄) သွင်းယူခဲ့ခြင်း ဖြစ်သည်။
ISPE အမျိုးသမီးအသင်း၏ သွင်းဂိုးများသည် ဩဂုတ်လ (၃၁) ရက် ဖိလစ်ပိုင်အသင်းနှင့် ကစားရမည့်ပွဲစဉ်အတွက် ရလဒ်ကောင်းများဖြစ်နိုင်သည်ဟု မြန်မာပရိတ်သတ်အကြား ပြောဆိုနေကြသည်။
“သွင်းဂိုး ကွာခြားချက်အပေါ် မူတည်တာပေါ့။ ဒါက မြန်မာအသင်းအတွက် သွင်းဂိုးရသလောက်သွင်းနိုင်လေ ဖိလစ်ပိုင်အသင်းနဲ့ ကစားတဲ့နေရာမှာ ရမှတ်တူနေရင်တောင် သွင်းဂိုးပေါ်မူတည်ပြီး တက်သွားမှာပေါ့”ဟု ဝါရင့် ဘောလုံးဝါ သနာရှင်တစ်ဦးက ထောက်ပြသည်။
ISPE အသင်းသည် ပြိုင်ပွဲအတွက် မြန်မာ့လင်ရွေးစင် တိုက်စစ်မှူး မေထက်လူ၊ စန်းသော်သော်၊ ဖြူဖြူဝင်း၊ ဖြူဖွေးနှင့် ယွန်းဝတီလှိုင်တို့ ကာလတိုစာချုပ်ဖြင့် ခေါ်ယူထားသလို ခင်မာလာထွန်း၊ ဇူးလတ်နဒီ(ဂိုး)၊ လင်းလဲ့ဦး၊ သန်းသန်းနွယ်၊ ရွှေရည်ထွန်းတို့လည်း အသင်းတွင် ပါဝင်လာသည်။
လက်ရှိတွင် ISPE အမျိုးသမီးအသင်းသည် ပေးဂိုးတစ်လုံးမှမရှိဘဲ အုပ်စုထိပ်ဆုံးတွင် ရပ်တည်နေကာ ဖိလစ်ပိုင်ကလပ် Stallion Laguna FC မှာလည်း ရမှတ်တူနေသော်လည်း ဂိုးကွာခြားချက်ဖြင့် အုပ်စုအဆင့် ဒုတိယနေရာတွင်ရပ်တည်နေသည်။
လာမည့် ဩဂုတ် (၃၁) ရက်တွင် ဖိလစ်ပိုင်ကလပ် အသင်းနှင့် ISPE အသင်းတို့ အုပ်စုနောက် ဆုံးပွဲစဉ် ဆက်လက်ယှဉ် ပြိုင်ကစားသွားကြရဦးမည်ဖြစ်သည်။
