ယနေ့ ဩဂုတ် ၁၅ ရက်တွင်ပြုလုပ်သည့် ၂၀၂၅ အာဆီယံအမျိုးသမီး ချန်ပီယံရှစ် ဆီမီးဖိုင်နယ်ပွဲစဉ်အတွက် တက်ဆူရိုယူကီကသတင်း စကားပါးခြင်းဖြစ်သည်။
ဗီယက်နမ်နိုင်ငံတွင် ကျင်းပလျက်ရှိသည့်၂၀၂၅ အာဆီယံ အမျိုးသမီးချန်ပီယံရှစ်ဆီမီးဖိုင်နယ် ပွဲကြိုသတင်းစာရှင်း လင်းပွဲကို ယနေ့ ဩဂုတ် (၁၅) ရက်တွင် ကျင်းပစဉ်ပြောကြားခဲ့ခြင်းဖြစ်သည်။
“ ကျွန်တော်တို့ အသင်းဟာ အုပ်စုတွင်းမှာ ပြိုင်ဘက်ကောင်းတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် ကစားသမား၊ နည်းပြ၊ အုပ်ချုပ်အဖွဲ့ဝင်တွေအားလုံး အတူတကွ ကြိုးစားခဲ့လို့ ရလဒ်ကောင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှု၊ တိုက်ပွဲဝင် စိတ်ဓာတ်ကိုလည်း ကျေနပ်ပါတယ်။ လာမယ့်ပွဲတွေကိုလည်း အကောင်းဆုံး ကြိုးစားသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ကစားသမားတွေဟာ ဆီမီးဖိုင်နယ်မတိုင်မီ နားချိန် (၂)ရက်ပဲ ရတာမို့ ကြံ့ခိုင်မှု အပြည့်အဝရဖို့လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ကျွန်တော် ပြောခဲ့သလိုပဲ အာရုံစူးစိုက်မှု အပြည့်နဲ့ တစ်ပွဲချင်းအလိုက် ပြင်ဆင်သွားမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။
မြန်မာအမျိုးသမီးအသင်းခေါင်းဆောင် ခင်မာလာထွန်းကလည်း “အုပ်စုပွဲစဉ်တွေမှာ ရလဒ်ကောင်းခဲ့တာက အာရုံစူးစိုက်မှုအပြည့်နဲ့ ကစားခဲ့တာကြောင့်ဖြစ်ပါတယ် အသင်းကောင်းတွေနဲ့ ဆုံခဲ့ရပေမယ့် အားလုံးကြိုးစားခဲ့လို့ ဆီမီးအဆင့်ကို တက်ရောက်ခဲ့တာဖြစ်ပါတယ်။ လာမယ့်ပွဲစဉ်တွေမှာလည်း ရလဒ်ကောင်းယူနိုင်ဖို့ စည်းစည်းလုံးလုံးနဲ့ အကောင်းဆုံး ကြိုးစားသွားပါမယ်”ဟု ပြောကြားခဲ့သည်။
မနက်ဖြန် ဩဂုတ် (၁၆) ရက်တွင် မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းမှာ ထိုင်းလက်ရွေးစင် အမျိုးသမီးအသင်းဖြင့် ဆီမီးဖိုင်နယ်ပွဲစဉ် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
