အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်း ဟီရတ်ပြည်နယ်တွင် အင်္ဂါနေ့ညပိုင်းက ယာဉ်တို-က်မှုဖြစ်ပွား၍ ကလေး ၁၇ ဦး အပါအဝင် လူ ၇၆ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ကဘူးလ်သို့ နယ်နှင်ခံရသည့် ရွှေ့ပြောင်းနေထိုင်သူများကို တင်ဆောင်လာသော ဘတ်စ်သည် ထရပ်နှင့် ဆိုင်ကယ်ကို ဝင်တို-က်မိခဲ့ပြီးနောက် မီးလေ-ာင်သွားခဲ့သည်ဟု အစိုးရတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
“ဒီမတော်တဆမှုမှာ နိုင်ငံသား ၇၆ ဦး အသက်ဆုံးရှုံးခဲ့ရပြီး သုံးဦးဟာ ဒဏ်ရာအပြင်းအထန်ရခဲ့ပါတယ်” ဟု ဟီရတ်ပြည်နယ်အစိုးရပြောရေးဆိုခွင့်ရှိသူ မိုဟာမက် ယူဆွတ်ဆက်ဒီက သတင်းထုတ်ပြန်ပြောဆိုခဲ့သည်။
ေ-သဆုံးခဲ့သူများကို စစ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းနှင့် သေဆုံးခဲ့သူများတွင် ကလေးတစ်ဒါဇင်ကျော်ပါဝင်ကြောင်း စစ်တပ်က သတင်းထုတ်ပြန်ပြောကြားခဲ့သည်။
ရုပ်အလေ-ာင်းအများအပြားသည် မမှတ်မိနိုင်လောက်အောင် ရုပ်ပျက်ဆင်းပျက်ဖြစ်သွားခဲ့သည်ဟု Al-Farooq Army Corps ဆေးရုံ အကြီးအကဲ မိုဟာမက် ဂျာနန်မိုကာဒက်စ်က ပြောကြားခဲ့သည်။
ဘတ်စ်ကားသည် လောင်စာဆီတင်လာသော ထရပ်ကားနှင့် မော်တော်ဆိုင်ကယ်တစ်စီးကို တိုက်မိရာမှ မီးလောင်ခဲ့ခြင်းဖြစ်သည်ဟု အခင်းဖြစ်ပွားရာ ဂူဇာရာခရိုင်ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
အဆိုပါ ဘတ်စ်သည် မကြာခင်က အီရန်နိုင်ငံမှ ပြန်ရောက်လာသော အာဖဂန်နိုင်ငံသားများကို မြို့တော်ကဘူးလ်သို့ ပို့ဆောင်ပေးနေခြင်းဖြစ်သည်ဟု ဆက်ဒီက အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့သည်။
ယခုနှစ်အစောပိုင်းမှစ၍ အီရန်နှင့် ပါကစ္စတန်နိုင်ငံတို့မှ ပြန်လည်ရောက်ရှိလာသော အာဖဂန်နိုင်ငံသား အရေအတွက်သည် ၁ ဒဿမ ၅ သန်းထက်မနည်းရှိနေပြီဖြစ်ပြီး ယင်းနှစ်နိုင်ငံသည် ဆယ်စုနှစ် နှင့် ချီ၍လက်ခံထားသော အာဖဂန်ပြည်သူများကို နှင်ထုတ်ရန်လုပ်ဆောင်လျက်ရှိနေသည်ဟု ကုလသမဂ္ဂရွှေ့ပြောင်းနေထိုင်သူများအေဂျင်စီက ပြောကြားခဲ့သည်။
Ref: ဘန်ကောက်ပို့စ်
