အာဖဂန်နစ္စတန်ရှိ တာလီဘန်အစိုးရသည် ဖိုင်ဘာအော့ပ်တစ် အင်တာနက်လိုင်းများကို ဖြ-တ်တေ-ာက်ပြီးနောက် ရက်သတ္တပတ်များအကြာတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆက်သွယ်ရေးစနစ် ရပ်ဆိုင်းသွားပြီဖြစ်သည်။
အင်တာနက်စောင့်ကြည့်ရေးအဖွဲ့ Netblocks ၏ အစီရင်ခံစာအရ နိုင်ငံသည် လက်ရှိတွင် “အင်တာနက်လုံးဝပြ-တ်တေ-ာက်မှု” ကို ကြုံတွေ့နေရပါသည်။
အပြည်ပြည်ဆိုင်ရာ သတင်းအေဂျင်စီများက မြို့တော် ကာဘူးလ်ရှိ ၎င်းတို့၏ ရုံးများနှင့် အဆက်အသွယ်ပြ-တ်တေ-ာက်သွားကြောင်း ပြောကြားသည်။ မိုဘိုင်းအင်တာနက်နှင့် ဂြိုဟ်တုရုပ်မြင်သံကြားများလည်း အာဖဂန်နစ္စတန်တစ်ဝန်းလုံးတွင် သုံး၍မရတော့ချေ။
တာလီဘန်တို့က ယခုကဲ့သို့ အင်တာနက်ရပ်ဆိုင်းလိုက်ရခြင်းအတွက် တရားဝင်အကြောင်းပြချက်ကို မပေးသေးပါ။
ဤအင်တာနက်ပြ-တ်တေ-ာက်မှုသည် တာလီဘန်တို့ အာဏာပြန်ရပြီးနောက်ပိုင်း ချမှတ်ခဲ့သည့် ကန့်သ-တ်ချက်များစွာထဲမှ နောက်ဆုံးပေါ်လာသည့် ကန့်သ-တ်ချက်ဖြစ်သည်။
အမေရိကန်နှင့် အခြားနိုင်ငံတကာတပ်ဖွဲ့များ ရုပ်သိမ်းပြီးနောက် ရက်သတ္တပတ်များအကြာ ၂၀၂၁ ခုနှစ်တွင် တာလီဘန်တို့သည် လျင်မြန်စွာချီတက်မှုဖြင့် အာဖဂန်နစ္စတန်ကို ထိန်းချုပ်မှုပြန်လည်ရယူခဲ့ခြင်း ဖြစ်သည်။
Ref: BBC
