မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ် ကျေးမှုနယ်မြေရှိ အာနန္ဒာမြတ်စွာဘုရားကြီး၏ ကွမ်းတောင်တော်ကြီးနှင့် အရံစေတီ(၄)ဆူကို ရွှေသင်္ကန်း ကပ်လှူပြီး၍ ယနေ့ မေ ၂၉ ရက်နံနက်ပိုင်းတွင် ဗုဒ္ဓဘိသေကအနေကဇာတင်လှူပူဇော်ခဲ့ကြောင်း သိရသည်။
နိုင်ငံတော်ဩဝါဒစရိယ မန္တလေးမြို့၊ မြတောင်ကျောင်းတိုက် အဓိပတိမဟာနာယကသာယာဝင်းကျောင်း ဆရာတော်နှင့် ကြွရောက်တော်မူလာကြသည့် ဆရာတော်၊ သံဃာတော်များက အနေကဇာတင်လှူခဲ့ကြကြောင်း သိရသည်။
ထို့နောက် အောင်ပွဲမင်္ဂလာကိုဆင်ယင်ကျင်းပပြီး ဆ ရာတော်၊ သံဃာတော်(၄၅)ပါးအား ဆွမ်းသပိတ်လုံးများလောင်းလှူခဲ့ကြကြောင်း သိရသည်။
