စစ်တပ်ကအာဏာသိမ်းနိုင်ခြေနှင့် ပတ်သက်၍ သုံးသပ်ပြောဆိုနေကြစဉ် ဒီမိုကရေစီနှင့် နိုင်ငံတော် အချုပ်အခြာအာဏာအတွက် ၎င်း၏ကတိကဝတ်ကို ထိုင်းစစ်တပ် အကြီးအကဲက ထပ်လေ-ာင်းအတည်ပြုခဲ့ပြီး ထိုင်းနိုင်ငံသားများအနေဖြင့် စည်းလုံးညီညွတ်ကြရန် တို-က်တွန်းလိုက်သည်။
နိုင်ငံတော် လုံခြုံရေးနှင့် ပတ်သက်၍ ကြာသပတေးနေ့တွင် ဘန်ကောက်ရှိ ထိုင်းဘုရင့်တပ်မတော်ဌာနချုပ်၌ စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဝင်ထိုင်း ဆူဗာရီးက ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
အွန်လိုင်းနှင့် မီဒီယာများ၌ အများက ထင်မြင်ယူဆချက်များနှင့် သတင်းအချက်အလက်များ ပျံ့နှံ့နေမှုကြောင့် ယင်းကဲ့သို့ သတင်းထုတ်ပြန်ခဲ့ရခြင်းဖြစ်သည်ဟု ၎င်းက ပြောဆိုသည်။
ထိုင်းနိုင်ငံတွင် ဆက်လက်ဖြစ်ပေါ်နေသော အခြေအနေများအပေါ် စိုးရိမ်မိသည်ဟု စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး Pana Klaewplodthuk က ထုတ်ဖော်ပြောဆိုသည်ဟု ဗိုလ်ချုပ်ဝင်ထိုင်းက ဆက်လက်ပြောဆိုခဲ့သည်။
မကြာသေးမီက ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တွင် တင်းမာမှုများနှင့် နိုင်ငံရေး မငြိမ်သက်မှုများ ကြီးမားလာခြင်းက စစ်တပ်အာဏာသိမ်းမည်ကိုပိုမို စိုးရိမ်စေခဲ့သည်။ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းနှင့် ဖုန်းပြောဆိုခဲ့သည့် အသံဖိုင်ပေါက်ကြားခဲ့မှုအတွက် ကြာသပတေးနေ့တွင် ထိုင်းဝန်ကြီးချုပ် ပေတုံတန်ရှင်နာဝပ်ထရာက တောင်းပန်ခဲ့သည်။ စကားပြန်မှတဆင့် ဖုန်းပြောဆိုခဲ့ကြရာ၌ ဒေသဆိုင်ရာ ထိုင်းတပ်မှူးတစ်ဦးကို သဘောထားကွဲလွဲသူအဖြစ် သူကသုံးနှုန်းပြောဆိုထားခဲ့သည်။
စစ်တပ်အပေါ် ပြည်သူများ ယုံကြည်ကြရန် ဗိုလ်ချုပ်ကြီး Pana က တို-က်တွန်းခဲ့ပြီး နိုင်ငံတော် ဥသျှောင်ဘုရင်မင်းမြတ်နှင့် တိုင်းပြည်၏ ဒီမိုကရေစီအပေါ် စစ်တပ်၏ ကတိကဝတ်ကို ထပ်လေ-ာင်းအတည်ပြုခဲ့သည်။
လက်ရှိ ယန္တရားများအတွင်းမှ တိုင်းပြည်၏ အချုပ်အခြာအာဏာကို ကာကွယ်သွားရန် စစ်တပ်က အသင့်ရှိနေဆဲဖြစ်ကြောင်း ၎င်းက အခိုင်အမာပြောကြားခဲ့သည်။
လတ်တလော ပထဝီနိုင်ငံရေးအခြေအနေများကို ထည့်သွင်းစဉ်းစား၍ အန္တရာယ်ရှိသော အရာများ၏ရန်မှ တိုင်းပြည်ကို ကာကွယ်ရာတွင် ထိုင်းနိုင်ငံသားများ စည်းလုံးညီညွတ်စွာ နေထိုင်ရေးကို အဓိကဦးစားပေးသွားမည်ဟု ၎င်းကဆက်လက် ပြောကြားခဲ့သည်။
Ref: ဘန်ကောက်ပို့စ်