Wednesday, June 18, 2025

မကွေးဆေးရုံကြီးတွင်ကိုဗစ်လူနာတစ်ဦးအသက်ဆုံး

ကိုဗစ်ဖြင့်ကွယ်လွန်သွားသူသည်မကွေးတိုင်း၊တောင်တွင်းကြီးမြို့၊ ရွှေအိုး(၁)ရပ်ကွက်၌နေထိုင်သည့် အသက် ၃၁နှစ်အရွယ်အမျိုးသားဖြစ်သည်။ သူသည်မကွေးမြို့ဆေးရုံကြီး၌တက်ရောက်ကုသနေစဉ် ဇွန်လ(၁၇)ရက်က​ေ-သဆုံးသွားကြောင်းမကွေးမြို့ မြေပြင်လူမှုကယ်ဆယ်ရေးအသင်းထံမှလည်း သိရသည်။ ​ေ-သဆုံးသွားသည့်ကိုဗစ်လူနာကိုမြေပြင်လူမှုကယ်ဆယ်ရေးအသင်းကစနစ်တကျထုပ်ပိုးပြီး ဇွန်လ ၁၈ ရက်ကမကွေးမြို့၊ချမ်းမြေ့သာယာသုသာန်ကိုကူညီပို့ဆောင်ပေးခဲ့သည်ဟူလည်းသိရသည်။ မြန်မာနိုင်ငံ၌ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာသစ်(၅၂)ဦးကိုထပ်မံစစ်ဆေးတွေ့ရှိခဲ့သည်ဟု ဇွန် ၁၆...

မြန်မာ-တရုတ်နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုရလဒ်သစ်များစဥ်ဆက်မပြတ်ရရှိနေ

မြန်မာ-တရုတ်နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုရလဒ်သစ်များစဥ်ဆက်မပြတ်ရရှိနေသည်ဟုမြန်မာနိုင်ငံဆိုင်ရာတရုတ်နိုင်ငံသံရုံး၏သံအမတ်ကြီးကဇာတ်လမ်းပုံပြင်များစုစည်းမှုစာအုပ်မိတ်ဆက်ခြင်းအခမ်းအနား၌ပြောကြားခဲ့သည်။ မြန်မာ-တရုတ်နှစ်နိုင်ငံ၏အဓိကအကျိုးစီးပွားများနှင့်အရေးကြီးသောကိစ္စရပ်များကိုအချင်းချင်းအခိုင်အမာထောက်ခံ၍စီးပွားရေး၊ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှု၊အခြေခံအဆောက်အအုံ၊လျှပ်စစ်နဲ့ စွမ်းအင်၊ ပြည်သူအကျိုးပြုဖွံ့ဖြိုးတိုးတက်မှုနှင့်လူမှုရေး၊ယဉ်ကျေးမှုဖလှယ်ရေးနယ်ပယ်များစွာတွင် ပူးပေါင်းဆောင်ရွက်မှုရလဒ်သစ်များစဉ်ဆက်မပြတ်ရရှိခဲ့သည်ဟုပြောသည်။ ထို့ပြင်အွန်လိုင်းလောင်းကစားနှင့်လိမ်လည်မှုကဲ့သို့သောနယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများကိုလည်း ပူးပေါင်းတိုက်ဖျက်ခဲ့ကြကာနှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်ပြီး၇၅နှစ်တာကာလအတွင်း COVID(19)ရောဂါအားလက်တွဲပူးပေါင်းပြီးတိုက်ဖျက်ခဲ့ပြီးသဘာဝဘေးအန္တရာယ်များကိုလည်း တက်ညီလက်ညီကျော်လွှားနိုင်ခဲ့ကြသည်ဟုပြောသည်။ " နှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်ပြီး၇၅ နှစ်တာကာလမှာအေးအတူပူအမျှလက်တွဲရပ်တည်ဖို့ဆိုတာမလွယ်ဘူးလို့ အားလုံးခံစားရပြီးနှစ်နိုင်ငံဆက်ဆံရေး၊ကျန်းမာတည်ငြိမ်ပြီး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် စိတ်အားနဲ့ဖြစ်ဖြစ်လူအားနဲ့ဖြစ်ဖြစ်အားထုတ်ကြိုးပမ်းနေကြပါတယ်"ဟုတရုတ်သံအမတ်ကြီးက ပြောသည်။ ထို့ပြင်တရုတ်နိုင်ငံသမ္မတရှီကျင့်ဖျင်မှလည်းမြန်မာနိုင်ငံနှင့်အတူလက်တွဲကြိုးစား၍နှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်ခြင်း၇၅...

၅ စင်းမြောက် အစ္စရေး F-35...

အီရန်လေကြောင်းရန်ကာကွယ်ရေးစနစ်များသည် တီဟီရန်မြို့တောင်ဘက်ရှိ ဗာရာမင်မြို့ပေါ်တွင် အစ္စရေး F-35 တိုက်လေယာဉ်တစ်စင်းကို ပစ်ချခဲ့ကြောင်း IRNA သတင်းအေဂျင်စီက မြို့နယ်အာဏာပိုင်ကိုယ်စားလှယ်တစ်ဦးကို ကိုးကား၍ ဖော်ပြခဲ့သည်။ "စစ်တပ်လေကြောင်းရန်ကာကွယ်ရေးစနစ်တွေက ဗာရာမင်မြို့နယ်ခရိုင်၊...

တရုတ် နှင့် မြန်မာ ပိုမိုကောင်းမွန်သည့်...

သံအမတ်၏နှလုံးသားထဲတွင် မြန်မာနှင့်ပတ်သက်၍ နှစ်၃၀ အမြစ်တွယ်နေသော ခံစားချက် ဖွင့်ဟ တရုတ်နှင့် မြန်မာ နှစ်နိုင်ငံအကြား ပိုမိုကောင်းမွန်သည့် အ နာဂတ်ကို လက်တွဲချီတက်မည်ဟု တရုတ်သံအမတ်ကြီး...
HomeNewsLocal Newsအာဇာနည်နေ့အတွက် အထူးပြခန်း ပြုလုပ်နိုင်ရန်...

အာဇာနည်နေ့အတွက် အထူးပြခန်း ပြုလုပ်နိုင်ရန် ဗိုလ်ချုပ်ပြတို-က်ကို ယာယီပိ-တ်ထားမည်

(၇၈)နှစ်မြောက် ကျရောက်မည့် အာဇာနည်နေ့ အထိမ်းအမှတ်အထူးပြခန်း ပြသရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်မည် ဖြစ်သည့်အတွက် ဗိုလ်ချုပ်အောင်ဆန်း ပြတိုက် (ရန်ကုန်)ကို ယာယီပိတ်ထားမည် ဖြစ်သည်။

ဇွန်လ(၁၇)ရက်မှ ဇူလိုင်(၁၈)ရက်အထိ ခေတ္တပိ-တ်ထားမည်ဖြစ်ကာ ဇူလိုင်လ(၁၉) ရက်၊ အာဇာနည်နေ့တွင် အများပြည်သူ ဝင်ရောက်လေ့လာနိုင်ရန် အခမဲ့ဖွင့်လှစ်ပေးထားမည်ဟု သိရသည်။

ဗိုလ်ချုပ်အောင်ဆန်း ပြတို-က်သည် ဗိုလ်ချုပ်အောင်ဆန်း နေထိုင်ခဲ့သော နေအိမ်ကို ပြတို-က်အဖြစ် ခင်းကျင်းပြသထားခြင်းဖြစ်ပြီး အမှတ်(၂၅)၊ ဗိုလ်ချုပ်ပြတိုက်လမ်း(ယခင်တာဝါလိန်းလမ်း)၊ ဗိုလ်ချို(၁)ရပ်ကွက်၊ ဗဟန်းမြို့နယ်တွင် တည်ရှိသည်။

ဗိုလ်ချုပ်အောင်ဆန်းသည် မိသားစုနှင့်အတူ ယင်းအိမ်တွင် ၁၉၄၅ ခုနှစ်၊ မေလမှ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ လုပ်ကြံခံရသည့်နေ့အထိ နေထိုင်ခဲ့ခြင်းဖြစ်ပြီး နတ်မောက်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်တွင်လည်း ဗိုလ်ချုပ်အောင်ဆန်း၏ ငယ်စဉ်ဘဝပုံရိပ်များကို ပြသထားကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မကွေးဆေးရုံကြီးတွင်ကိုဗစ်လူနာတစ်ဦးအသက်ဆုံး

ကိုဗစ်ဖြင့်ကွယ်လွန်သွားသူသည်မကွေးတိုင်း၊တောင်တွင်းကြီးမြို့၊ ရွှေအိုး(၁)ရပ်ကွက်၌နေထိုင်သည့် အသက် ၃၁နှစ်အရွယ်အမျိုးသားဖြစ်သည်။ သူသည်မကွေးမြို့ဆေးရုံကြီး၌တက်ရောက်ကုသနေစဉ် ဇွန်လ(၁၇)ရက်က​ေ-သဆုံးသွားကြောင်းမကွေးမြို့ မြေပြင်လူမှုကယ်ဆယ်ရေးအသင်းထံမှလည်း သိရသည်။ ​ေ-သဆုံးသွားသည့်ကိုဗစ်လူနာကိုမြေပြင်လူမှုကယ်ဆယ်ရေးအသင်းကစနစ်တကျထုပ်ပိုးပြီး ဇွန်လ ၁၈ ရက်ကမကွေးမြို့၊ချမ်းမြေ့သာယာသုသာန်ကိုကူညီပို့ဆောင်ပေးခဲ့သည်ဟူလည်းသိရသည်။ မြန်မာနိုင်ငံ၌ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာသစ်(၅၂)ဦးကိုထပ်မံစစ်ဆေးတွေ့ရှိခဲ့သည်ဟု ဇွန် ၁၆ ရက်ညပိုင်းကကျန်းမာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာန (Myanmar CDC)က အသိပေးခဲ့သည်။ ကျန်းမာရေးဝန်ကြီးဌာနမှဇွန် ၈ ရက်ည ၈ နာရီမှ ဇွန် ၁၅ ရက်ည၈ နာရီအထိဓာတ်ခွဲနမူနာ(၂,၂၈၅) ခုကိုစစ်ဆေးခဲ့ရာမှ ကိုဗစ်-၁၉ရောဂါအတည်ပြုလူနာသစ်(၅၂)ဦးကို ထပ်မံစစ်ဆေးတွေ့ရှိခဲ့ရခြင်းဖြစ်သည်။ ထို့ပြင်လတ်တလောအချိန်၌ မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွား‌ေ-သဆုံးမှုနှင့်ပတ်သက်၍ စိုးရိမ်ဖွယ်ရာအခြေအနေမရှိသော်လည်းရောဂါဖြစ်ပွားမှုမှကြိုတင်ကာကွယ်နိုင်ရန် တစ်ကိုယ်ရည်ကာကွယ်ရေးနည်းလမ်းများကို လိုက်နာဆောင်ရွက်ရန်လိုအပ်သည်ဟု အသိပေးခဲ့သည်။ ထို့အတူရောဂါကူးစက်ခံရပါက ရောဂါပြင်းထန်နိုင်ခြေနှင့် အသက်ဆုံးရှုံးနိုင်ခြေမြင့်မားသော အသက်အရွယ်ကြီးသူများ၊...

မြန်မာ-တရုတ်နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုရလဒ်သစ်များစဥ်ဆက်မပြတ်ရရှိနေ

မြန်မာ-တရုတ်နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုရလဒ်သစ်များစဥ်ဆက်မပြတ်ရရှိနေသည်ဟုမြန်မာနိုင်ငံဆိုင်ရာတရုတ်နိုင်ငံသံရုံး၏သံအမတ်ကြီးကဇာတ်လမ်းပုံပြင်များစုစည်းမှုစာအုပ်မိတ်ဆက်ခြင်းအခမ်းအနား၌ပြောကြားခဲ့သည်။ မြန်မာ-တရုတ်နှစ်နိုင်ငံ၏အဓိကအကျိုးစီးပွားများနှင့်အရေးကြီးသောကိစ္စရပ်များကိုအချင်းချင်းအခိုင်အမာထောက်ခံ၍စီးပွားရေး၊ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှု၊အခြေခံအဆောက်အအုံ၊လျှပ်စစ်နဲ့ စွမ်းအင်၊ ပြည်သူအကျိုးပြုဖွံ့ဖြိုးတိုးတက်မှုနှင့်လူမှုရေး၊ယဉ်ကျေးမှုဖလှယ်ရေးနယ်ပယ်များစွာတွင် ပူးပေါင်းဆောင်ရွက်မှုရလဒ်သစ်များစဉ်ဆက်မပြတ်ရရှိခဲ့သည်ဟုပြောသည်။ ထို့ပြင်အွန်လိုင်းလောင်းကစားနှင့်လိမ်လည်မှုကဲ့သို့သောနယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများကိုလည်း ပူးပေါင်းတိုက်ဖျက်ခဲ့ကြကာနှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်ပြီး၇၅နှစ်တာကာလအတွင်း COVID(19)ရောဂါအားလက်တွဲပူးပေါင်းပြီးတိုက်ဖျက်ခဲ့ပြီးသဘာဝဘေးအန္တရာယ်များကိုလည်း တက်ညီလက်ညီကျော်လွှားနိုင်ခဲ့ကြသည်ဟုပြောသည်။ " နှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်ပြီး၇၅ နှစ်တာကာလမှာအေးအတူပူအမျှလက်တွဲရပ်တည်ဖို့ဆိုတာမလွယ်ဘူးလို့ အားလုံးခံစားရပြီးနှစ်နိုင်ငံဆက်ဆံရေး၊ကျန်းမာတည်ငြိမ်ပြီး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် စိတ်အားနဲ့ဖြစ်ဖြစ်လူအားနဲ့ဖြစ်ဖြစ်အားထုတ်ကြိုးပမ်းနေကြပါတယ်"ဟုတရုတ်သံအမတ်ကြီးက ပြောသည်။ ထို့ပြင်တရုတ်နိုင်ငံသမ္မတရှီကျင့်ဖျင်မှလည်းမြန်မာနိုင်ငံနှင့်အတူလက်တွဲကြိုးစား၍နှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်ခြင်း၇၅ နှစ်မြောက်အထိမ်းအမှတ်ကိုသော့ချက်အဖြစ် “Belt and Road”ပူးပေါင်းဆောင်ရွက်မှုကိုအရည်အသွေးမြင့်ဖြင့်အရှိန်မြှင့်တင်ဆောင်ရွက်ပြီးကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအစီအမံ(GDl)၊ ကမ္ဘာလုံးဆိုင် ရာလုံခြုံရေးအစီအမံ(GSI)၊ ကမ္ဘာလုံးဆိုင်ရာ လူ သားယဉ်ကျေးမှုအစီအမံ(GCI)ကိုအတူအကောင်ထည်ဖော်ကာတရုတ်မြန်မာအေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်ခြင်းအား ပိုမိုနက်ရှိုင်းစွာ၊လက်တွေ့ကျစွာတိုးမြှင့်လုပ်ဆောင်ပြီးနှစ်နိုင်ငံပြည်သူများအတွက် အကျိုးပြုမှုများပိုမိုဆောင်ကြဉ်းပေးသွားရန်ဆန္ဒရှိကြောင်း အလေးပေးပြောကြားခဲ့သည်ဟုလည်း တရုတ်သံအမတ်ကြီးကပြောကြားခဲ့သည်။ ထို့အတူမြန်မာနိုင်ငံစားနပ်ရိက္ခာဖူလုံရေးအတွက်တရုတ်စိုက်ပျိုးရေးပညာရှင်များမှမြန်မာနိုင်ငံတွင်စပ်မျိုးနည်းပညာများကိုတက်သိသမျှအကုန်သင်ကြားပေးခဲ့ကာမြန်မာနိုင်ငံမှလတ်ဆက်သောရေ ထွက်ကုန်များ၊သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက်များကိုအရည်သွေးမြင့်သောအအေးခန်းထောက်ပံ့ပို့ဆောင်မှုမှတစ်ဆင့်တရုတ်လူမျိုးများ၏ ထမင်းစားပွဲများသို့ တိုက်ရိုက်ပို့ဆောင်ပေးနေသည်ဟုလည်းတရုတ်သံအမတ်ကြီးက ပြောကြားခဲ့သည်။

၅ စင်းမြောက် အစ္စရေး F-35 လေယာဉ် အီရန်ပစ်ချ

အီရန်လေကြောင်းရန်ကာကွယ်ရေးစနစ်များသည် တီဟီရန်မြို့တောင်ဘက်ရှိ ဗာရာမင်မြို့ပေါ်တွင် အစ္စရေး F-35 တိုက်လေယာဉ်တစ်စင်းကို ပစ်ချခဲ့ကြောင်း IRNA သတင်းအေဂျင်စီက မြို့နယ်အာဏာပိုင်ကိုယ်စားလှယ်တစ်ဦးကို ကိုးကား၍ ဖော်ပြခဲ့သည်။ "စစ်တပ်လေကြောင်းရန်ကာကွယ်ရေးစနစ်တွေက ဗာရာမင်မြို့နယ်ခရိုင်၊ ဂျာဗတ်အာဘတ်ဒ်ဒေသမှာ ဇီယွန်ဝါဒီအစိုးရရဲ့ ရန်သူ့ F-35 တိုက်လေယာဉ်တစ်စင်းကို ပစ်ချရှင်းလင်းလိုက်ပါပြီ" ဟု ၎င်းက ပြောကြားခဲ့ကြောင်း သတင်းအေဂျင်စီက ကိုးကားဖော်ပြသည်။ ဤ F-35 တိုက်လေယာဉ်သည် ဇွန်လ ၁၃ ရက်နေ့ အီရန်-အစ္စရေး ပဋိပက္ခ စတင်ကတည်းက ယနေ့အထိအီရန်ဖက်မှပစ်ချခဲ့သည့် ပဉ္စမမြောက် အစ္စရေးတိုက်လေယာဉ် ဖြစ်သည်။ ILNA သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ ဗာရာမင်မြို့ပေါ်တွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071